သင်္ကြန်သီချင်းတွေ နားထောင်တိုင်း မရိုးနိုင်တဲ့ သီချင်းလေးတွေထဲမှာ “မြူမှောင်ဝေကင်း” ဆိုတဲ့သီချင်းလေး ကလည်း တစ်ပုဒ်အပါအ၀င်ပဲနော်။ သင်္ကြန်ဒိုးသံ တွေများများမပါပေမဲ့ သံစဉ်လေးက ငြိမ့်ညောင်းပြီး နားထောင်ရတာ ကျက်သရေရှိလှတယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာတုန်းက မောင်မယ်သစ်လွင် ကြိုဆိုပွဲလုပ်တိုင်း ဖျော်ဖြေရေးပိုင်းကို ဒီသီချင်းလေးနဲ့စပြီးဖွင့်တာ နှစ်စဉ်ပါပဲ။ ကျွန်တော်သူ့ငယ်ချင်း တစ်ယောက်က အကနဲ့ဖျော်ဖြေတယ်။ ဒူးလောက်ထိတဲ့ သူ့ဆံကေသာမှာ ပိတောက်ပန်းတွေ ဝေနေအောင်ပန်ပြီးတော့ ငြိမ့်ငြိမ့်ညောင်းညောင်း ကပြတာကလည်း သီချင်းနဲ့လိုက်ဖက်လှတယ်။ ခေတ်စနစ်တွေ ပြောင်းလာတော့ နောက်များဆို သင်္ကြန်ဒိုးသံမှ ကြားရပါအုံးမလား မသိဘူးနော်။ အခုနောက်ပိုင်း သီချင်းအတော်များများက သင်္ကြန်သီချင်းလို့သာ ပြောတယ် သင်္ကြန်ဒိုးသံကို မပါတော့ဘူးဗျာ။ ကျောင်းမှာဆရာမတွေကို သင်္ကြန်ရောက်ခါနီးရင် သင်္ကြန်အကြောင်းတွေကို ပြောပြောပြတာ။ သင်္ကြန်သီချင်းနဲ့ အကတွေ ရေကစားကြတာတွေကို ပြတော့ သူတို့ပါပျော်ပြီး လက်ကလေးတွေ မချိုးတတ်ချိုးတတ်နဲ့ လိုက်ကတယ်။ အဲ့ဒီလောက်အထိ ကျွန်တော်တို့ သင်္ကြန်ဒိုးက စိတ်ကိုပျော်ရွှင်စေတာဗျ။ ဒီခေတ်ဆိုပုံ ကပုံတွေများ ပြလိုက်ရင်တော့ အရင်က ကိုယ်ပြောထားတာတွေက လိမ်ညာပြီးပြောတယ်လို့ တောင်ထင်သွားနိုင်တယ်။ ဒါပေမဲ့လေ သွားပြောပြန်ရင်လည်း ဒီခေတ်ကြီးမှာ ပြောတဲ့သူတာ အရူးဖြစ်မှာလေ။ ဒါကြောင့် ကျွန်တော်ရှာတွေ့တဲ့ အရင်တုန်းက “မြူမှောင်ဝေကင်း” သီချင်းလေးကို အလည်လာရင်း နားဆင်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ ကျက်သရေရှိလှတဲ့ သင်္ကြန်ရေသဘင်ဒိုးနဲ့ သင်္ကြန်သီချင်းတွေ ပျောက်ပျက်သွားမှာကို စိုးရိမ်မိတယ်ဗျာ။
အလည်လာရောက်ကြတဲ့ ကျွန်တော့် ညီအစ်ကို မောင်နှမတစ်တွေ အားလုံး နှစ်သစ်မှာ ကျန်းမာရွှင်လန်း အေးချမ်းကြပါစေ...
4 comments:
လာပြီး နားထောင်တယ်ကွာ...။ သင်္ကြန်သီချင်းကောင်းတွေ ပျောက်သွား
မှာ တကယ်စိုးရိမ်မိပါရဲ့...
အဝေးရောက်မှ ပိုလွမ်းမိတယ်ဆို ပိုမှန်မယ် ထင်တယ် အကို...
ခံစား အားပေးသွားလျှက်
ကောင်းသောနေ့ လေးဖြစ်ပါစေအကို။
ပျောက်ကွယ်မှာကိုတော့ တကယ်စိုးရိမ်မိတယ်။
သီချင်းလေးကောင်းတယ်..
Post a Comment