ဒီဟင်းကတော့ ဖက်သီးမပေါ်ခင် ဖက်ပွင့်တွေပေါတဲ့အချိန်တုန်းက ဖက်ပွင့်အစိုလည်းဝယ်ချက်
ဈေးပေါလာတော့ များများဝယ်ပြီး အခြောက်လှန်းထားတာကို သူ့ရာသီကုန်သွားခါမှ ပြန်ချက်စားတဲ့ဟင်းတခွက်ပါ။
စားရတာအစိုတုန်းကလောက်လေးလေးပင်ပင်မရှိပေမဲ့ အတော်လေးစားလို့ကောင်းတဲ့ဟင်းပါ။
မချက်ခင်မှာ ဖက်ပွင့်ခြောက်တွေကိုပွလာအောင်ရေစိမ်ထားပြီး ခရမ်းချဉ်သီးတလုံးနဲ့ ကြက်သွန်ဖြူနီဆီသတ် ငါးပိ သို့မဟုတ် ငံပြာရည်အနည်းငယ်ထည့် ဆီသတ်တာမွှေးလာတော့ ရေစိမ်ထားတဲ့ဖက်ပွင့်ခြောက်ကိုရေတခါလောက်ဆေးပြီးထည့်
ပုစွန်ခြောက်အသေးလေးတွေနည်းနည်းထည့်ပြီးဆယ်မိနစ်လောက်ဟင်းအိုးအဖုံးအုပ်ပြီးထားလိုက်ပါ။
ခဏနေတော့ ငရုတ်သီးစိမ်းအလုံးကွဲထောင်းထားတာအုပ် အရသာအပေါ့အငန်မြည်းပြီး ဟင်းအိုးချခါနီးမှာ
ပင်စိမ်းရွက် သို့မဟုတ် နံနံပင် အုပ်ပြီးချ။ ထမင်းပူပူလေးနဲ့ တွဲဖက်စားလို့ အတော်လိုက်ဖက်ပါတယ်။
ကျနော်ကတော့ ဒီလိုမျိုးဟင်းနဲ့ဆို ထမင်းပိုကုန်တယ် :)
အရောင်ကတော့ အမည်းရောင်ဖြစ်နေပေမယ့် စားလို့အရသာရှိတဲ့ အညာသား ကြိုက်နှစ်သက်ဆုံးသောဟင်းတွေထဲက
ဟင်းတခွက်ပါ။
လာရောက်လည်ပတ်ကြတဲ့ချစ်မိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ရွှေညာသားက ဆုတောင်းမေတ္တာပို့သပါတယ်။
အစဉ်လေးစားမှုဖြင့်-
ရွှေညာသား
0 comments:
Post a Comment