အပန်းဖြေခရီးမှာဝယ်လာဖြစ်တဲ့တောင်ပေါ်လက်ဆောင်လေးတွေပါ။အသီးအရွက်တွေကလည်းပေါ၊ကိုယ်တိုင်ကလည်းအသီးအရွက်သမားမို့
ဟင်းချက်စရာတွေပဲအားပြုပြီးဝယ်လာဖြစ်ပါတယ်။ဝိုင်အပြင်းနှစ်ပုလင်း၊အချိုတစ်ပုလင်းနဲ့ပျားရည်တစ်ပုလင်းလည်းဝယ်ခဲ့ပါသေးတယ်ဗျာ။
အခုထိတော့ဝိုင်နဲ့ပျားရည်ကပကတိအတိုင်းရှိပါသေးတယ်။အသီးအရွက်တွေကတော့ပြန်ရောက်ကတည်းကချက်တာကုန်ခါနီးနေပါပြီ။
စားရတာလည်းမမုန်းနိုင်သေးပါဘူး။
ရွှေပဲသီး
ငရုတ်ပွသီး
ဂေါ်ရခါးညွှန့်
စတော်ဘယ်ရီ
ဘရိုကိုလီ
ပန်းမုံလာ
Zuchini
ဆလတ်ထုပ်
မြန်မာပြည်မှာမုန့်ဆမ်းလို့ခေါ်တဲ့ဟာမျိုးစပါးအနုကိုလုပ်ထားတယ်ပြောတာပဲဗျာ။အပြောကောင်းတာနဲ့ဝယ်လာခဲ့တယ်။
ကြိုးအနီနဲ့ကစတော်ဘယ်ရီဝိုင်အချို၊အလယ်ကအပြင်း၊ဒီဘက်အစွန်ကပျားရည်စစ်မစစ်တော့မသိပါဘူး။မြို့ပေါ်မှာဈေးကြီးလို့။
ဒါကတော့ပါသမျှအားလုံးစုပြီးမှတ်တမ်းတင်ထားတာပါ။ခရီးစဉ်တခုလုံးကိုခြုံငုံသုံးသပ်ရရင်ဟင်းသီးဟင်းရွက်လတ်လတ်ဆတ်ဆတ်
ရလို့အရမ်းဝမ်းသာတယ်။လေကောင်းလေသန့်တွေရှုရှိုက်ရလို့သဘောကျတယ်။မျက်စေ့ထဲမှာနှစ်ပေါင်းများစွာဝေးကွာနေခဲ့ရတဲ့
တောတောင်ရေမြေသဘာဝရှု့ခင်းတွေကိုတစ်ဝကြီးကြည့်ရှု့ခံစားခဲ့ရတဲ့အတွက်လည်းပျော်ရွှင်မိတယ်။ကျေးလက်နေတိုင်းရင်းသား
တို့၏လူနေမှုဘ၀တွေကိုမြင်တွေ့ခဲ့ရလို့ရသမျှနဲ့ရောင့်ရဲတင်းတိမ်တတ်ကြတဲ့သူတို့ဘ၀တွေကိုလေးစားမိတယ်။ဒီနိုင်ငံကိုရောက်ပြီး
ပထမဆုံးညအိပ်ထွက်ဖြစ်တဲ့ခရီးဖြစ်တာကြောင့်လည်းအမှတ်တရအဖြစ်ကျန်ခဲ့တယ်။အေးမြတဲ့ရာသီဥတုနဲ့စိမ်းစိုလှပတဲ့ရေမြေ၊
တောတောင်သဘာဝပတ်ဝန်းကျင်တွေရှိတဲ့တောင်ပေါ်မြို့လေးကိုရောက်ခဲ့တဲ့အတွက်ဒီခရီးစဉ်ကိုသွားဖို့ဆော်သြတဲ့သူငယ်ချင်းကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ပါတယ်။
တင်သမျှပို့စ်လေးတွေကိုလာရောက်အားပေးကြတဲ့အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
နောက်လည်းအချိန်ရရင်ရသလိုဆက်လက်ပြီးတင်ပေးသွားပါမယ်။
အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးအားလိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့ရွှေညာသားလေးမှဆုတောင်မေတ္တာပို့သပါတယ်။
လေးစားမှုဖြင့်
ရွှေညာသားလေး
ကို
0 comments:
Post a Comment