မနေ့ကအစ်မတစ်ယောက်သုသေတနအတွက် sample သွားယူတာကိုအဖော်လိုက်ပေးရင်းနဲ့မနီလာမြို့
နဲ့နှစ်နာရီခန့်ကားစီးရတဲ့ UPLB(University of Philippines, Los Banos)ကိုရောက်ခဲ့ပါတယ်။တကယ့်
တက္ကသိုလ်အင်္ဂါရပ်နဲ့ပြည့်စုံတဲ့ကျောင်းကြီးပါပဲ။ရှုခင်းတွေကလည်းလှပသာယာလိုက်တာပြန်တောင်မလာ
ချင်လောက်အောင်ပါပဲ။အထူးသဖြင့်တော့သစ်ပင်ဝါးပင်တွေပေါတာကြောင့်ကိုယ့်အညာဒေသကိုပြန်ရောက်
သွားသလားထင်မှတ်ရပါတယ်။
Sample ယူတဲ့နေရာကကျောင်းဝန်းထဲမှာပါပဲ။ဒါပေမဲ့ကျောင်းပရ၀ုဏ်ကကျယ်ဝန်းတာကြောင့်သစ်တောထဲ
ကိုရောက်နေသလိုပါပဲ။အပင်ကိုစိတ်ဝင်စားသူပီပီမြင်သမျှအပင်တွေကိုလိုက်စူးစမ်းရင်းနဲ့ခရမ်းကဆော့ပင်
တစ်ပင်တွေ့ပါတယ်။အပင်လေးကသိပ်မကြီးပေမဲ့အသီးလေးတွေသီးနေတာတွေ့လို့ခူးခဲ့ပါတယ်။အရင်တစ်ခါ
ခရမ်းကဆော့သီးအကြောင်းရေးကတည်းကခရမ်းကဆော့သီးဟင်းစားချင်နေခဲ့တာဒီနေ့တော့ဆန္ဒပြည့်ဝသွား
ပါတယ်။ပြီးခဲ့တဲ့တပတ်ထဲတုန်းကလည်း Manila က Immigration ရုံးကိုရောက်တော့ရုံးရှေ့မှာအလှစိုက်
ထားတဲ့ခရမ်းကဆော့ပင်တစ်ပင်တွေ့ခဲ့ပါသေးတယ်။အသီးတွေသီးနေတာလည်းအများကြီးပါပဲဒါပေမဲ့ရုံးရှေ့
မှာလူအများနဲ့ဆိုတော့ဒီအတိုင်းပဲထားခဲ့ရတယ်။
ဒီနေ့တော့ရွှေညာသားလေးစိတ်ကြိုက်ခရမ်းကဆော့သီးကိုရှိတာလေးနဲ့ပဲထမင်းမြိန်စေတဲ့ဟင်းတစ်ခွက်
ဖြစ်အောင်ဖန်းတီးလိုက်ပါတယ်။ခရမ်းချဉ်သီးကိုကြက်သွန်တစ်လုံးရောပြီးကျန်တဲ့ဟင်းခတ်အဆာပလာ
လေးတွေနဲ့အရင်ဆုံးဆီသတ်ပါတယ်။ခရမ်းချဉ်သီးကျက်တော့ကြက်သွန်ဖြူထောင်းထားတာထည့်ပါတယ်။
ပုစွန်ခြောက်အနည်းငယ်ကိုရေစိမ်ထောင်းပြီးတော့ဆီသတ်တဲ့ထဲထည့်ပါတယ်။ခရမ်းကဆော့သီးလေးတွေ
ကိုအညှာခြွေပြီးလွယ်လွယ်ကူကူငရုတ်ဆုံထဲမှာအလုံးကွဲယုံလေးထောင်းပြီးဆီသတ်တဲ့အိုးထဲထည့်ပါတယ်။
ငရုတ်ဆုံမှာကပ်နေတဲ့ခရမ်းကဆော့သီးအစေ့လေးတွေကိုရေဆေးပြီးတော့ဟင်းအိုးထဲထည့်ပါတယ်။
ရှားရှားပါးပါးရတာဆိုတော့နှမြောလို့ပါ။အဲ့ဒီနောက်ရေအနည်းငယ်ထပ်ထည့်ပြီးခရမ်းကဆော့သီးလေးတွေ
ကျက်သည်အထိမီးအေးအေးနဲ့ချက်ပါတယ်။ဟင်းအိုးပွက်တော့ငရုတ်သီးငါးတောင့်ကိုကတ်ကြေးနဲ့ညှပ်ပြီး
ထည့်ပါတယ်။နံနံပင်လက်ကျန်ရှိနေတာလေးကိုလည်းဖြတ်ထည့်ပြီးအရေစပ်စပ်လေးနဲ့မီးဖိုပေါ်ကချပါတယ်။
ထမင်းမြိန်စေတဲ့ခရမ်းကဆော့သီးဟင်းတခွက်ပါ... |
ခရမ်းကဆော့သီးနံ့လေးမွှေးနေတဲ့အညာဟင်းလေးတစ်ခွက်ချက်တာပြီးသွားတော့တွဲဖက်စားဖို့ဟင်းချိုအိုး
တည်ပါတယ်။ဟင်းချိုအတွက်ဟင်းနုနွယ်ရွက်ရှိတာလေးကိုလွယ်လွယ်ပဲချက်လိုက်ပါတယ်။ဟင်းအိုးထဲမှာ
ရေအတ၀က်ခန့်ထည့်ပြီးကြက်သွန်နီတစ်လုံး၊ငါးပိအနည်းငယ်၊ဆားနဲ့ကြက်သားမှုန့်နည်းနည်းထည့်ပြီးဆူ
အောင်တည်ပါတယ်။ဟင်းအိုးပွက်ပြီးကြက်သွန်နီကျက်သွားတော့ဟင်းနုနွယ်ရွက်သင်ထားတာကိုထည့်ပါ
တယ်။ဟင်းနုနွယ်ရွက်လေးတွေဟင်းအိုးထဲရောက်ပြီးခဏကြာတော့ဟင်းအိုးကိုမီးဖိုပေါ်မှချပါတယ်။
ခရမ်းကဆော့သီးဟင်းနဲ့တွဲဖက်စားသုံးဖို့အတွက်ဟင်းနုနွယ်ရွက်ဟင်းချိုပူပူလေးအဆင်သင့်ဖြစ်ပြီဆိုတော့
ဗိုက်ကလည်းဆာလာပြီဗျာ။ဒီနေ့ကတော့ထမင်းစားလို့အတော်ကိုမြိန်ပါတယ်။မစားရတာကြာတဲ့ကဆော့သီး
ဟင်းကလည်းစားလို့ကောင်းမှကောင်းဗျ...ဟင်းချိုလေးကလည်းပူပူလေးနဲ့သောက်လို့ကောင်းမှကောင်းပဲ။
ဒီဟင်းခွက်လေးတွေကတော့ရွှေညာသားလေးကိုယ်တိုင်ချက်ထားတဲ့ခရမ်းကဆော့သီးအညာချက်လေးနဲ့
ဟင်းနုနွယ်ဟင်းချိုပူပူလေးပါ။သုံးဆောင်သွားကြပါအုံးနော်...။အသားဟင်းမပါပေမဲ့ထမင်းမြိန်ပါတယ်ဗျ...။
ဟင်းနုနွယ်ဟင်းချိုပူပူလေး.... |
အားလုံးသောမိတ်ဆွေညီအစ်ကိုမောင်နှမများစိတ်ချမ်းသာကိုယ်ကျန်းမာပြီးကောင်းကျိုးလိုအင်ဆန္ဒတွေ
ပြည့်ဝကြပါစေဗျာ...။
လေးစားမှုဖြင့်-
ရွှေညာသားလေး
3 comments:
ဒီလောက်ကောင်းတဲ့ဟင်းစားမကောင်းမှာဘယ်ပူစရာလိုပါ့မလဲလို့ ...
မစားရတာကြာပေါ့....း(
အိုင်အိုရာ
စားချင်လိုက်တာ... ဟင်းချက်ကောင်းပြီး အစပ်အဟပ်တည့်အောင်လုပ်တတ်လွန်းတယ် ကိုအညာသားရယ်
မအိုင်အိုရာ အမြဲတမ်းလာလည်တဲ့အတွက်
ကျေးဇူးတင်ပါတယ်ဗျာ...။
မဆုမြတ်မိုး...ဟင်းချက်ကောင်းတယ်ဆိုလို့ရယ်..
လာအားပေးတဲ့အတွက်ရယ်ကျေးဇူးပါဗျ...။
အညာဟင်းလေးတွေနဲ့အပြင်မှာ
ဧည့်ခံချင်တယ်ဗျာ...။
Post a Comment