ဒီတခါတော့ ကြက်ဟင်းခါးသီးအပုသီးလေးတွေကို ငါးနီတူခြောက်နဲ့ကြော်ချက်ချက်စားဖြစ်ပါတယ်။
ကျနော်တို့ဆီမှာတော့ချောင်းဘေးကချုံတွေပေါ်မှာအလေ့ကျပေါက်ပြီးသီးပါတယ်။ရေခပ်ရင်းချုံထဲတိုးပြီး ကြက်ဟင်းခါးသီးခူးရတာပျော်စရာကောင်းတယ်။မြွေစိမ်းလည်းကြောက်ရတယ်း) ဒီမှာတော့ဈေးထဲမှာ
အပုံလိုက်လေးတွေရောင်းနေတာတွေ့လို့ဝယ်ပြီးအညာချက်လေးချက်စားပါတယ်။
ချက်ပြုတ်ပုံကတော့ ကြက်ဟင်းခါးသီးလေးတွေကိုမိမိနှစ်သက်သလိုလှီးဖြတ်နိုင်ပါတယ်။ကျနော်ကတော့
လေးစိတ်ခွဲ ဆားအနည်းငယ်ထည့်ပြီးပျော့သွားအောင်နယ်ထားလိုက်ပါတယ်။ချက်မည့်ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ဆီပူလာတော့၊ကြက်သွန်နီတစ်လုံး၊ခရမ်းချဉ်သီးနှစ်လုံးပါးပါးလှီးထည့်နနွင်းမှုန့်၊ ငါးပိသင့်တော်ယုံထည့်ပြီးဆီသတ်ပါ။ဆီသတ်တာမွှေးလာရင်ကြက်သွန်ဖြူနဲ့ငရုတ်သီးထောင်းထားတာ
ထည့်မွှေအနံ့မွှေးလာတော့ရေဆေးထားတဲ့ငါးနီတူခြောက်ထည့်ခဏမွှေပေးနောက်ဆုံးမှာအစောက
ဆားနည်ထားတဲ့ကြက်ဟင်းခါးသီးကိုရေဆေးပြီးထည့်ပါ။ကြက်ဟင်းခါးသီးကျက်လောက်အောင်ရေနွေး
ထပ်ထည့်ပြီးအိုးကိုအုပ်ထားပါ။ငါးခြောက်မရှိရင်ပုစွန်ခြောက်နဲ့ချက်လို့ရပါတယ်။ရေနွေးထည့်တာက
ဟင်းအကျက်မြန်ပါတယ်။ကြက်ဟင်းခါးသီးကျက်လို့အရသာအနေအထားမြည့်ပြီးရင်မီးဖိုပေါ်ကချလို့ရပါပြီ။
ကြက်ဟင်းခါးသီးဟင်းကိုဗူးသီးဟင်းချို သို့မဟုတ်အသီးအရွက်ဟင်းချိုတမျိုးမျိုးနဲ့တွဲပြီးစားလို့ကောင်း ပါတယ်။အချဉ်ရည်သောက်နဲ့ဆိုရင်တော့ အခါးစားပြီးအချဉ်သောက်ရင်ပိုပြီးခါးပါလိမ့်မယ်း)
ဗူးသီးနဲ့ဖရုံရွက်ကြော်
နောက်ဟင်းတခွက်ကတော့ဖရုံညွှန်ကိုဗူးသီးနုတလုံးနဲ့ရော ပင်စိမ်းရွက်အုပ်ပြီးကြော်ထားပါတယ်ဗျး)
ဘဲဥချဉ်ဟင်းး)
မှိုကန်စွန်းအရည်သောက်း)
ဟင်းခွက်အားလုံး တခါတည်းချက်တာမဟုတ်ပါဘူး။ချက်စားဖြစ်တုန်းမှတ်တမ်းတင်ထားတာမို့ တခါတည်းတင်လိုက်တာပါး)
ကျောင်းမှာအလုပ်များတဲ့အခါ ဟင်းချက်ဖို့ဝေးစွ သူများချက်ပြီးသား ဝယ်စားဖို့ကိုအချိန်မရပါဘူး။တနေ့လုံးမှ ထမင်းတနပ်နဲ့ပြီးရတာလည်းရှိတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာလည်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment