Pages

Saturday, December 29, 2018

အညာသားလက်ရာ စုစည်းမှု

အခုတော့ ဒီဇင်ဘာကျောင်းပိတ်ရက်တဆောင်လုံးနီးပါးပြန်ကုန်ကြလို့အဆောင်လည်းတိတ်ဆိတ်နေတယ်။
ထမင်းဆိုင်တွေလည်းပိတ်တော့အဆောင်ကျန် international sutdents ​တွေလည်းအပြင်ထွက်မစားရင်
အဆောင်အောက်က 7/11 မှာအသင့်စားခေါက်ဆွဲနဲ့ထမင်းဗူးတွေဝယ်စားကြရတယ်။အိုးခွက်ရှိတဲ့သူတွေ
ကတော့ချက်ပြုကြော်လှော်စားသောက်ကြပေါ့။အညာသားက ထမင်းပေါင်းအိုးတစ်လုံးနဲ့ဒယ်အိုးနီတစ်လုံး
ဆောင်ထားလို့ အဆင်ပြေတယ်။ အခုတင်တဲ့ပို့စ်ကတော့ စိတ်လိုလက်ရရှိတဲ့အခါ တခါတလေချက်စားဖြစ်တဲ့ဟင်းခွက်လေးတွေပါ။

 သဘွတ်သီး ပဲသီး ခရမ်းသီး မုံလာထုပ် နဲ့ ကြက်သားသပြွမ်း

ခရမ်းချဉ်သီးထောင်းစားချင်လို့ ဌာနကမိုက်ခရိုဝေ့ဖ်နဲ့ ခရမ်းချဉ်သီးကိုမီးဖုတ်ပြီး ထောင်းစားတုန်းက
မှတ်တမ်းတင်ထားတဲ့ ခရမ်းချဉ်သီးလူပျိုဖျော်း)
 ထမင်းဆိုင်က ပါဆယ်ထုပ်ပြီး စားနေကျ ထမင်းထုပ်ပုံစံ

 ရွှေပဲသီး မုံညှင်းဖူး မုံလာထုပ် ခရမ်းသီး အသီးအရွက်ကြော်
 မျှစ် ခရမ်းသီးချဉ်ပေါင် ချဉ်စပ်


 မုံလာဥနီ ပန်းမုံလာ ဖြူစိမ်း ပြောင်းဖူးအသေး ရွက်စုံကြော်

 အိမ်မှာအမေမကြာခဏချက်တတ်တဲ့ ပင်စိမ်းရွက်ခရမ်းချဉ်သီးငရုတ်သီးစပ်
 ညဈေးတန်းကို သူငယ်ချင်းနဲ့သွားလည်တာ ထိုင်စရာနေရာမရှိလို့ ပါဆယ်ထုပ်ပြီး အဆောင်ရောက်မှရေနွေးသောက်ရင်း စားရတဲ့ သဘောင်္သီးထောင်း ပှုဇွန်လုံးတွေထည့်ထောင်းပေးလိုက်တာ မစားရဲလို့ ဘေးဖယ်ထားလိုက်တယ်း)


 ရာထူးတိုး နဲ့ အတန်းပြီးတဲ့ အထိမ်းအမှတ် ခေါက်ဆွဲကြော် စားလို့ကောင်းလို့
သူငယ်ချင်းတွေက ခေါက်ဆွဲကြော်စားတိုင်း ကိုအညာသားလက်ရာကို သတိရနေတော့မှာတဲ့း)
သီးစုံရောသမမွှေ
 ဒါလည်း အမေ့လက်ရာကိုသတိရလို့ ချက်စားတဲ့ ငါးပိချက် ပေါက်ပန်းဖြူရွက်ပြုတ်နဲ့ အလွန်လိုက်ဖက်တဲ့ ဟင်းပါး)
 တို့စရာအစုံ ပေါက်ပန်းဖြူရွက်ပြုတ်နဲ့ဗူးညွှန်ပြုတ်တာပါသေးတယ်
 ဝက်သားနဲ့ ပိန္နဲသီး သပြွမ်း
 ဒီဟင်းချက်တဲ့နေ့က ထမင်းအိုးလုံးပြုတ်တယ်း)

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။အညာသားရဲ့အိမ်လေးဆီလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

No comments:

Post a Comment