photo credit to Google images
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စစ်စစ်တွေအများစုနဲ့ဖွဲ့စည်းထားတဲ့သမိုင်းစာမျက်နှာအသစ်တစ်ခုကိုမြင်ရတာ
အနှစ်နှစ်အလလကစောင့်စားနေခဲ့ရတဲ့မျှော်လင့်ချက်တွေရောင်ခြည်သန်းလာတဲ့နေ့လေးပါပဲ။ပြည်တွင်းမှာနေကြ
သူတွေတော့ဘယ်လိုခံစားရလဲမပြောတတ်ဘူးဗျာ။ကျနော်လိုအပြင်ရောက်နေသူအတွက်တော့တကယ့်ကိုပျော်ရွှင်မှု
ကိုခံစားရတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်မှု့အပြည့်ရှိတဲ့ပြည်သူကမဲပေးရွေးထားသူတွေကတော့အပြုံးကိုယ်စီနဲ့တက်တက်ကြွကြွ
ဝင့်ဝင့်ကြွားကြွားတစ်ဦးတစ်ယောက်ရဲ့အမိန့်ကိုမလွန်ဆန်ရဲရှာတဲ့လူသားများကြတော့ခပ်ယို့ယို့လေးတွေနဲ့သူတို့
အစားအနေကျဉ်းကြပ်လိုက်တာအခုအခြေအနေမှာတော့မချစ်သော်လည်းအောင့်ကာနမ်းဆိုတာလိုစိတ်ကောင်းဝင်ပြီး
လိုက်လျောထားတဲ့မဟာဂရုဏာတော်ကိုထောက်ထားပြီးတော့ဗြဟ္မာမင်းဦးခေါင်းများကိုမမြင်ချင်သော်လည်းအောင့်အီး
သည်းခံပြီးကြည့်နေရအုံးမှာပေါ့လေ။
အမျိုးသမီးလွှတ်တော်အမတ်တွေကြည့်လိုက်အုံးရင်ဖုံးအကျီင်္ကိုယ်စီနဲ့ပုဝါနှစ်အစအသာချပြီးပြည်သူ့အကျိုးသယ်ပိုးမယ်
ဆိုတဲ့စိတ်ဆန္ဒအပြည့်၊ယုံကြည်မှုကိုယ်စီနဲ့လှမ်းလာနေလိုက်ကြတာမြင်ရတော့ပီတိဖြစ်လွန်းလို့ကျောထဲတောင်စိမ့်သွား
မိတယ်။သဘာပတိတာဝန်ယူသွားတဲ့သူကိုကြည့်လိုက်တော့အမျိုးသမီးကြီးဖြစ်နေပြန်တယ်။ဆယ်စုနှစ်သုံးလေးခုစာ
မိန်းမဆိုမီးဖိုချောင်မှာနေရမယ်ဆိုတဲ့တယူသန်စိတ်နဲ့နှိပ်ကွပ်ပြီးငါတို့လောက်မသိမတတ်ပါဘူးကွာဆိုတဲ့အထာနဲ့နေရာပေး
အရေးတယူလုပ်တာမျိုးမရှိခဲ့တဲ့အစဉ်အလာကိုချိုးဖျက်ပြီးလုပ်ဆောင်ပြသွားတဲ့မြင်ကွင်းမြင်ရတာများသိမ့်သိမ့်ကိုတုန်သွား
တာပဲ။
ခေါင်းဆောင်နေရာကနေမားမားမတ်မတ်ရပ်တည်ပြီးအကွက်လှလှတွေချပြကစားသွားတဲ့ကမ္ဘာသိမေတ္တာနှလုံးလှပိုင်ရှင်
သံမဏိလိပ်ပြာကတော့အသက် (၇၀)ဆိုတာထက်တကယ့်မိန်းမပျိုလေးတစ်ဦးအလားပန်းနုရောင်မြန်မာဆန်ဆန်ဝတ်စုံ
ကိုဆင်မြန်းလို့တော်ဝင်သဇင်ပန်းတွေဝေနေအောင်ပန်ပြီးလှမ်းလာတဲ့မြင်ကွင်းကတော့နှိုင်းပြစရာမရှိအောင်ကိုပြည့်စုံ
လှပနေတယ်။ငါမှငါနေရာရရေးထက်ငါ့အောက်လက်ငယ်သားတွေလူမှန်နေရာမှန်ကိုချပေးပြီးသူတို့စွမ်းဆောင်ရည်ကို
ကြည့်ရှု့ရင်းပီတိအပြုံတွေဝေနေတဲ့သူမရဲ့အလှကိုတော့မိုနာလီဇာလည်းတူအောင်လိုက်မပြုံးပြနိုင်ပါဘူး။
ပြည်သူအပေါ်စစ်မှန်တဲ့မေတ္တာတရားထားတဲ့သူမရဲ့အပြုံးကိုမြင်ရတာနဲ့မြင်သူတိုင်းမေတ္တာဓာတ်များကူးစက်ပြီး
အေးချမ်းမှုကိုခံစားရစေတယ်။သူမရဲ့ထက်မြတ်တဲ့စွမ်းရည်တွေကိုသတ္တိပြောင်လှပါတယ်ဆိုတဲ့ယောကျာ်းရင့်မာကြီး
တွေပင်သေနတ်ကိုင်ပြီးကြောက်နေရတဲ့အာဂအမျိုးသမီး။ရဲရင့်တဲ့စိတ်ဓာတ်၊ခိုင်မာတဲ့သန္နိဌာန်နဲ့နှစ်ပေါင်းများစွာဒုက္ခကို
အံတုရင်းပြည်သူ့ဘက်ကမြဲမြဲရပ်တည်ပြည်သူနဲ့တစ်သားတည်းနေလာခဲ့တာဒီနေ့တော့
မေတ္တာမှန်လို့ယောင်ပြန်ဟတ်ခဲ့ပြီ။
ဘယ်လောက်ပဲအာဏာပါဝါဘုန်းတန်ခိုးကြီးပါသည်ဆိုစေတကယ့်စိတ်ရင်းစေတနာမပါဘဲအပေါ်ယံလောက်
သကာလောင်းပြီးအတွင်းပုတ်နေတဲ့သူများကြတော့လည်းကျရှုံးချိန်တန်တော့လူတောထဲတောင်ထွက်ပြီး
မျက်နှာမပြရဲရှာတဲ့အဖြစ်။လူကြားကောင်းယုံလောက်လေးစေတနာတွေပါသယောင်လုပ်ပြနောက်ဆုံးကိုယ့်လိပ်ပြာ
ကိုယ်မလုံတော့အကာအကွယ်အခိုင်အမာယူပြီးအစောင့်အရှောက်နဲ့လယ်ထဲပဲဆင်းမလို၊သစ်ပင်ပေါ်
တက်မလိုလိုနဲ့ကယ်တင်ရှင်ယောင်ယောင်၊သူတော်ကောင်းယောင်ယောင်နောက်ဆုံးအချိန်ထိကောင်းတာလေးတွေ
မှရွေးပြောသွားတာမသိရင်သူ့လောက်လုပ်ဆောင်နိုင်တာကမ္ဘာတောင်မရှိတော့သလိုလို။လုပ်ခဲ့တဲ့မကောင်းမှုကျတော့
တစ်ခွန်းမှမဟသွားတာအံသြစရာပါ။
မည်သို့ပင်ဆိုစေရာနှုန်းပြည့်ပြည်သူ့ကိုယ်စားပြုအရွေးချယ်ခံများမပါသော်ငြားအရွေးချယ်ခံထဲကမှာအများစုက
ပြည်သူကရွေးချယ်ထားကြတာမို့ပြည်သူ့အကျိုးကိုစွမ်းစွမ်းတမံဆောင်ရွက်ကြမည့်ပြည်သူချစ်တဲ့ခေါင်းဆောင်နဲ့
ကိုယ်စားလှယ်ကြီးများကျန်းမာချမ်းသာဘေးရန်ကင်းစွာဖြင့်နှစ်ရှည်လများကပြည်သူများအသက်သွေးချွေးနဲ့ရင်းပြီး
မျှော်လင့်တောင့်တခဲ့ရသောဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်ကြပါစေ။
တိုင်းပြည်ကိုထင်းတိုင်းကျဲပြီးအုပ်ချုပ်ရှယ်လှယ်သွားကြသောအာဏာရှင်ကြီး
များလည်းကောင်းရာမွန်ရာအရပ်မှာလူမသိသူမသိအေးချမ်းစွာနဲ့အပူပင်ကြောင့်ကြဆင်းရဲကင်းစွာအနားယူနိုင်ကြပါစေ။
ပြည်သူကချစ်သောအစိုးရနဲ့ပြည်သူကိုချစ်သောအစိုးရတို့မေတ္တာအရင်းခံပေါင်းစည်းပြီးကပြကြမည့်ဇာတ်လမ်းများကို
အာဏာရှင်ကြီးများနောင်တပူပန်မှု့ကင်းစွာနဲ့အမှောင်ရိပ်ထဲမှကြည့်ရှု့ခံစားနိုင်ပါစေ။
လေးစားလျက်
ရွှေညာသားလေး
0 comments:
Post a Comment