အားလုံးသောအွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများ Happy New Year ပါဗျာ။၂၀၁၃ ခုနှစ်
ကတော့ကုန်ဆုံးသွားခဲ့ပြီ။ကျုပ်အတွက်တော့အမှတ်တရတွေအများကြီးပေးခဲ့တဲ့၂၀၁၃ပါပဲ။
ဘ၀မှာအမှတ်တရဖြစ်စရာအများဆုံးသက္ကရာဇ်တခုကိုပြပါဆိုရင်၂၀၁၃ ကနံပတ်(၁)နေရာမှာရှိ
ပါတယ်။ပြီးခဲ့ပြီးတာတွေမို့ထပ်ပြီးမပြောပြတော့ပါဘူး။ဒီအသက်အရွယ်ထိကြုံခဲ့ရတဲ့အထဲမှာတော့
၂၀၁၃ကိုဘ၀ရဲ့အခက်အခဲဆုံးနှစ်တခုအဖြစ်မှတ်တမ်းတင်ထားလိုက်ပါပြီ။ရင်ဆိုင်ခဲ့ရတဲ့အတား
အဆီးတွေကိုသင်ခန်းစာယူလို့၂၀၁၄ခုနှစ်ကိုကောင်းမွန်စွာဖြတ်သန်းနိုင်လိမ့်မည်လို့မျှော်လင့်မိပါ
တယ်။
ကျုပ်ရဲ့စိတ်အပန်းဖြေရာနေရာလေးကိုအမြဲတမ်းလာရောက်အားပေးကြတဲ့ညီအစ်ကိုမောင်နှများ
၂၀၁၄ ခုနှစ်မှာအစစအရာရာအဆင်ပြေချောမွေ့ပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်း
မေတ္တာပို့သအပ်ပါတယ်ဗျာ။
အားပေးမှုကိုအမြဲလေးစားလျက်
ရွှေညာသားလေး
0 comments:
Post a Comment