တစ်နေ့ကညပိုင်းအိပ်မပျော်လို့အိပ်ယာပေါ်မှာလဲလျောင်းရင်းစိတ်ထဲမှာငယ်ငယ်တုန်းက
အကြောင်းလေးတွေကိုပြန်တွေးမိပါတယ်။လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကျော်ကျော်ရွှေညာသားလေး
မူလတန်းကျောင်းသားဘ၀တုန်းကအဖြစ်လေးတွေပါပဲ။အဲ့ဒီအချိန်တုန်းကရွာကျောင်းလေး
မှာကျောင်းသားဦးရေကလည်းသိပ်မများလှပါဘူး။သူငယ်တန်းကနေစတုတ္ထတန်းအထိမှကျောင်း
သားလေးဆယ်ပတ်ဝန်းကျင်ပဲရှိပါတယ်။ဆရာဆရာမကလည်းကျောင်းအုပ်ဆရာမကြီးနဲ့ကျောင်း
လုပ်သားရယ်မြို့ပေါ်ကလာသင်ပေးတဲ့ဆရာမတစ်ယောက်ရယ်ပဲရှိပါတယ်။တစ်ရွာလုံးမှာလည်း
အိမ်ခြေကတစ်ရာမပြည့်တာမို့ကျောင်းသားဦးရေလည်းနည်းပါတယ်။ရွာသူရွာသားတွေဟာရိုးရာ
တောင်သူလုပ်ငန်းကိုလုပ်ကိုင်ကြပြီးဗုဒ္ဓဘာသာကိုးကွယ်ကြသူတွေဖြစ်ကြပါတယ်။

ကျေးရွာမူလတန်းကျောင်းကရွာ၏မြောက်ဘက်မှာတည်ရှိပြီးစာသင်ကျောင်းနဲ့ကပ်လျက်က
ရွာဦးဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်။
ရွာဦးဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမိဘတွေကမွေးဖွားလာတဲ့ သားသမီးတွေပီပီ ငယ်စဉ်တောင်းကျေးကလေးဘဝ
ကတည်းကဘာသာတရားကိုင်းရှိုင်းတတ်အောင်စာသင်ကျောင်းမှာဆရာဆရာမတွေက
အတန်းစာအပြင်(၃၈)ဖြာမင်္ဂလာကဗျာတွေဘုရားရှိခိုးနည်းတွေကိုသင်ကြားပေးပါတယ်၊
ရွှေညာသားလေးစိတ်ထဲမှာပေါ်လာတာလေးကတော့အဲ့ဒီအချိန်တုန်းကညနေကျောင်းဆင်းချိန်
တိုင်းမှာကျောင်းသူကျောင်းသားအားလုံးပြုလုပ်နေကျစုပေါင်းပြီးဘုရားရှိခိုးကြတဲ့မြင်ကွင်လေးပါ။
ညနေကျောင်းဆင်းခေါင်းလောင်းထိုးပြီဆိုတာနဲ့ကျောင်းသူကျောင်းသားလေးတွေ

ဟာအိမ်ကိုချက်ချင်းမပြန်ကြဘဲမိမိလွယ်အိတ်ကိုယူပြီးတော့ရွာဦးကျောင်းပေါ်ကိုသွားရပါတယ်။
ကျောင်းပေါ်ကိုရောက်ရင်ယောကျာ်းလေးတွေကရှေ့ဆုံးမှနေပြီးတစ်ယောက်နဲ့တစ်ယောက်
ဘေးချင်းကပ်ပြီးတန်းစီကာဆောင့်ကြောင့်ထိုင်ကြရပါတယ်။ ယောကျာ်းလေးတွေနောက်က
မိန်းခလေးတွေကဘေးချင်ကပ်လျက်တန်းစီပြီးထိုင်ကြရပါတယ်။ဘုရားရှိခိုးကိုတော့စတုတ္ထတန်း
ကျောင်းသားတွေထဲကတစ်ယောက်ချင်းစီအလှည့်ကျရှေ့မှာထွက်ပြီးတိုင်ပေးပါတယ်။
ကျောင်းဖွင့်ရက်တွေမှာအမြဲတမ်းပြုလုပ်နေကျတာဝန်လေးတစ်ခုပါ။ကျောင်းသားကျောင်း
သူလေးတွေဟာငယ်ရွယ်ပေမဲ့ညနေကျောင်းဆင်းခေါင်းလောင်းထိုးပြီဆိုတာနဲ့ဘုရာရှိခိုးရမယ်
ဆိုတာကို သူတို့လေးတွေရဲ့စိတ်ထဲမှာအလိုလိုသိနေကြပြီးတစ်ယောက်မျှအိမ်ကိုချက်ချင်း
မပြန်ကြပါဘူး။ဘုရားရှိခိုးပြီးပြီဆိုလျှင်လည်းမိန်းခလေးတန်းမှစပြီးတစ်ယောက်ချင်းစီလက်ပိုက်
လျက်ကျောင်းပေါ်မှတန်းစီပြီးဆင်းရပါတယ်။ကျောင်းဝန်းအပြင်ရောက်သည်အထိ
လက်ပိုက်ပြီးသွားရပါတယ်။

တစ်ခါတစ်လေဆိုရင်တော့ ဦးဇင်းက ကျောင်းလှေကားအဆင်းကနေချိုချဉ်၊ငှက်ပျောသီး၊
မုန့်ဆီကြော်၊ထန်းလျက်၊မာလကာသီး၊သြဇာသီး စတဲ့ စားစရာလေးတွေကိုဝေပေးတတ်ပါတယ်။

အိပ်ပြန်ရောက်ရင်လည်းချက်ချင်းမဆော့ကြရသေးပါဘူး။အိမ်မှာရှိတဲ့ရေဗူး၊ရေထမ်းပုံး
စတာလေးတွေနဲ့ချောင်းထဲကနေရေကိုနိုင်သလောက်သယ်ပြီးတော့ဘုန်းကြီးကျောင်းကို
ရေလှူကြရပါတယ်။မိန်းခလေးတွေကတော့ ရေအိုးသေးသေးလေးတွေခေါင်းပေါ်ရွက်ပြီး
ရေခပ်ကြပါတယ်။ရေခပ်ရာမှာလည်းကလေးပီပီသူ့ထက်ငါအပြေးအလွှားခပ်ကြပါတယ်။
ကျောင်းကိုဘယ်သူအရင်ရောက်မလဲဆိုတာကိုပြိုင်ကြတာပါ။ဘယ်သူကစခဲ့တယ်ဆိုတာ
မသိပေမဲ့ရွှေညာသားလေး လေးတန်းအထိကျာင်းဖွင့်ရက်တိုင်းပြုလုပ်ခဲ့ရတာမို့မှတ်မိနေတာပါ။
အခုနောက်ပိုင်းတော့ဘုန်းကြီးလည်းပျံတော်မူ၊ကျောင်းအုပ်ဆရာမကြီးလည်းပြောင်းသွားတော့
အဲ့ဒီအစဉ်အလာလေးကိုမတွေ့ရတော့ပါဘူး။

ရွာပြန်ရောက်လို့ ကျောင်းကိုသွားလည်ရင် ကျောင်းသားလေးတွေကအသက်အရွယ်နဲ့အတန်းနဲ့
မလိုက်သလိုပါပဲ။လေးတန်းကျောင်းသားလေးတွေဆိုတကယ့်ကိုငယ်ငယ်လေးတွေပါ။
ရွှေညာသားလေးတို့တုန်းကလေးတန်းကျောင်းသားတွေဆိုလူပျိုအပျိုဖြစ်နေကြပြီ။
အခုကတော့ကလေးလေးတွေမှတကယ့်ကိုအငယ်လေးတွေ။ လေးတန်းကျောင်းသားလို့ပြော
ရင်တောင်မယုံနိုင်စရာပါ။စနစ်တွေအမျိုးမျိုးပြောင်းပြီးမအောင်မရှိင့ါတပည့်လုပ်ခိုင်းနေတော့
လေးတန်းအောင်လို့ကျောင်းဆက်မတက်နိုင်တဲ့ကလေးတွေဆိုရင် ကျောင်းထွက်ပြီး
တစ်နှစ်လောက်ကြာတာနဲ့ကိုယ့်နာမည်ကိုတောင်မှန်အောင်မရေးတတ်တော့ပါဘူး။
အရင်တုန်းက ကောင်းမွန်တဲ့အစဉ်အလာလေးတွေနဲ့ ရှင်သန်လာခဲ့တဲ့ကျောင်းလေးဟာ အဲ့လိုဖြစ်ပျက်နေတာကိုမြင်ရတော့စိတ်မကောင်းဖြစ်မိပါတယ်။

ဘယ်သူ့ကိုအပြစ်တင်ရမှန်းလည်းမသိပါဘူး။တစ်နေ့မှာတော့ အရင်တုန်းကရှိခဲ့တဲ့
အစဉ်အလာလေးတွေကိုတတ်နိုင်သလောက်ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့စိတ်ထဲ
မှာတွေးရင်းနဲ့အစီအစဉ်တွေဆွဲနေမိပါတယ်။အဲ့ဒီစိတ်ကူးလေးတွေအကောင်အထည်ဖော်နိုင်
အောင်လည်းအတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ကိုယ်တိုင်လည်းဆရာတစ်ယောက်ဖြစ်တာမို့
ကောင်းတဲ့အစဉ်အလာလေးတွေကို ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်လည်ရှင်သန်စေချင်နေမိတယ်။ အဲ့ဒီအခါကျရင်တော့ ရွာကျောင်းကခေါင်းလောင်းသံတင်မဟုတ်ဘဲကျောင်းသူကျောင်းသား
လေးတွေရဲ့ဘုရားရှိခိုးသံလေးတွေကိုပါစိတ်ကူးထဲမှာမျှော်လင့်ကြားယောင်ရင်းနဲ့...
အဲ့ဒီတစ်နေ့ဆိုတာကိုရောက်ဖို့အတွက်လိုအပ်တာလေးတွေကိုဆည်းပူးလေ့လာရင်း ရင်ခုန်စွာနဲ့စောင့်စားနေမိပါတယ်...။

ငယ်စဉ်က ပညာရည်နို့သောက်စို့ခဲ့ရာ ပုပ္ပားတောင်ခြေစကားဝါမြေမှ စာသင်ကျောင်းလေးနဲ့အတူ အနာဂတ်ရဲ့မျိုးဆက်သစ် ကျောင်းသားလူငယ်လေးများသို့အမှတ်တရ....
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment