photo from google images |
ဘယ်မှာရောင်းတာလဲမသိပါဘူးဂူဂယ်ကနေရှာထားတာပါဗျာ...
တမာရွက်ကြိုက်တဲ့သူတွေအတွက်အလွမ်းပြေပေါ့
အညာကတမာရွက်ပြုတ်နည်းကတော့ဒန်အိုးသို့မဟုတ်မြေအိုးနဲ့ရေဆူအောင်အရင်တည်ပါတယ်။
ဆီးသီးခြောက်သို့မဟုတ်မန်ကျည်းသီးမှည့်အနည်းငယ်ထည့်ပြီးပြုတ်ပါတယ်။အခါးကိုအချဉ်နဲ့ထိန်း
တဲ့သဘောပါ။ရောင်းဖို့အတွက်ဆိုရင်အရောင်လှစေရန်တမာရွက်မထည့်ခင်ရေဆူအိုးထဲကိုနနွင်းမှုန့်
တစ်ဇွန်းလောက်ထည့်မွှေပေးပြီးမှတမာရွက်စည်းလေးတွေထည့်ပြီးပြုတ်ပါတယ်။အ၀ါရောင်သန်းလာ
ရင်မီးဖိုပေါ်မှချပြီးအချဉ်ရည်နဲ့စိမ်ထားယုံပါပဲ။အိမ်စားဖို့ဆိုလည်းအချဉ်နဲ့ပြုတ်ပြီးအိုးကိုဒီအတိုင်းအအေး
ခံထားလိုက်ယုံပါပဲ။အချဉ်ဓာတ်လေးနဲ့ဆိုတော့သိပ်ပြီးမခါးတော့ပါဘူး။တချို့စားလို့ကောင်းတဲ့အပင်ဆို
အချဉ်နဲ့ပြုတ်လိုက်ရင်အခါးဓာတ်ကမပါသလောက်ပါပဲ။
Photo from google images |
ငါးပိချက်နဲ့တွဲပြီးတင်ပေးလိုက်တယ်နော်...အကြောတက်ရင်တော့ဆေးမကုတတ်ဘူး...:)
တမာရွက်ပြုတ်ကိုတော့တို့စရာအဖြစ်နဲ့ပဲစားကြတာများပါတယ်။ခရမ်းချဉ်သီးချက်၊ငံပြာရည်ချက်၊
ငါးပိရည်ကျို၊စတာတွေလည်းတွဲဖက်စားလို့အလွန်ကောင်းပါတယ်။စားပြီးရင်အိပ်လို့လည်းကောင်း
ပါတယ်။လူကြီးတွေကတော့အကြောတက်တယ်ပြောတာပဲ။လူငယ်တွေအတွက်တော့ကိုယ်ခံအား
ကောင်းနေသေးတော့သိပ်ပြီးမသိသာပါဘူး။ရွှေညာသားလေးတို့ရွာမှာတမာရွက်ပြုတ်နဲ့တွဲစားတဲ့
ဟင်းတစ်မျိုးကထန်းနည်ဟင်းပါ။ထန်ရည်ခါးပြုလုပ်ပြီးကျန်တဲ့အနည်ကိုဟင်းချက်စားတာအလွန်
စားလို့ကောင်းပါတယ်။ရွာမှာတော့(အလင်)ဆိုပြီးခေါ်ကြတယ်။တမာရွက်ပြုတ်နဲ့အင်မတန်
လိုက်ဖက်တဲ့ဟင်းပါ။
photo from google images |
ဒါကတော့ငံပြာရည်ချက်ကြိုက်သူတွေအတွက်ပါဗျ...:)
ပုံတွေကြည့်ပြီးတော့အကြောတက်ချင်လာသလိုပဲ...:)
တမာရွက်ပြုတ်ကိုသုပ်စားမယ်ဆိုရင်တော့ငါးပိမီးဖုတ်အနည်းငယ်၊ခရမ်းချဉ်သီး၊ကြက်သွန်၊
ကုလားပဲလှော်ကိုမညက်တညက်ထောင်းထားတာနဲ့ဆီစိမ်းဆမ်းပြီးသုပ်စားနိုင်ပါတယ်။ပဲမှုန့်လည်း
သုံးနိုင်ပါတယ်။ရွာမှာတော့ပဲမှုန့်ကကုလားပဲကိုကိုယ်တိုင်လှော်ပြီးအခြမ်းခွဲတာကိုငရုတ်ဆုံမှာ
လိုသလိုထောင်းပြီးသုံးကြပါတယ်။တမာရွက်သုပ်နဲ့တွဲဖက်စားသုံးလေ့ရှိတဲ့ဟင်းတွေကတော့ပဲဟင်းချို၊
ခရမ်းချဉ်သီးချက်၊မန်ကျည်သီးနဲ့ခရမ်းချဉ်သီးရောပြီးနယ်စားချက်ထားတာလေးတွေနဲ့လိုက်ဖက်ပါတယ်။
ငါးပိကောင်ကြော်လေးပါပါရင်ပိုပြီးကောင်းပါတယ်။ရွာမှာကငါးပိကောင်ကိုဟင်းကောင်းလုပ်ပြီးစားရတာမို့
တခါတလေထမင်းဝိုင်းမှာပါတတ်လို့ပါ။
photo credit to www.shutterstock.com |
အခါးကြိုက်တတ်သူများအတွက်ကတော့တမာရွက်ကထမင်းမြိန်စေပါတယ်။ရွာမှာဆိုရင်တော့တမာရွက်
ပေါလို့အိမ်စားဖို့အတွက်ဆိုရင်အဖူးလေးတွေများများပါတဲ့အပင်ကိုရွေးပြီးခူးပါတယ်။အဖူးလေးတွေက
စားရတာပိုပြီးဆိမ့်လို့ပါ။ရွာကလူတွေကတော့ဥလေးတွေဆိုပြီးခေါ်ပါတယ်။တမာဖူးကိုဥလို့ခေါ်တာပါ။
ဒီအချိန်ဆိုတမာရွက်တွေပေါ်စပြုနေပါပြီ။နောက်ပြီးသမားမုန်းလို့ခေါ်တဲ့သမုန်းပွင့်တွေလည်းဒီအချိန်ဆို
ပွင့်ပါပြီ။ဒီပို့စ်ရေးရင်းနဲ့ရွာမှာတုန်းကခြေရှည်ခဲ့တာလေးတွေကိုသတိရမိပါရဲ့ဗျာ။နွေရာသီကျောင်းပိတ်ရက်
ဆိုတောထဲထွက်၊ပျားအုံတွေ့ရင်ပျားဖွတ်၊ထင်းခြောက်ခွေ၊စားလို့ရတဲ့အရွက်တွေ့ရင်ခူး၊ချောင်းရိုးထဲရောက်
တော့ရေချိုးအပူအပင်ကင်းပြီးပျော်စရာအတိနဲ့ပေါ့။အများစုသုံးတာကတော့“တောလည်”တယ်လို့သုံးကြ
တယ်။အိမ်မှာမွေးထားတဲ့ခွေးကိုပါခေါ်လာပြီးတောထဲရောက်တော့အကောင်ဘလောင်တွေ့ရင်သူ့ကလိုက်
ဟောင်၊တကယ်တောကောင်းတဲ့ခွေးကြတော့ပုတ်သင်ညိုတောင်အလွတ်မပေးဘူး။မြင်တာနဲ့ဟောင်တော့
တာပဲ။
Photo from google image |
သြော်..အညာ..အညာ..ပျော်စရာ..လွမ်းစရာ..ဆွေးစရာတွေနဲ့...ပြည့်နေပါလားနော်...။ငါကတော့တစ်ချိန်က
မင်းရင်ခွင်မှာပျော်ရွှင်ခဲ့ရတာလေးတွေကိုပဲပြန်ပြီးမြင်ယောင်ရင်..အညာမဟုတ်တဲ့နေရာကနေမင်းကို
အမြဲတမ်းတသတိရနေပါတယ်ကွာ...။တစ်နေ့တော့မင်းရင်ခွင်ဆီကိုငါပြန်လာနိုင်မှာပါ...ဘာမှလည်းမဆိုင်
သလိုပဲ...:)
တမာရွက်ကြိုက်သူအဝေးရောက်ညီအစ်အကိုမောင်နှမများဒီပို့စ်လေးဖတ်ပြီးအညာအလွမ်းတမာအလွမ်းတွေ
ဖြေနိုင်ကြပါစေ။ရွှေညာသားလေးလည်းတမာရွက်ပုံတွေမြင်ပြီးသွာရည်တွေမျိုချရတာခဏခဏပါပဲ။
စားကောင်းမကောင်းကွန်မန့်လေးတွေချန်ထားခဲ့ပေးဗျာ..:)
အားလုံးကိုလေးစားလျက်
ရွှေညာသားလေး
4 comments:
အခါးကြိုက်တာလို့ တမာရွက်ကြိုလည်းကြိုက်ပါတယ် ကိုရွှေညာသားရယ်....။
ဟင်းချက်ကောင်းလွန်းလို့ ဖိလစ်ပင်းကိုရောက်ရင် ၀င်တောင်လည်ချင်တယ်...။ :P
အလည်ခေါ်ပါဗျို့ ထမင်းအ၀စားချင်လို့ :P
မနီလာကိုရောက်ရင်ဝင်ခဲ့ပါဗျာ..ဖိတ်ခေါ်ပါတယ်...လာလည်တဲ့အတွက်
ကျေးဇူးတင်ပါတယ်။
တမာချဉ်လုပ်ပုံလေး ဖတ်ရကောင်းချက်ဗျာ။ ကျွန်တော်လဲ အခါးကြိုက်တယ်ဗျ။ အညာသားလေးဆီ ခဏခဏ စာအသစ် လာလာမျှော်ဖြစ်ပါတယ်။ ကွန်မန့်သာ ရေးမသွားတာ။ အညာအလှူလဲ ဖတ်လို့ကောင်းတယ်။ ဆက်ရေးပါဦး။
အမြဲလာလည်တယ်ဆိုတာသိရလို့ဝမ်းသာမိပါတယ်ဗျာ...။နောက်လည်းလာလည်ပါအုံး...
အတတ်နိုင်ဆုံးတော့ရေးဖြစ်တာလေးတွေတင်ပါတယ်။ဒီနေရာလေးကကျနော့်ရဲ့
စိတ်အပန်းဖြေရာထွက်ပေါက်လေးတခုပါ...။အညာအကြောင်းလေးတွေလည်းအဆင်ပြေသလို
ထပ်ရေးပါအုံးမယ်...။
Post a Comment