ဒီဟင်းစပ်ကိုအရင်လည်းတင်ဖူးတယ်ထင်ပါတယ်။ဂျပန်မှာတုန်းကအစ်မတစ်ယောက်ကသရက်သီးခြောက်
လက်ဆောင်ပေးလိုက်တာချက်မစားဖြစ်တာကြာပြီ။တနေ့ကမှငါးဟင်းချက်ဖို့စိတ်ကူးမိရင်းနဲ့
သရက်သီးခြောက်ထုပ်ကိုပြန်ရှာပြီးငါးနဲ့ချက်စားဖြစ်ပါတယ်။
အညာချက်ဆိုတဲ့အတိုင်းဆီသတ်ချက်တာမျိုးမဟုတ်ဘဲ၊ဟင်းအိုးထဲကိုကြက်သွန်နီ၊ခရမ်းချဉ်သီးတစ်လုံး၊
ငါးပိကြက်သွန်ဖြူ၊နနွင်းဆားအရသာမှုန့်ဆီအနည်းငယ်ထည့်ပြီးလုံးလိုက်ပါတယ်။အားလုံးနွမ်းသွားပြီဆိုရင်
ရေစိမ်ထားတဲ့သရက်သီးခြောက်သင့်တော်ယုံထည့်ပြီးခဏမွှေပေးပါ။အားလုံးသမသွားရင်ရေထည့်ပြီး
ဆူပွက်အောင်တည်ထားလိုက်ပါ။အရင်ဆုံးသန့်စင်ထားတဲ့ငါးကိုဆားနနွင်းနယ်ပြီးနှပ်ထားပါ။ဟင်းရည်
ဆူပွက်လာရင်ငါးကိုထည့်ပါ။သရက်သီးခြောက်အချဉ်နဲ့မို့ငါးကတောင့်တောင့်လေးနဲ့ဆယ်မိနစ်လောက်
ဆိုရင်ကျက်ပါပြီ။ဟင်းအိုးချခါနီးမှာငရုတ်သီးစိမ်းလေးအုပ်ပြီးထမင်းပူပူလေးနဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီ။
ပင်လယ်ငါးတွေကိုအချဉ်လေးထိန်းပြီးချက်တော့စားရတာအရသာတစ်မျိုးဖြစ်စေပါတယ်။အခုတစ်ခါတော့
တီလားပီးယားငါးကိုသုံးထားပါတယ်။ဆီနည်းနည်းနဲ့အချဉ်အရသာလေးစွက်နေတဲ့ငါးသရက်သီးခြောက်
ဟင်းတစ်ခွက်နဲ့တင်ထမင်းစားလို့ဖြစ်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ...။လာရောက်လည်ပတ်ကြတဲ့အတွက်လည်း
ကျေးဇူးအထူးတင်ပါတယ်ဗျာ...။
လက်ဆောင်ပေးလိုက်တာချက်မစားဖြစ်တာကြာပြီ။တနေ့ကမှငါးဟင်းချက်ဖို့စိတ်ကူးမိရင်းနဲ့
သရက်သီးခြောက်ထုပ်ကိုပြန်ရှာပြီးငါးနဲ့ချက်စားဖြစ်ပါတယ်။
ငါးပိကြက်သွန်ဖြူ၊နနွင်းဆားအရသာမှုန့်ဆီအနည်းငယ်ထည့်ပြီးလုံးလိုက်ပါတယ်။အားလုံးနွမ်းသွားပြီဆိုရင်
ရေစိမ်ထားတဲ့သရက်သီးခြောက်သင့်တော်ယုံထည့်ပြီးခဏမွှေပေးပါ။အားလုံးသမသွားရင်ရေထည့်ပြီး
ဆူပွက်အောင်တည်ထားလိုက်ပါ။အရင်ဆုံးသန့်စင်ထားတဲ့ငါးကိုဆားနနွင်းနယ်ပြီးနှပ်ထားပါ။ဟင်းရည်
ဆူပွက်လာရင်ငါးကိုထည့်ပါ။သရက်သီးခြောက်အချဉ်နဲ့မို့ငါးကတောင့်တောင့်လေးနဲ့ဆယ်မိနစ်လောက်
ဆိုရင်ကျက်ပါပြီ။ဟင်းအိုးချခါနီးမှာငရုတ်သီးစိမ်းလေးအုပ်ပြီးထမင်းပူပူလေးနဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီ။
တီလားပီးယားငါးကိုသုံးထားပါတယ်။ဆီနည်းနည်းနဲ့အချဉ်အရသာလေးစွက်နေတဲ့ငါးသရက်သီးခြောက်
ဟင်းတစ်ခွက်နဲ့တင်ထမင်းစားလို့ဖြစ်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ...။လာရောက်လည်ပတ်ကြတဲ့အတွက်လည်း
ကျေးဇူးအထူးတင်ပါတယ်ဗျာ...။
အားပေးမှု့ကိုအစဉ်လေးစားလျက်
ရွှေညာသားလေး
0 comments:
Post a Comment