ထမင်းမြိန်စေတဲ့...ဆီးဖြူသီးခြောက်ဟင်း
လေးတွေ့ပါတယ်။ရွှေညာသားလေးကနှာခေါင်းသွေးအမြဲယိုတတ်လို့အမေကဆေးအဖြစ်နဲ့ထည့်ပေးလိုက်
တာပါ။ကံကောင်းစွာပဲဒီကိုရောက်ကတည်းကနှာခေါင်းသွေးကတစ်ခါမှကိုမထွက်တော့ဘူး။အစာလည်းဆေး
ဆေးလည်းအစာဆိုသလိုပဲအခုရက်ပိုင်းထမင်းစားရတာသိပ်မကောင်းလို့ဒီနေ့တော့အမေထည့်ပေးလိုက်တဲ့
ဆီးဖြူသီးခြောက်ကိုခရမ်းချဉ်သီးရယ်ငါးခြောက်လေးရယ်ရောပြီးအရည်စပ်စပ်လေးချက်စားပါတယ်။
ဆီးဖြူသီးကဖန်တဲ့အရသာရှိတာမို့ခံတွင်းလိုက်ပါတယ်။ဆီးဖြူသီးအစိမ်းစားပြီးရေသောက်ရင်ချိုတဲ့အရသာ
ခံစားဖူးကြမှာပေါ့။အဲ့လိုပါပဲဆီးဖြူသီးခြောက်ဟင်းနဲ့ထမင်းစားပြီးရင်ရေသောက်လို့အတော်ကောင်းပါတယ်။
ထမင်းမြိန်စေမည့်...ဆီးဖြူသီးခြောက်ဟင်းတစ်ခွက်ပါ...
ဟင်းလေးတွေအကြောင်းရေးတုန်းကရေးဖူးတယ်ထင်ပါတယ်။ဒီနေ့ချက်တဲ့ဟင်းကတော့မခက်ပါဘူးတောမှာ
ချက်တဲ့ပုံစံလေးချက်လိုက်တာပါပဲ။ဆီးဖြူသီးခြောက်ကိုရေဆေးပြီးတော့အိုးထဲမှာထည့်ခရမ်းချဉ်သီးသုံးလုံး
ပါးပါးလှီး၊ကြက်သွန်နီတစ်လုံးရယ်ကျန်တဲ့ဟင်းခတ်အဆာပလာလေးတွေထည့်ပြီးတော့ရေနည်းနည်းနဲ့အရင်လုံး
လိုက်ပါတယ်။ခရမ်းချဉ်သီးအနှစ်ရတော့မှငါးခြောက်ပိုင်းလေးသုံးလေးပိုင်းထည့်ပြီးငါးမိနစ်ခန့်မွှေပေးပါတယ်။
ပြီးရင်ရေလိုသလောက်ထပ်ထည့်ပြီးဟင်းအိုးပွက်သည်အထိမီးအေးအေးနဲ့တည်ပါတယ်။ငါးခြောက်ကျက်တဲ့
အချိန်မှာငရုတ်သီးစိမ်းတောင့်သုံးလေးတောင့်ချိုးပြီးထည့်လိုက်ပါ။နယ်စားလို့ရအောင်အရည်စပ်စပ်လေးနဲ့
မီးဖိုပေါ်ကချလိုက်ပါ။နံနံပင်အုပ်ရင်လည်းမွှေးမွှေးလေးနဲ့စားလို့ကောင်းပါတယ်။ရွှေညာသားလေးကတော့နံနံပင်
မရှိလို့မထည့်ထားပါဘူး။အားလုံးပြီးရင်တော့ထမင်းမြိန်စေတဲ့ဆီးဖြူသီးခြောက်ဟင်းတစ်ခွက်အဆင်သင့်သုံး
ဆောင်နိုင်ပါပြီ။သူနဲ့တွဲဖက်စားသုံးဖို့ကတော့အရွက်တစ်မျိုးမျိုးကိုဟင်းချိုလေးချက်ပြီးငရုတ်သီးနဲ့ကြက်သွန်ဖြူ
ဆားထောင်းလေးကလိုက်ဖက်ပါတယ်။ရွှေညာသားလေးကတော့အရည်သောက်မချက်တော့ပါဘူး။
ဗိုက်အရမ်းဆာလို့ဆီးဖြူသီးခြောက်ဟင်းနဲ့ငရုတ်သီးထောင်းရယ်၊ရေနွေးကြမ်းရယ်တွဲဖက်ပြီးနေလည့်စာကို
ဖြေရှင်းလိုက်ပါတယ်။မစားရတာကြာလို့လားမသိဘူးဗျာထမင်းတော်တော်ကုန်သွားတယ်...။
အားလုံးသောညီအစ်ကိုမောင်နှမများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ...။လာရောက်လည်ပတ်တဲ့
အတွက်ကျေးဇူးတင်ပါတယ်ဗျာ။
လေးစားမှုဖြင့်
မျိုးခန့် (စကားဝါမြေ)
0 comments:
Post a Comment