စကားဝါပန်းလေးတွေကတော့ရပ်ကွက်ထဲမှာညနေပိုင်းလမ်းလျှောက်ထွက်ရင်းနဲ့ဘုရားကျောင်းရှေ့မှာ
ရောင်းနေတာတွေ့လို့ဘုရားလှူဖို့ဝယ်လာခဲ့တာပါ။
ရွှေညာသားလေးတို့ကျောင်းထဲမှာလည်းလူတစ်ရပ်ကျော်ကျော်လောက်ရှိတဲ့စကားဝါပင်လေးရှိပါတယ်။
ဒါပေမဲ့သူကပွင့်တဲ့စကားဝါပန်းကဒီပန်းလိုအ၀ါရောင်မဟုတ်ပါဘူး။အဖြူရောင်ပွင့်တာပါ။အပင်ကလည်း
အ၀ါပင်နဲ့တူပါတယ်။အနံ့ကလည်းအတူတူပါပဲ။ဒါပေမဲ့သူကတော့စကားဖြူပွင့်တယ်ဗျ။ဖုန်းနဲ့ဓာတ်ပုံရိုက်ထား
တာရှိပါတယ်။ကွန်ပျူတာထဲကိုကူးဖို့ကြိုးမရှိတာနဲ့မကူးဖြစ်တာပါ။
ပုပ္ပားမှာလည်းဒီအချိန်ဆိုစကားဝါပန်းတွေပေါနေလောက်ပြီထင်တယ်ဗျ။သင်္ကြန်မတိုင်ခင်ဆို
ကျောက်ပန်းတောင်းဈေးထဲမှာစကားဝါပန်းတွေဝယ်လို့ရနေပြီ။
ဒီကစကားဝါပန်းကတော့သူတို့ဘုရားကျောင်းမှာရောင်းတာဆိုတော့စံပယ်ဖူးလေးတွေပါရောပြီးပုံထဲကအတိုင်း
သီကုံးထားတယ်။ဘုရားလှူစရာပန်းဝယ်လို့အဆင်ပြေတာကြောင့်အဲ့ဒီဘုရားကျောင်းဘက်ကိုမကြာခဏ
လမ်းလျှောက်ထွက်ဖြစ်တယ်။
အားလုံးကျန်းမာချမ်းသာကြပါစေဗျာ။သင်္ကြန်နီးလာတော့သင်္ကြန်သီချင်းတွေနားဆင်ရင်းစိတ်တွေတက်ကြွနေ
တယ်။စာကြည့်ရင်းသင်္ကြန်သီချင်းလေးတိုးတိုးဖွင့်ထားပြီးကိုယ့်ဘာသာပျော်ရွှင်မှုကိုဖန်တီးနေပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
ရွှေညာသားလေး
0 comments:
Post a Comment