Pages

Friday, June 24, 2011

အစိမ်းကြော်တစ်ခွက်

ရွှေညာသားတို့ ခြေရှည်နေလို့ စာလေးတွေရေးဖို့ အဆက်ပြတ်နေတယ်ဗျာ။ အပြီးမသတ်ရသေးတဲ့ စာလေးတွေလည်း ပြီးအောင်ဆက်မရေးဖြစ်ဘူး။ အညာအကြောင်း ပြောပြချင်တာလေးတွေက အများကြီး ကျန်နေသေးတယ်။ ချက်ပြုတ်တာကိုလည်း ၀ါသနာပါလို့ ချက်စားဖြစ်တာလေးတွေကိုလည်း ဘလော့မှာတင်ချင်သေးတယ်။ ချင်တာလေးတွေက များနေလို့ ဘာကိုအရင် လုပ်ရမှန်းမသိအောင်ပါပဲဗျာ။ ဒီနေ့တော့ စာတွေသိပ်အများကြီး ရေးချိန်မရလို့ မနေ့က ချက်စားဖြစ်တဲ့ အစိမ်းကြော်ပုံလေးတွေ ရှိတာကို တင်ပေးလိုက်ပါကြောင်း...။

အစိမ်းကြော်မှာပါဝင်တာလေးတွေကတော့ ပဲပြား၊ အာလူး၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ တလောက ပင်လယ်စာလက်ကျန်နည်းနည်း နဲ့ ကျန်တာတွေက ဟင်းခတ် အမွှေးအကြိုင်လေးတွေပါပဲ။


 ထမင်းမြိန်စေမယ့် အစိမ်းကြော်တစ်ခွက်





အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ...။

2 comments:

  1. ဆရာချက်တဲ့ဟင်းတွေအားလုံးကောင်းတယ်
    စာဖတ်ပြီးလုပ်စားဖြစ်ပါတယ်ရှင်။
    ရွှေညာသားလေးကို ဆရာမှန်းခုမှသိတာ။
    ဆရာချမ်းမြေ့ပါစေရှင်။

    ReplyDelete
  2. မစပယ်... ဘယ်ကသတင်းရပါလိမ့်(ဟဲ...ဟဲ) ဆုမွန်ကောင်းအတွက် ကျေးဇူးတင်ပါတယ်ဗျာနော်...။

    ပျော်ရွှင်ပါစေ...။

    ReplyDelete