ချက်စားဖြစ်တဲ့အချိန် ဖုန်းနဲ့မှတ်တမ်းတင်ထားတဲ့ဟင်းလေးတွေပါဗျာ။ ထိုင်းဟင်းတွေကိုစားရတာ တနှစ်ပြည့်လာတော့ဆိုင်မှာလည်းဟင်းရွေးစရာမကျန်တော့ဘူး။ ဒါကြောင့်ဈေးသွားဖြစ်တဲ့အခါ ကိုယ်တိုင်ချက်စားဖြစ်တဲ့ဟင်းလေးတွေကို မှတ်တမ်းတင်ထားတာပါ။ချက်နည်းကလွယ်လွယ်လေးတွေမို့
သီးသန့်မရေးတော့ပါဘူးဗျာ။
စားတော်ပဲထင်ပြီးပြုတ်တာတော်တော်နဲ့မနူးလို့ နောက်ဆုံးတော့ ဆားနဲ့အရသာထည့်ပြီး ပဲနှပ်လုပ်လိုက်တယ်
ကြက်သွန်ဖြူနီကိုငရုတ်သီးစိမ်းနဲ့ငံပြာရည်ဆီချက်
ဝက်မျှစ်ချဉ် အရည်သောက်
မုံလာဖူးကိုအရိုးတွေပါ နူးအောင်ပြုတ်ကြော်လေး ကြော်စားတာ
အိမ်မှာတုန်းကအမေချက်ကျွေးနေကျ ခရမ်းချဉ်သီး ငရုတ်သီးစပ်
ခရမ်းချဉ်သီးချက်နဲ့တို့စားဖို့ မုံလာဥချဉ် ကြက်သွန်နီ
မှိုနဲ့မုန်လာဖူး ပြုတ်ကြော်
မုံလာဖူး၊ မှို နဲ့ ရုံးပတီသီး ပြုတ်ကြော်
မျှစ်ကြော်
ခနောဆန်ပြုတ်ထဲ ကြက်ဥနဲ့အသီးအရွက်ထည့်ပြုတ်တဲ့ နံနက်စာ
အညာသား ကိုယ်တိုင် လုပ်တဲ့ မုံလာချဉ်သုပ်
ဘလော့သမားဆိုတော့အမြဲတမ်းမတင်ဖြစ်ပေမဲ့တင်ချင်တဲ့အခါအဆင်သင့်ရအောင်ကုန်ကြမ်းလေးတွေစုထား
တာ။အချိန်ရလို့ကိုယ့်အိမ်လေးထဲရောက်တဲ့အခါလာလည်တဲ့သူတွေမပျင်းရအောင်အသစ်လေးတွေနဲ့ခင်းကျင်း
ထားတော့လာလည်တဲ့သူလည်းအပျင်းပြေတာပေါ့။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။ကျနော့်အိမ်လေးကိုလာရောက်လည်ပတ်ကြတဲ့အတွက်
လည်းကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment