ကျောင်းအပြန် မှောင်စပျိုးချိန် အဆောင်ဝရံတာကနေ တောင်တန်းတွေဆီမျှော်ကြည့်မိခိုက်
အတိတ်က ဖြတ်သန်းခဲ့ရာ အညာမြေကအရိပ်တွေဆီခဏတာပြန်ရောက်သွားခဲ့တယ်။
မနက်အိပ်ယာထချိန်နဲ့ ညနေကျောင်းပြန်ချိန်တိုင်း နှုတ်ဆက်ဖြစ်တဲ့ အဖော်မွန်လေးများ
တသက်တာ ပျော်ရွှင်မှုအတွက် သစ်ပင်စိုက်ပါတဲ့
ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ အဆောင်ပေါ်မှမြင်ရတဲ့ ကန်ရေပြင်
တခုသောညနေ အလုပ်တွေခဏထားပြီး ဌာနအောက်ဆင်း လေကောင်းလေသန့်ရှုရင်း
ကောင်းကင်ပြာအောက်မှာ လှပနေသော ကျောင်းထဲက ရွှေဖရုံသီးအဆောက်အအုံ လက်ချာဟောခန်း လေးခုရှိတယ် ကျောင်းသူကျောင်းသားအများကြီးဆန့်တဲ့ သီရေတာ တွေပေါ့
ဘာပန်းခေါ်သလဲ မသိပေမဲ့ ကျောင်းသွားလမ်းဘေးမှာ အမြဲတမ်းပွင့်တတ်တဲ့ လောကကိုရှိသမျှအလှနဲ့ အလှဆင်ပြီး တာဝန်ကျေပွန်နေတဲ့ ပန်းတစ်ခက်
စိန်ပန်းဝါ လို့ခေါ်သလားမသိ အပွင့်ချင်းဆင်တဲ့ ခရမ်းရောင် လည်းတွေ့တယ်
တောင်ခိုးတွေဝေတဲ့ တစ်ခုတော့ ဒီဇင်ဘာ နေ့တနေ့
အဲ့ဒီနေ့က ဒီမြင်ကွင်းတွေကိုငေးရင်း ပုပ္ပားမြေက အမေ့အိမ်ကိုလွမ်းမိတယ်
ရှိသမျှအလှနဲ့ လောကကို အလှဆင်နေတဲ့ သစ်ခွပန်းတွေ
ကျောင်းဝန်းထဲမှာပဲ အမည်မသိတဲ့ နောက်ထပ် ပန်းတစ်မျိုး သူ့အလှနဲ့သူ လောကကို အလှဆင်နေရဲ့
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။အလည်လာတဲ့
အတွက်ကျေးဇူးတင်ပါတယ်။
အားပေးမှုကိုလေးစားလျက်
ရွှေညာသား
0 comments:
Post a Comment