Pages

Thursday, June 9, 2011

လေ့လာရေးခရီးတစ်ခေါက်

 ပြီးခဲ့တဲ့ 5.06.2011 နေ့က ဆရာမနဲ့အတူ လေ့လာရေး သွားဖြစ်ပါတယ်။ လေ့လာရေးဆိုလို့ တခြားဝေးဝေး လံလံ မဟုတ်ပါဘူး။ သုံးနှစ်တာအတွင်း မရောက်သေးတဲ့ နေရာလေးတွေကို သွားတာပါ။ တချို့နေရာလေးတွေလည်း ရောက်ပြီးသားတွေပေါ့။ ဒါပေမဲ့ ရာသီဥတု သာယာတဲ့အချိန်မှာ မြင်ရတဲ့ မြင်ကွင်းတွေက တစ်မျိုးကြည့်ကောင်းတာကြောင့် နောက်တစ်ခေါက်ထပ်လည်တာပါ။ အောက်မှာ လက်ဆော့ထားတဲ့ ဓာတ်ပုံလေးတွေ ကြည့်သွားပါအုံးဗျာ။ ဗဟုသုတပေါ့။

 မြေအောက်ဘူတာရုံတစ်နေရာ

 မြေအောက်ရထား

 ရေပန်းတွေဝေေ၀ဆာဆာ
 ပထမဆုံး အာကာသယာဉ်မှုး ဂါဂါရင် စီးခဲ့တဲ့ အာကာသယာဉ်
 ကောင်းကင်ပြာနောက်ခံနဲ့ အာကာသကို တက်တော့မည့်အလား


 အောက်ခြေက အဆောက်အအုံအောက်ထဲမှာ အာကာသပြတိုက်ရှိပါတယ်။ အထဲမှာ အာကာသနဲ့ဆိုင်တာတွေ အာကာသယာဉ်တွေကို ပြသထားတယ်။ အာကာသယာဉ်ကို အသေးစိတ်ပြထားတာ အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။

ဒါကတော့ မြစ်အတွင်းက ရေပန်းတွေဆောင်းရာသီဆိုရင်တော့ ရေခဲပြင်တွေပေါ့
 မင်္ဂလာဆောင်တဲ့သူတွေက ဒီတံတားပေါ်မှာ လာပြီး အခုလို သော့လေးတွေ ခတ်ကြတယ်တဲ့။ သော့ချောင်းကိုတော့ ရေထဲကို ပစ်ချတယ်ပြောတာပဲ။ ခိုင်မြဲတယ်ဆိုတဲ့ သင်္ကေတပေါ့။
 သော့ ပဒေသာခိုင်လေးပေါ့...
 ဟော့ဒီလို သော့ခလောက် အမျိုးအစားအစုံတွေ့ခဲ့ရတယ်။

 သူတို့တွေကတော့ ဒိတ်အောက်သွားပြီဆိုတော့ လမ်းဘေးရောက်သွားပြီပေါ့
 သော့တွေပေါချက်တော့ဗျာ...အမျိုးအစားအစုံပါပဲ...


 ရာသီဥတု သာယာတော့ ကောင်းကင်မှာတိမ်တွေကလည်း လှနေတယ်
 မြစ်ထဲက လှမ်းမြင်ရတဲ့ ဘုရားကျောင်းတခု


အမိုးစိမ်းစိမ်းက သမတ အလုပ်လုပ်တဲ့ ရုံးလို့ပြောတယ်ဗျ


 မြစ်တွင်းက မြင်နေရတဲ့ ကရင်မ်လင် နန်းတော် တံတိုင်းတွေပါ

 ဒါကတော့ ကရင်မ်လင် အပြင်ဘက် အနီရောင်လွင်ပြင်က ထင်ရှားတဲ့ ဘုရားကျောင်းတခု


 သဘောင်္ပေါ်ကနေ လှမ်းရိုက်ထားတာတွေပါ သူတို့နိုင်ငံမှာ ဒါမျိုးအဆောက်အအုံတွေ ကိုးခုရှိတယ်တဲ့။ မော်စကိုမှာတော့ ခုနှစ်ခု၊ ကျန်တဲ့နှစ်ခုက ယူကရိန်းဘက် ပါသွားတယ်ပြောပါတယ်။
 ဒီသဘောင်္ကတော့ အောက်ထဲမှာ အစားအသောက်ခန်းတွေပါ ပါတယ်။ သားသားနားနားပေါ့နော်။


 အပေါ်က အမိုးခုံးလေးနဲ့ပုံက အော်ပရာပြဇာတ်ရုံတဲ့ ကမ္ဘာမှာ အကောင်းဆုံးဆိုပဲ အသံစနစ်တွေက နားထောင်လို့အရမ်းကောင်းပါတယ်တဲ့ဗျာ။ ဘယ်လိုလုပ်ထားလဲတော့ မသိဘူး။ ဆရာမပြောပြတာပဲ။

 ဒီသဘောင်္ကလည်း သန့်သန့်ပြန့်ပြန့်ပါပဲ။ ကျွန်တော်တို့စီးတဲ့ သဘောင်္ထက်ကောင်းတယ်။
ဒါကလည်း ဘုရားကျောင်းတခုပါပဲ။ သဘောင်္ပေါ်ကနေ လှမ်းရိုက်ထားတာ။ အပေါ်က မည်းမည်းက တံတားက ယက်မပါသွားတာ။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်ကြပါစေ....။

3 comments:

  1. အဲဒါ ဘယ်နိုင်ငံလဲ ပုံတွေ တော်တော် လှတယ် တိုးတက်ခေတ်မှီတယ်နော်

    ReplyDelete
  2. မင်္ဂလာပါ ရွှေညာသားလေးရေ ဟုတ်တယ် ငွေလမင်း ပြောသလိုပဲ တော်တော်လှတယ် သွားလည်ချင်တယ် ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ

    ReplyDelete
  3. ရွှေညာသားလေးဘလော့ဂ်ကို အလည်ရောက်ခဲ့ပြီး ထူးဆန်းဖွယ်ရာလေးများ ဗဟုသုတအဖြစ် မှတ်သားသွားပါတယ် ကျေးဇူးပါကွယ်

    ReplyDelete