ဒီနေ့ဆို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ခူးလဆန်း(၁၄)ရက် နှစ်ဆန်းတစ်ရက်နေ့ ရောက်ပါပြီ။ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရှေ့ဆက်ရမည့် ဘ၀ခရီးလမ်းကို အေးချမ်းပျော်ရွှင်ပြီး သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းများ တောင်းပေးပါတယ်။
ပြီးခဲ့နှစ်ဟောင်းမှာ ကျွန်တော်ရေးသားသမျှလေးတွေကို လာရောက်အားပေးကြတဲ့ အွန်လိုင်းက ကျွန်တော့်မိတ်ဆွေ ညီအစ်ကို မောင်နှမ တစ်တွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နှစ်သစ်မှာလည်း ဆက်လက်ပြီး လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
အမျိုးမျိုးသော အကြောင်း ကြောင်းတွေကြောင့် အမိမြန်မာပြည်နဲ့ခွဲပြီး အဝေးတစ်မြေမှာ ရောက်နေကြရတဲ့ ကျွန်တော့်ညီအစ်ကို မောင်နှမတွေ ရောက်ရာဒေသမှာ ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေ ချောမွေ့ကြပါစေ။ ပညာသင်ကြား နေကြတဲ့ ညီအစ်ကိုမောင်နှမတွေလည်း ပညာရေးမှာ အခက်အခဲ အတားအဆီးမရှိ လွယ်ကူချောမွေ့စွာနဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးနိုင်ကြပါစေ။ ဖြေဆိုရမည့်စာမေးပွဲများကိုလည်း အမြင့်ဆုံးအဆင့်မှ အောင်မြင်နိုင်ကြပါစေ။
အားလုံးထဲမှာမှ အဓိကကျတဲ့ ကျန်းမာရေး ကောင်းမွန်ပြီး စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ အဝေးရောက် ချစ်သူစုံတွဲများလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေ။ လူပျိုကြီးအစ်ကိုများ၊ အပျိုကြီးမမများလည်း နှစ်သစ်မှာ ဖူးစာရှင်ရှာတွေ့နိုင်ပါစေဗျာ။။။။ အခုလို ဆုပေးရသော အကျိုးအားကြောင့် ကျွန်တော်ရွှေညာသားလေးလည်း လူပျိုကြီးဘ၀မှ အမြန်လွတ်မြောက်ရပါစေ……:):):):)
6 comments:
ရွှေညာသားလေးလဲ နှစ်သစ်မှာ လိုအင်မှန်သမျှ ပြည့်စုံပြီးအမြန်ဆုံးလူပျိုကြီး ဘ၀မှ ကျွတ်ပါစေ။ ဒါထက်စကားမစပ် အိမ်ထောင်ပြုယင် ရွှေညာသူလေးပဲ
လား ဒါမှမဟုတ် ရန်ကုန်သူလေးပဲ ဖြစ်မလားဆိုတာ စိတ်ဝင်စားမိတယ်နော။
အမေ့အကြိုက် အညာသူလေးပဲ ဖြစ်မယ်ထင်တယ်နော်။ :) မယု
ပေးတဲ့ဆုနဲ့ ပြည့်ဝရပါလို၏ အစ်မ မယုရေ... ဟိုစကားပုံလေးတောင်ရှိ မဟုတ်လား မယားတောသူ ဆိုတာလေ....ဟဲဟဲ..စတာပါဗျာ... အဖေနဲ့အမေကို ကျေးဇူးဆပ်လို့မ၀သေးဘူး...လူပျိုကြီး ဇာတာက တသက်လုံးဆိုရင်တော့ ဘယ်တတ်နိုင်မလဲနော်....ပျော်ရွှင်ပါစေဗျာ.....
အကိုရေ အတူတူပဲနော်....
အဟီးးးး
ခြွေတာတာ ဆုတောင်လေးတွေကို ...:):):)
မင်္ဂလာရှီသောနှစ်သစ်လေး ဖြစ်ပါစေအကို။
ဆုတောင်းပေးတဲ့ လူရော၊ ကျွန်တော်ရော၊ အားလုံးရော ပြည့်စုံရပါလို၏
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
you too ..
Post a Comment