အခုနောက်ပိုင်းရောဂါတစ်ခုလိုဖြစ်နေတာကဟင်းခွက်များဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်းပါ။ဘာပဲချက်ချက်မစားခင်တော့
ကင်မရာလေးဆွဲပြီးမှတ်တမ်းတင်ထားလိုက်တယ်။စက်ထဲနေရာလွတ်မကျန်လို့စစ်လိုက်ပြီဆိုဟင်းခွက်ပုံကများများရယ်။
ဘာရယ်မဟုတ်ဘူးတချို့ဟင်းလေးတွေကျတော့လည်းပုံမြင်တာနဲ့ဘာတွေဘယ်လိုထည့်ချက်လဲဆိုတာကိုယ့်မှတ်ဥာဏ်နဲ့
မှတ်မိအောင်သိမ်းထားဖြစ်တာပါ။နောင်တစ်ချိန်ပြန်ကြည့်ရင်အမှတ်တရလည်းဖြစ်ကျန်ရစ်တာပေါ့။
ကင်မရာလေးဆွဲပြီးမှတ်တမ်းတင်ထားလိုက်တယ်။စက်ထဲနေရာလွတ်မကျန်လို့စစ်လိုက်ပြီဆိုဟင်းခွက်ပုံကများများရယ်။
ဘာရယ်မဟုတ်ဘူးတချို့ဟင်းလေးတွေကျတော့လည်းပုံမြင်တာနဲ့ဘာတွေဘယ်လိုထည့်ချက်လဲဆိုတာကိုယ့်မှတ်ဥာဏ်နဲ့
မှတ်မိအောင်သိမ်းထားဖြစ်တာပါ။နောင်တစ်ချိန်ပြန်ကြည့်ရင်အမှတ်တရလည်းဖြစ်ကျန်ရစ်တာပေါ့။
ဒါကြောင့်ဒီတစ်ခါတော့ပုံတွေစုပေါင်းပြီးတော့အများကြီးဖြစ်အောင်တင်ပေးလိုက်တယ်ဗျာ။မြင်ရတဲ့သူတွေကိုဒုက္ခပေးတာ
တော့မဟုတ်ရပါဘူးနော်။ဒီထဲမှာရောက်သွားရင်စက်ထဲမှာတချို့တ၀က်ဖျက်ပစ်လို့ရအောင်ပါ။
ချက်နည်းလေးတွေကလည်းအလွယ်လေးတွေမို့အသေးစိတ်မရေးတော့ပါဘူး။သိချင်တဲ့ဟင်းချက်နည်းကိုဟင်းနာမည်နဲ့
စာချန်ထားခဲ့နိုင်ပါတယ်။ကျနော်ချက်နည်းအတိုင်းပြန်မျှဝေပေးပါ့မယ်။ပုံတွေများလို့တစ်ကြိမ်းတည်းချက်တာမထင်ပါနဲ့
တစ်နေ့စာတစ်မျိုးပါပဲတခါတလေနှစ်ရက်လောက်စားရပါတယ် :)
နေ့လယ်ခင်းအဆာပြေဗူးသီးကြော်နဲ့ရေနွေးကြမ်း
မြန်မာပြည်အလွမ်းပြေမုန့်ဟင်းခါး
ခရမ်းသီးမီးဖုတ်သုပ်
ကြက်သားချဉ်စပ်ချက်
ဗူးညွှန့်ဖရုံပွင့်ဟင်းနုနွယ်ရွက်ကြော်
အညာပြောင်းဖူးကြော်
ငါးကန်စွန်းရွက်အချဉ်ရည်သောက် (ငါးဆီနီဂမ် ဖိလစ်ပိုင်စတိုင်)
ညနေစာ ကြာဇံကြော်နဲ့အချဉ်သုပ်
ကြာဇံကြော်နဲ့တွဲဖက်စားသုံးလို့အဆင်ပြေလှတဲ့မုန်လာချဉ်သုပ်
ငါးကြော်တစ်ပိုင်းနဲ့ငါးနီတူငရုတ်သီးစပ်ကြော်
ပုစွန်ကွေးနဲ့သီးစုံကြော်
ကြက်သားခေါ်ရခါးသီးဆီလည်ရေလည် မုန့်ညှင်းချဉ်သုပ်နဲ့တွဲဖက်
ငှက်ပျောဖူးအုန်းနို့ (ဖိလစ်ပိုင်စတိုင်)
အမြဲတမ်းလာရောက်လည်ပတ်ကြတဲ့အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေ။
အစဉ်လေးစားလျက်
ရွှေညာသားလေး
4 comments:
ချက်နိုင်လိုက်တာနော်။
အားလုံးသားရည်ယိုသွားပါတယ်ရှင်။
ဖိလစ်ပိုင်စတိုင်ငှက်ပျောဖူးဟင်းလည်း စိတ်ဝင်စားစရာဘဲ။
ဗူးညွန့် နဲ့ ဖရုံပွင့် ဟင်းတွေ့ တော့ အားကျမနာလိုဖြစ်မိ။း)
အိုင်အိုရာ
ဆောရီး။ သွားရည်ယို..လို့ ရေးမှမှန်မယ်ထင်တယ်။
အိုင်အိုရာ
အစ်မအိုင်အိုရာ...ငှက်ပျောဖူးဟင်းက အုန်းနို့ပါတာလေးပဲထူးခြားတယ်
တချို့ဆိုင်တွေကတော့ဝက်သားအဆီအခေါက်ကိုသေးသေးလေးတွေထည့်
တာတွေ့တယ်။သူတို့ကအသားမပါစားမရတဲ့လူမျိုးတွေမို့ဟင်းတိုင်းအသားလွတ်တာ
ခပ်ရှားရှားရယ် :) မြန်မာစတိုင်ကြော်ချက်လေးထဲကိုအုန်းနို့ထည့်ပြီးချက်တာပါပဲ
စားရတာပိုဆိမ့်တာပေါ့ဒီမှာတော့အုန်းသီးကပေါတော့ဟင်းထဲကိုအုန်းသီးထည့်
ချက်ကြတယ်။ပိန်းရိုးခြောက်ကိုအုန်းနို့နဲ့ချက်တယ်၊ပိန္နဲသီးစိမ်းကိုအုန်းနို့နဲ့ချက်တယ်
အုန်းနို့ပါတော့အဆိမ့်အရသာနဲ့တစ်မျိုးစားလို့ကောင်းတာပေါ့... :)
ဗူးညွှန့်ကတော့သုံးနှစ်အတွင်းတစ်ကြိမ်ပဲစားခွင့်ကြုံပါတယ်ဗျာ... :)
အမြဲတမ်းလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်...ပျော်ရွှင်ပါစေ
Post a Comment