မုန့်လုံးရေပေါ် လူစုံလုံးတော့ အရွယ်စုံစားရတယ်
သင်္ကြန်အကျ နေ့တုန်းက ကျောင်းမှာရှိတဲ့မြန်မာမောင်နှမတစ်တွေစုပေါင်းပြီးမြန်မာထမင်းဟင်းနဲ့မုန့်လုံးရေပေါ်လုပ်စားဖြစ်ကြတယ်။ကျောင်းက ၅ ရက်လောက်ပိတ်တော့နယ်ခံကျောင်းသားတွေအားလုံး
နီးပါးပြန်ကြတယ်။အဆောင်မှာနိုင်ငံခြားကျောင်းသားတွေနဲ့ထိုင်းအနည်းငယ်ပဲကျန်ခဲ့တယ်။ထမင်းဆိုင်တွေ
လည်းပိတ်ကုန်တော့ကိုယ်ရှိတဲ့ခေါက်ဆွဲလေးပြုတ်စားကြော်စားရတယ်။မိန်းခလေးဆောင်ဘက်ကထမင်းချက်
စားဖို့သတင်းပေးတော့ညနေစာကိုကျောင်းကမီးဖိုဆောင်မှာစုပြီးချက်စားကြတယ်။ရွှေညာသားနဲ့မီးဖိုချောင်က
ရင်နီးနေတော့မီးဖိုနဲ့ဒယ်အိုးမြင်တာနဲ့ချက်ပြုတ်ကြော်လှော်ချင်စိတ်ကတဖွားဖွားဖြစ်လာတယ်။အပြင်မှာ
သူများတွေမုန့်လုံးလုံးနေတာကူလုံးပြီးအထဲဝင်တော့ဟင်းချက်နေတဲ့အဖွဲ့နားရောက်သွားတယ်။တချို့က
ဟင်းချက်တတ်တာသိတော့ဟင်းကူချက်ဖို့ပြောကြတယ်။ငိုချင်ရဲ့လက်တို့ဆိုသလို ချက်ချင်လျက် အိုးတွေ့
ဘာချက်ဖို့ကျန်သေးလဲမေးပြီး ပဲကုလားဟင်းကူချက်ပေးလိုက်ပါတယ်။
စားလို့ကောင်းတဲ့ထမင်းဝိုင်းပါပဲ။ကိုယ်စိတ်ကြိုက်မဟုတ်ပေမဲ့သူတို့မှာရှိတာနဲ့စားလို့ဖြစ်အောင်လက်စွမ်းပြ
ပေးလိုက်ပါတယ်။အားလုံးထဲမှာပဲကုလားဟင်းမျက်နှာပွင့်သွားတယ်။ကိုယ်တိုင်ကတော့သိပ်ပြီးစိတ်တိုင်းမကျ
လှဘူး။သူများတွေကစားကောင်းတယ်ဆိုတော့လည်းပျော်ပါတယ်။မုန့်လုံးကတော့အကြိုက်ဆုံးပါပဲ။
ကောက်ညှင်းဆန်စစ်တော့ ပါးစပ်ထဲထည့်လိုက်တာနဲ့နူးညံ့ပြီးစားလို့အင်မတန်ကောင်းပါတယ်။
ကောက်ညှင်းကစေးတော့မုန့်လုံးကို ကိုက်လိုက်ရင်သွားချင်ထိသွားတာမုန့်ပါတယ်ဆိုတာကိုမသိရအောင်
စေးနေတာ။စားဖူးသမျှထဲမှာအကြိုက်ဆုံးမုန့်လုံးရေပေါ်ပါ။အိမ်မှာဆို အလွန်းဆုံး ငါးလုံးပဲ ပိုမစားဘူး။
ကောက်ညှင်းနဲ့ဆန်ကြမ်းရောပြီးလုံးတော့ဝါးရတာထန်းလျက်ကုန်သွားရင်ပေါ့သွားတာ။အခုကအဲ့လိုမဟုတ်
စေးစေးလေးနဲ့စားလို့ကောင်းတာ။နောက်ဆုံးအားလုံးသိမ်းဆည်းပြီးလို့အဆောင်ပြန်တော့ကျန်နေတဲ့မုန့်လုံး
ကိုယောကျာ်းလေးဆောင်ဘက်တထုပ်၊ငါးခြောက်ကြော်ကျန်တာလည်းတဝက်ခွဲထည့်ပေးလိုက်တယ်။
ညပိုင်းဗိုက်ဆာတော့မုန့်လုံးရေပေါ်ထပ်စားကြတယ်။အဲ့ဒီအချိန်မှာတလုံးနဲ့တလုံးကတော်တော်ကပ်နေပြီ
မနည်းဆွဲခွာပြီးစားရတယ်။
အညာသားလက်ရာ ပဲကုလားဟင်း
သင်္ကြန်စာလွတ်ပြီလို့တွက်ထားပေမဲ့မမျှော်လင့်ဘဲသူတို့စီစဉ်တဲ့မြန်မာထမင်းဝိုင်းလေးကမြန်မာပြည်အလွမ်းပြေသင်္ကြန်စာလေးပါ စားလိုက်ရလို့ ကျေနပ်မိပါတယ်။
ငါးခြောက်ကြော်ကလည်း ရှယ်ပါပဲ
ခရမ်းချဉ်သီး ငါးပိချက်
ပဲကုလားဟင်း ခရမ်းချဉ်သီးငါးပိချက် သရက်သီးတို့စရာ
အညာသားလက်ရာ ခေါက်ဆွဲကြော်
ကြက်သွန်နီသံပုရာရည်ဆမ်း ငရုတ်သီးစပ်
သင်္ကြန်တွင်း ထမင်းဆိုင်ပိတ်လို့ ကိုယ်တိုင်ဖန်တီးထားတာ
ကြက်သွန်နီသခွားသီးသံပုရာဆမ်း
ထိုင်း ထမင်းဟင်းတွေနဲ့အကျင့်ဖြစ်နေသော်လည်း တခါတရံမြန်မာထမင်းဟင်းစားရတဲ့အခါဗိုက်ပြည့်လို့
တော်ရတယ်စိတ်ကစားချင်နေတုန်းဆိုတာလို ခေါင်းမဖော်တမ်းလွဲလိုက်ကြတာ အလှူအိမ်ရောက်နေသလို
ပါပဲ။မိဘအိမ်နဲ့ဝေးရာကိုရောက်နေတဲ့အခါအတမ်းတဆုံးကအမေ့လက်ရာထမင်းဟင်းလေးတွေကထိပ်ဆုံး
ကပါဗျာ။အိမ်မှာရှိတုန်းကချဉ်ပေါင်ဟင်းဆိုနှာခေါင်းရှုံ့ချင်ရှုံ့မယ် အိမ်နဲ့ဝေးပြီဆိုရင်တော့အဲ့ဒီဟင်းမျိုးကိုပိုပြီး
တမ်းတတတ်တယ်။တာဝန်တွေပြီးဆုံးလို့ အိမ်ကိုပြန်တဲ့အခါဒီမှာချက်စားခဲ့တာလေးတွေကိုပြန်တမ်းတမိအုံး
မယ်။အစားအသောက်ပုံတွေနဲ့နှိပ်စက်ရတာကိုအားတော့နာမိပါရဲ့ နောင်တချိန်မှာအမှတ်တရလေးတွေကို
ပြန်ကြည့်နိုင်အောင်လို့စုစည်းသိမ်းဆည်းတဲ့သဘောပါ။
နှစ်သစ်မှာအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
1 comments:
စားကောင်းမဲ့ပုံဘဲ။
ပဲကုလားနဲ့ ငါးခြောက်ကြော်လိုက်ပါ့။
အိုင်အိုရာ
Post a Comment