ငါးမန်ကျည်းသီးစိမ်းချက်နဲ့သခွားသီးတို့စရာ
ကျန်တာကိုထည့်လိုက်တော့ငါးမန်ကျည်းသီးစိမ်းဟင်းဖြစ်သွားတာ။အပြောင်းအလဲလေးဖြစ်အောင်ချက်စား
ဖြစ်တာပါ။အသီးအရွက်နဲ့ငါးကိုပဲလှည့်စားနေတော့ချက်စရာလည်းကုန်ပါပြီ။
ဒီငါးဟင်းချက်ရာမှာအလွယ်ဆုံးနည်းကိုသုံးထားပါတယ်။အရင်ကလိုတစ်မျိုးချင်းစီခွဲပြီးဆီမသတ်တော့ဘဲ
မန်ကျည်းသီးစိမ်း၊ခရမ်းချဉ်သီးနဲ့ကြက်သွန်နီကိုကြိတ်စက်ထဲမှာရောထည့်ပြီးတော့ကြိတ်ပါတယ်။အဲ့ဒီကြိတ်
ပြီးသားကိုဒယ်အိုးထဲဆီသင့်တော်ယုံထည့်ဆီပူတော့နနွင်းမှုန့်ထည့်ပြီးဆီသတ်ပါတယ်။ဆား၊ငါးပိ၊အရသာမှုန့်
တွေပါတစ်ခါတည်းထဲ့ပြီးကျက်တော့မှကြက်သွန်ဖြူထောင်းထားတာကိုထည့်ပါတယ်။ဆော်လမွန်ငါးတစ်ပိုင်း
ကိုအတုံးသေးသေးလေးတွေထပ်လှီးပြီးတော့အစောကဆီသတ်ထားတဲ့အနှစ်ထဲကိုထည့်ပါတယ်။ငါးအသား
တွေမာသွားအောင်ထားပြီးတော့ရေသင့်တော်ယုံထည့်ပြီးဒယ်အိုးကိုအဖုံးအုပ်ထားပါတယ်။
တို့စရာသခွားသီး
ဆယ်မိနစ်ခန့်ထားပြီးရုံးပတီသီးသုံးတောင့်ကိုမထူမပါးလှီးထည့်ပါတယ်။ငရုတ်သီးတောင့်ကိုထက်ဝက်ပိုင်းပြီးထည့်ပါတယ်။ရုံးပတီသီးနဲ့ငရုတ်သီးကျက်တဲ့အချိန်ရေအနေတော်ကျန်မှအပေါ့အငန်မြည်းပြီးနောက်ဆုံးမှာ
နံနံပင်အုပ်၍မီးဖိုပေါ်ကချပါတယ်။ချဉ်ဖြုန်းဖြုန်းလေးနဲ့အရသာရှိတဲ့ငါးမန်ကျည်းသီးစိမ်းဟင်းတစ်ခွက်
သုံးဆောင်ဖို့အသင့်ဖြစ်ပါပြီ။ထမင်းပူပူနဲ့ငါးမန်ကျည်းသီးစိမ်းဟင်းကိုတွဲဖက်ပြီးသခွားသီးမြှုပ်လို့ရေနွေးနဲ့
ထမင်းတစ်နပ်လွေးလိုက်ရတာကောင်းသလားမေးရင်...မပြောပါနဲ့...အလွန်ကောင်းတာပဲပေါ့ဗျာ...:)
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
လေးစားလျက်
ရွှေညာသားလေး
0 comments:
Post a Comment