အပြင်ဘက်မှမြင်ရတဲ့မြင်ကွင်းပါ
ဒီတခါတော့ထီလာပုဂံလို့ပြောကြတဲ့ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းဘေးကမုန်တိုင်စံပြကျေးရွာမှာရှိတဲ့ရှေးဟောင်းစေတီပုထိုးတွေရဲ့ဓာတ်ပုံလေးတွေမျှဝေပေးလိုက်ပါတယ်။သမိုင်းကိုတော့အတိအကျမဖတ်
ဖူးသေးပါဘူး။ကျောင်းတက်နေစဉ်ကတည်းကဆိုဒီဘုရားတွေဘေးကနေကားနဲ့ဖြတ်သွားတာဘယ်နှစ်ကြိမ်
ရှိမှန်းမသိပါဘူး။ဒါပေမဲ့အထဲကိုမရောက်ဖြစ်ခဲ့ပါဘူး။ဆရာဖြစ်ပြီးတော်တော်ကြာမှဒီနေရာကိုသွားလည်ဖြစ်ပါ တယ်။ နီးပြီးတော့မရောက်ဖြစ်တဲ့နေရာလေးတခုပါ။ကားပေါ်ကနေတော့အမြဲတမ်းမြင်နေကြမို့အမှုမဲ့ အမှတ်မဲ့ပါပဲ။တကယ်တမ်းအထဲကိုသွားတော့မှဘုရားတွေရဲ့တည်ထားပုံတွေရှေးဟောင်းလက်ရာ
တွေကိုအနီးကပ်မြင်ရတော့အံ့သြမိပါတယ်။ထုံစံအတိုင်းရှေးဟောင်းယဉ်ကျေးမှုကိုတန်းဖိုးရကောင်းမှန်းမသိ
တော့တချို့နေရာတွေဆိုတော်တော်ပျက်စီးနေပါပြီ။တကယ်သာအမြတ်တနိုးနဲ့စနစ်တကျလေးထိန်းသိမ်းထား
မယ်ဆိုရင်ပုဂံကိုမရောက်ခင်ခရီးတစ်ထောက်နားပြီးလေ့လာစရာနေရာတခုဖြစ်မှာပါ။
သမီးရည်းစားတွေချိန်းတွေ့ရာနေရာတခုအဖြစ်ပဲရှိပါတယ်။ရွာဟိုဘက်ခြမ်းမှာလည်းရှိသေးတယ်လို့ပြောပါ
တယ်။ကျနော်တို့သွားတာကညနေပိုင်းမို့အပြန်မှာမိုးရွာဟန်ပြင်လာလို့တခြားဘက်ခြမ်းကိုတော့မရောက်ခဲ့ပါဘူး။
မိတ္ထီလာကနေလာရင်မော်တော်ကားလမ်းလက်ဝဲဘက်မှာဘုရားတွေရှိပြီးလက်ယာဘက်မှာတော့အုတ်ကျောင်း
ကြီးရှိပါတယ်။အဲ့ဒီမှာတော့ဘုန်းတော်ကြီးကျောင်းလည်းရှိပြီးထိန်းသိမ်းစောင့်ရှောက်ထားလို့မူလအတိုင်းမဟုတ်
ပေမဲ့သပ်သပ်ရပ်ရပ်ရှိပါသေးတယ်။ဘုရားတွေကတော့ပုံထဲမှာမြင်ရတဲ့အတိုင်းသင်္ကန်းရောင်တွေရွှေရောင်တွေ
စေတနာပိုပြီးကပ်လှူပူဇော်ထားလို့မူလအရောင်တော့မရှိတော့ပါဘူး။
ထင်ရာစိုင်းခဲ့ကြတဲ့ဥာဏ်ကြီးရှင်များကြောင့်ရှေးဟောင်းယဉ်ကျေးမှုးတွေတန်ဖိုးရှိလျက်တန်ဖိုးမဲ့ကုန်ကြရတာ
တော်တော်များများပါပဲ။ကဲဒါတွေမပြောတော့ပါဘူး...အခုတော့ပုံလေးတွေပဲကြည့်ပြီးဆက်တွေးကြပါဗျာ။
ဒီဘုရားပေါ်ကနေတက်ပြီးကြည့်ရင် အပေါ်စီးမှမြင်ရတဲ့မြင်ကွင်းက ပိုပြီးလှပါတယ်။ အောက်ကပုံတွေက ဒီဘုရားပေါ်မှရိုက်ထားတာပါ
ဒီအုတ်ကျောင်းဆောင်ကတော့မပြင်ရသေးဘူး
အောက်ခြေမှရိုက်ကြည့်တာ
ဘုရားဝန်းအပြင်ဘက်က ရေတွင်း
ဘုရားဝန်းအပြင်ဘက် ရေတွင်းဘေးက ရိုက်တာ
ဘုရားဝန်းအပြင်မှ လယ်ကွင်း
နွားစားကျက်
အတွင်းပိုင်းက ထိုင်တော်မူရုပ်တုတော်
ဘယ်လိုတည်ထားလဲမသိပါဘူးဗျ အထဲကိုဝင်ဖို့မလွယ်ဘူး အပြင်ကနေ ပုံရိုက်ယူတာ
ဒီတခါပြန်ရောက်ဖြစ်ရင်တော့ သမိုင်းကိုသေချာသိရအောင်အချိန်ပေးပြီးလေ့လာအုံးမယ် စိတ်ကူးထားတယ်။သေသေချာချာစနစ်တကျလေးနဲ့ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် တကယ်တန်းဖိုးရှိတဲ့
ခရီးသွားနေရာလေးတခုဖြစ်မှာပါ။ ပုဂံကိုသွားရာလမ်းတလျှောက် ကျောက်ပန်းတောင်းမရောက်ခင် ခရီးတစ်ထောက်နားပြီး လေ့လာစရာနေရာတခုအဖြစ်နဲ့ပေါ့။
ရှု့ခင်းပုံတွေမှတ်တမ်းတင်ရတာဝါသနာပါလို့ကိုယ်မြင်တဲ့ရှု့ထောင်ကနေကြိုက်နှစ်သက်သလိုရိုက်ထားတဲ့ပုံများ ဖြစ်ပါတယ်။ဓာတ်ပုံပညာရှင်မဟုတ်လို့ယူဆတာလေးတွေလွဲကောင်းလွဲနိုင်ပါတယ်ဗျ။သည်းခံပြီးကြည့်ပေးပါ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment