မစားခင်ဒီလိုလေးပြင်ထားပါတယ်... :) |
ပါဘူး။ဒါကြောင့်ထမင်းကိုပဲအားပြုပြီးစားပါတယ်။ပေါင်မုန့်၊ဘီစကွတ်စတဲ့မုန့်တွေကိုလည်းစားရင်တခုနှစ်ခုဆို
တာအများဆုံးပါပဲ။ငယ်ငယ်ကတည်းကအကျင့်မရှိခဲ့တော့ထမင်းကလွဲရင်ကျန်တဲ့သူဌေးအစားအစာတွေကို
နှစ်ခြိုက်မှုသိပ်မရှိလှပါဘူး။ဟမ်ဘာဂါဆိုလည်းစပြီးစားခါစကတစ်ခုကုန်အောင်မစားနိုင်ပါဘူး။အခုနောက်ပိုင်း
မှတစ်ခုလုံးကုန်အောင်စားနိုင်ပါတယ်။ဒါတောင်ထမင်းဆာဆာနဲ့စားတဲ့အခါမှကုန်တာ။ထမင်းဆိုရင်တော့
ဟင်းမပါလည်းဆီဆမ်းဆားဖြူးစားရင်အဆင်ပြေပါတယ်။အိမ်မှာဆိုရင်တော့အမေကြော်တဲ့ထမင်းကြော်ပေါ့။
အမေ့လက်ရာလေးတွေလည်းလွမ်းမိနေတယ်...။အခုနောက်ပိုင်းအိမ်ပြန်ရောက်ရင်လည်းကိုယ်တတ်ထား
တဲ့နည်းလေးတွေနဲ့အမေ့ကိုချက်ကျွေးချင်တာကြောင့်မီးဖိုချောင်ကိုကိုယ်တိုင်ဝင်ပြီးချက်တာများပါတယ်။
အဖေကတော့သူစားချင်တဲ့ဟင်းလေးတွေကိုကျွန်တော်အိမ်ပြန်ရောက်တဲ့အချိန်ချက်ခိုင်းတတ်ပါတယ်။ဒါနဲ့ပဲ
လိုရင်းကိုမရောက်တော့ဘူးနော်...:):)
ဒီနေ့မနက်စာကိုတော့ဆန်ခေါက်ဆွဲထုပ်တစ်ထုပ်ရှိတာနဲ့စိတ်ကူးတည့်ရာလက်တည့်စမ်းဖြစ်ပါတယ်။
ရှမ်းခေါက်ဆွဲခေါ်မလား...ဆန်ခေါက်ဆွဲခေါ်ရမလား..တို့ဟူးနွှေးလားမပြောတတ်ပါဘူး...:):)
အနီးကပ်လေးတစ်မျိုး...:) |
တရုတ်ဆိုင်က၀ယ်တဲ့Hot Soybean Paste ရယ်၊ကြက်သွန်ဖြူဆီချက်၊ပဲမှုန့်မပျစ်မကျဲကြိုထားတာရယ်
၊ကြက်သွန်မြိတ်နဲ့ငံပြာရည်တို့ပါဝင်ပါတယ်။ကိုယ်ဘာသာလုပ်ထားတာမို့လားမသိဘူးဗျာ...စားရတာတော့
အဆင်ပြေတယ်...။အချဉ်ကတော့ဂေါ်ဖီထုပ်ကိုပါးပါးလှီးထားတာကိုငရုတ်သီးစိမ်းနှစ်တောင့်လှီးထည့်ပြီး သံပုရာရည်နဲ့သုပ်ပါတယ်။ဟင်းရည်သောက်ကတော့ကြက်သားပြုတ်တဲ့အိုးထဲ
ကိုကြက်သွန်ဖြူနဲ့ချင်းဓားပြားရိုက်ထည့်ပြီးအရသာမှုန့်အနည်းငယ်နဲ့ငရုတ်ကောင်းမှုန့်ထည့်သောက်ပါတယ်။
တူမပါအောင်တစ်ပုံ...:) |
အဆင်သင့်စားရန်နယ်ပြီးတဲ့အခါ...:) |
မကိုင်တတ်ပါဘူး။ဒါကြောင့်သေချာတဲ့ဇွန်းနဲ့ပဲစားလိုက်တာမြန်ပါတယ်။
ပုံလေးတွေကတော့ဖုန်းနဲ့ရိုက်ထားတာမို့သိပ်ပြီးမကောင်းပါဘူး...။လာလည်ကြတဲ့သူတွေလည်းသုံးဆောင်
သွားပါအုံးဗျာ...။
အားလုံးသောညီအစ်ကိုမောင်နှမများအတွက်ပျော်ရွှင်စရာကောင်းနဲ့တနင်္ဂနွေနေ့ဖြစ်ပါစေလို့ဆုတောင်း
ပေးပါတယ်။အားလုံးကိုယ်စိတ်နှစ်ကျန်းမာချမ်းသာပြီးအစစအရာရာအဆင်ပြေကြပါစေဗျာ...။
ခင်မင်မှုဖြင့်
ရွှေညာသားလေး
2 comments:
စားလို့ ကောင်းမဲ့ပုံဘဲ။
ဒို့ တွေကျောင်းတက်တုန်းကရှိတာနဲ့ မြင်တာတွေပစ်ထဲ့ပြီးကျက်ရင်ပြီးရောစားခဲ့ရတာဘဲ။ တခါတခါဘာဟင်းရယ်လို့ တောင်ခေါ်မတတ်ဘူး။း)
ရွှေညာသားလေးကဘာချက်ချက်စားကောင်းမဲ့ပုံဘဲ။ ဒါကြောင့်အဖေကချက်ခိုင်းတာဖြစ်မယ်။
အိုင်အိုရာ
ဟုတ်တယ်ဗျာ...ဖြစ်သလိုစားရတာ...တစ်ခါတစ်လေ
ဘာဟင်းမှန်းမသိဘူး...။အခုအချိန်မှာဝါသနာအပါဆုံးအလုပ်
ပြပါဆိုရင် ချက်ပြုတ်ခြင်းကနံပတ်တစ်ဖြစ်မယ်ထင်တယ်။
တစ်ခါတစ်လေစဉ်းစားမိတယ် ဆယ်တန်းအောင်ပြီးတုန်းက
စားဖိုမှုးသင်တန်းများတက်ခဲ့ရရင်အကောင်းသားလို့.:):)
ရွှေညာသားလေးအတွက်ကတော့ချက်ပြုတ်ခြင်းက စိတ်အပန်းဖြေမှုတစ်ခုပါပဲ။အမြဲလာလည်တဲ့အတွက်
ကျေးဇူးတင်ပါတယ် အိုင်အိုရာ...။
Post a Comment