Pages

Saturday, March 26, 2011

ရေနွေးကြမ်းနဲ့ လ္ဘက်သုပ်


 ကိုယ်တိုင်သုပ် ရေနွေးကြမ်းနဲ့ လ္ဘက်သုပ်
လ္ဘက်ခြောက် အကြောင်းလေး ရေးပြီးတော့ လာလည်တဲ့ ညီအစ်ကို မောင်နှမတွေ အတွက် လ္ဘက်သုပ် လေးပါတင်ပေးလိုက်ပါတယ်။ ရေနွေးတိုက်ပြီး အမြည်းမကျွေးရင် ဧည့်ဝတ်မကျေမှာ စိုးလို့ပါဗျာ။ ရှားရှားပါးပါး ရတဲ့ လ္ဘက်လေးကို ရှိတာလေးတွေနဲ့ ရောပြီးသုပ်စားလိုက်တာလေးပါ။ လ္ဘက်အစုံသုပ်လို့ ပြောလို့လည်းရပါတယ်။ လ္ဘက်ကို မေ့သလောက် ဖြစ်နေပါပြီ။ အခုဟာလေးကတော့ အသိတစ်ယောက် ကလက်ဆောင်ပေးလို့ လာလည်တဲ့ ဧည့်သည်တွေကိုလည်း သုပ်ပြီးသားလေး မျှဝေစားတာပါ။ လ္ဘက်ခြောက်အကြောင်း ရေးထားတာလေးလဲ ရှိတော့ အဆင်ပြေသွားတယ်။ စာဖတ်ရင်း ရေနွေးလေးသောက် လ္ဘက်သုပ်လေးပါ သုံးဆောင်သွားပါအုံးဗျာ.....

ပါဝင်တာတွေကတော့- ခရမ်းချဉ်သီး၊ လ္ဘက်အနည်းငယ်၊ နှစ်ပြန်ကြော်အနည်းငယ်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပန်းဂေါ်ဖီ၊ ဆားနဲ့ ဆီ စတာလေးတွေပဲ ပါပါတယ်။ သိပ်မများပါဘူး...... :P
 

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ....

1 comment:

  1. (ကျတ် ကျတ် ကျတ် ...) ၀ါးသွားပါတယ်ဗျို့...ကောင်းမှကောင်း...
    ရေနွေးကြမ်းကိုလည်း ရွှီးခနဲ...မြည်အောင် သောက်လိုက်ပါတယ်...လ္ဘက်ခြောက်နံ့လေးလည်း မွှေးလို့နေပါလား...ထပ်ခါထပ်ခါ သောက်ချင်စရာပဲ...ကျေးဇူးနော်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

    ReplyDelete