ဒီဇင်ဘာလ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိမနီလာမြို့ကနေ၈နာရီခန့်ကားစီးရတဲ့တောင်ပေါ်
မြို့လေးကိုအလည်သွားခဲ့ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပေငါးထောင်ကျော်မှာတည်
ရှိတဲ့မြို့လေးဖြစ်တာကြောင့်ရာသီဥတုကလည်းအေးချမ်းလှပါတယ်။မြန်မာပြည်ကပြင်ဦးလွင်လို
ပါပဲ။မြို့အနေအထားကတော့ပြင်ဦးလွင်ထက်လူနေထူထပ်ပြီးအိမ်တွေကတောင်စောင်းတွေမှာ
ဆောက်လုပ်ထားပါတယ်။အကွေ့အကောက်တွေများတဲ့လမ်းတွေနဲ့တောင်စဉ်တောင်တန်းတစ်
လျှောက်ဆောက်လုပ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ဆောက်လုပ်ထားတဲ့အိမ်တွေကိုကြည့်ရင်းအံသြမှု့ရ
စေခဲ့တယ်။အကြိုက်ဆုံးကတော့သန့်ရှင်းတဲ့လေကိုရရှိုက်ရတာရယ်၊တောင်ပေါ်ဒေသတို့ထုံးစံ
လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေပေါတာရယ်၊လှပတဲ့ရှု့ခင်းတွေရှိတာကိုပါ။
ပုံလေးတွေအားလုံးကိုဘတ်စ်ကားပေါ်ကနေရိုက်ယူလာခဲ့တာပါ။ဒီရှု့ခင်းတွေကိုမြင်ရတော့
ကားစီးရင်းအညာကိုလွမ်းမိတယ်။
အသွားလမ်းတစ်လျှောက်လမ်းဘေးဝဲယာမြင်တွေ့ရတဲ့ရှု့ခင်းတွေကတော့မြေပြန့်မှာပဲမို့အညာ
ဒေသကမြင်ကွင်းတွေပါပဲ။လယ်ကွင်းတွေ၊စမ်းချောင်းတွေ၊ရွာငယ်လေးတွေနဲ့တကယ့်အညာကို
ပြန်နေရသလိုခံစားခဲ့ရတယ်။အသွားလမ်းတစ်လျှောက်ကားပေါ်ကနေရိုက်ခဲ့တဲ့ရှု့ခင်းပုံလေးတွေ
အရင်ဆုံးတင်ပေးလိုက်တယ်နော်။နောက်ထပ်လည်းဆက်ပြီးတင်ပေးပါအုံးမယ်။ကုန်ကြမ်းတွေ
အများကြီးရလာခဲ့တယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။
အားပေးမှုကိုလေးစားလျက်
ရွှေညာသားလေး