လတ်ဆတ်လွန်းတဲ့အသီးအရွက်တွေကိုကောက်ထည့်လာတာဈေးနှုန်းတွေကြည့်တော့မှမျက်လုံးပြူး
သွားတယ်။ဒါပေမဲ့မစားဘဲမနေနိုင်လို့ဈေးအရမ်းမြင့်တာတွေကိုပြန်ထားပြီးသင့်တော်တာလေးတွေကို
တော့ဝယ်လာခဲ့ပါတယ်။အသီးအရွက်တွေလတ်ဆတ်တာကအခင်းကချက်ချင်းခူးထားသလိုပါပဲ။
ဒါပေမဲ့ကြက်သွန်ဥတွေ၊မုံလာဥဖြူတွေ၊ခရမ်းချဉ်သီးတွေကတော့မြင်တွေ့နေကျထက်အရွယ်အစားကြီး
လို့အံသြမိတယ်။ကြက်သွန်နီကတော့သိပ်အဆင်မပြေဘူးတစ်ယောက်ထဲဆိုတော့တစ်ခါတည်းလည်း
မကုန်၊ထက်ခြမ်းခွဲပြီးသုံးတော့လည်းကျန်တဲ့တစ်ခြမ်းကိုထားရတာအဆင်မပြေဘူး။နောက်ဆုံးတော့
အိတ်နဲ့လေလုံအောင်ထုပ်ပြီးရေခဲသေတ္တာထဲထည့်ထားလိုက်တယ်။
ဒီထဲမှာမြင်းခွာရွက်လိုအနံ့ရတဲ့အရွက်တစ်မျိုးပါတယ်..နံနံပင်ထင်ပြီးဝယ်လိုက်တာ
သေချာကြည့်တော့မဟုတ်ဘူးဒါပေမဲ့ဘာအရွက်လဲသိချင်လို့ဝယ်လာခဲ့တယ်။အနံ့ကတော့မြင်းခွာရွက်အနံ့
ထွက်တယ်။အစိမ်းအတိုင်းပဲအတို့အမြှုပ်လုပ်စားလိုက်တယ်။
မုံလာဥဖြူကြီးတွေများဆိုဈေးဝယ်ရင်းရန်ဖြစ်ရင်လက်နက်အထူးရှာစရာမလိုဘူး:)တော်ယုံလူတော့တစ်ချက်လောက်ရိုက်လိုက်တာနဲ့မေ့သွားလောက်တယ်။ဘယ်လိုနည်းပညာတွေသုံးပြီးစိုက်ပျိုးထားလဲမသိပါ
ဘူး။နောက်ပြီးတရုတ်မုံညှင်းထုပ်ဆိုလည်းအကြီးကြီးတွေ။လတ်ဆတ်တာကတော့အတိုင်းထက်အလွန်
ပါပဲ။ပုံထဲမှာပါတဲ့အစိမ်းရောင်တွေကိုကြည့်ရတာနဲ့တင်အသီးအရွက်လတ်ဆတ်တာမြင်နိုင်ပါတယ်။
ပဲပြုတ်နဲ့မျှစ်ကြော်
သူမပါရင်မပြီးတဲ့ရေနွေကြမ်း :) လဘက်ခြောက်ကအမေလူကြုံနဲ့ထည့်ပေးထားတာ:)
မျှစ်ကြော်ထားတာ။အတို့အမြှုပ်လည်းဟိုဟာနည်းဒီဟာနည်းနည်းနဲ့ထည့်လိုက်တာများသွားတယ်။
တစ်ယောက်ထဲဆိုတော့မကုန်မချင်းသိမ်းလိုက်စားလိုက်ပေါ့။
ဆန်စေးတာကိုသိပ်မကြိုက်လို့ထိုင်းဆန်ဝယ်ချက်တာပါ။သူလည်းနည်းနည်းတော့စေးတာပါပဲ။
ဈေးကမြင့်လွန်းလို့ဂျပန်ဆန်နဲ့ပဲအဆင်ပြေအောင်ကျင့်တော့မယ်...
ဘာပဲဝယ်ဝယ်အခွန်က 8% ဆိုတော့ငွေသုံးတာဆင်ခြင်မှဖြစ်တော့မယ် :)
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျာ...။
လေးစားမှုဖြင့်
ရွှေညာသားလေး
3 comments:
ပဲပုတ်ချက်မှတ်နေတာ။
ပဲပုတ်စေ့ကြိုက်တတ်ရင်ဂျပန်မှာဖေါ့ဘူးလေးတွေနဲ့ ရောင်းတဲ့ Natto ဆိုတာကျမတို့ ရှမ်းပြည်ကပဲပုတ်စေ့နဲ့ သိပ်တူတာ။ နဲနဲတော့ချွဲတယ်။
ဒါပေမဲ့အဲဒီမုန်လာဥကြီးကိုချဉ်ရည်ချက်ပြီးအဲဒီပဲပုတ်စေ့ကိုအညာသားလေးချက်တဲ့ပုံစံမျိုးလေးနဲ့ ဆို အထက်ကတို့ စရာမျိုးတွေနဲ့ စားမြီန်မှာသိလား။
It is called parsley and use for salad or sandwich. It looks similar to နံနံပင်.
ဟုတ်ကဲ့..အစ်မအိုင်အိုရာ...ဒီကိုရောက်ပြီးဆေးသွားစစ်ရင်းcoordinatorကဈေးဆိုင်မှာ
အစားအသောက်ဝယ်တာတွေလိုက်ရှင်းပြတော့အဲ့ဒီပဲပုတ်ကိုတွေ့ခဲ့တယ်။သူကတော့
မေးတယ်ကြိုက်တတ်လားတော့မသိဘူးတဲ့ဒီပဲကအနံ့သိပ်မကောင်းဘူးပြောတော့မှပဲပုတ်
ဆိုတာကိုသဘောပေါက်လိုက်တာ...ကျောင်းနားကဆိုင်မှာလည်းတွေ့လို့စားကြည့်ချင်တာ
နဲ့သုံးဗူးတစ်တွဲပါတာကိုဝယ်ပြီးကြော်ထားပါတယ် :) တင်လိုက်မယ်နော်...
Anonymous ကျေးဇူးတင်ပါတယ်ဗျာ...
Post a Comment