Photo from Google images |
ပျော်ရွှင်ဖွယ်ရာသီတင်းကျွတ်အခါသမယဖြစ်ပါစေ။ရွှေညာသားပျောက်နေတာတစ်လကျော်သွားတယ်။
အတားအဆီးတစ်ခုကိုတော့ရုန်းရင်းကန်ရင်းနဲ့ကျော်ဖြတ်ပြီးသွားပြီ။
နောက်ထပ်ကျော်ရမှာတွေအများကြီးကျန်သေးတယ်။ရထားတဲ့စကောလားရှစ်ပရိုဂရမ်ရဲ့သတ်မှတ်ချက်အရ
ဂျပန်နိုင်ငံကို(၈)လသွားရပါအုံးမယ်။အညာသားဒီနှစ်တော့ချယ်ရီတွေပွင့်တဲ့ဆီမှာဆောင်းခိုဖြစ်ပါမယ်။
ဖိလစ်ပိုင်မှာကြုံရတဲ့အခက်အခဲတွေကြောင့်ဂျပန်သွားဖို့ကိစ္စကိုခေါင်းထဲကထုတ်ထားပြီးတတ်စွမ်းသရွေ့လေး
နဲ့လျှောက်လှမ်းနေခဲ့တာနောက်ဆုံးတော့သွားရဖို့အခွင့်သာခဲ့တယ်ပြောရမှာပေါ့။
ဒီစကောလားရှစ်ကိုစပြီးလျှောက်ခဲ့စဉ်တုန်းကလည်းရမယ်လို့မမျှော်လင့်ထားခဲ့ပါဘူး။တကယ်တမ်းအရွေးခံရ
တယ်ဆိုတော့လည်းရခဲလှတဲ့အခွင့်အရေးအတွက်ရှေ့ဆက်တိုးခဲ့မိတယ်။အဓိကရင်ဆိုင်ရတာကတော့
ကိုယ့်မှာရှိတဲ့ဘာသာရပ်အခြေခံနဲ့ကိုယ်ယူရတဲ့ဘာသာရပ်တွေနဲ့မတူတာကလူကိုစိတ်ဓာတ်လုံးလုံးကျတဲ့အထိ
ပါပဲ။နောက်ဆုံးတော့ထွက်လာခဲ့ပြီပဲဘာပဲဖြစ်ဖြစ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအတတ်နိုင်ဆုံးတော့
အားတင်းပြီးလုပ်ကြည့်မယ်လို့ဆုံးဖြတ်ပြီးဆက်လျှောက်ခဲ့ရတာပါ။ကိုယ့်ကိုကိုယ်အားရသလားဆိုတော့အားမရ
ပါဘူး။ဒါပေမဲ့လည်းပေါက်တဲ့နဖူးမထူးတော့ပါဘူးလေဆိုပြီးဆက်လျှောက်နေတာ။လဲကျလိုက်ပြန်ထလိုက်၊
ယိုင်သွားလိုက်ပြန်မတ်လိုက်နဲ့အခက်အခဲဆိုတာကိုကောင်းကောင်းကြီးနားလည်သဘောပေါက်လာတာတော့
အမြတ်ပေါ့လေ။
ပြောရမယ်ဆိုရင်တော့အများကြီးပါပဲ။ကိုယ့်ပေါင်ကိုလှန်ပြီးပြန်မထောင်းချင်တော့လို့ဒီလောက်နဲ့ပဲရပ်တော့
မယ်ဗျာ။ရေးသမျှတင်သမျှအားမနာတမ်းလာအားပေးတဲ့ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးအများကြီးတင်
ပါတယ်။ဒီနေရာလေးမှာရေးခဲ့မိတာတွေထဲကမှားတာတွေလည်းရှိကောင်းရှိခဲ့နိုင်ပါတယ်။အဲ့ဒါကြောင့်စာအား
ဖြင့်ညီအစ်ကိုမောင်နှမတွေအပေါ်မှာစော်ကားမိတာများရှိခဲ့ရင်နားလည်ခွင့်လွတ်ပေးပါလို့သီတင်းကျွတ်အခါ
သမယမှာဝန်ချတောင်းပန်ပါတယ်ခင်ဗျာ....။
ကျနော့်မိတ်ဆွေညီအစ်ကိုမောင်နှမအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသားလေး
2 comments:
အစစအရာရာ အဆင်ပြေချောမွေ့ပါစေ ရွှေညာသားလေးရေ...။ ဘဝဆိုတာ ဒီလိုပါပဲ လဲကျလိုက်ပြန်ထာလိုက်ပဲပေါ့။ ဒါမှသာ ဘဝက အဓိပ္ပါယ်ပြည့်စုံတော့မှာပေါ့။ အခက်အခဲနဲ့ရင်ဆိုင်ရလေလေ အောင်မြင်မှုက အနှစ်သာရ ရှိလေလေပဲတဲ့ ရွှေညာသားလေးရဲ့။ အားပေးစကားပြောတာပါနော်။
အားပေးစကားအတွက် ကျေးဇူးတင်ပါတယ်..မနန်းရွှေမှုံ...
Post a Comment