အသားဟင်းတွေလည်းမစားချင်တော့အကြော်သံသရာထဲလည်နေတာတော်တော်ကြာသွားပါပြီဗျာ။
ဒီတစ်ခါတော့ပဲပြား၊ပဲသီး၊တရုတ်မုန်ညှင်းကိုရွှေအပ်မှိုဆိုတာလေးနဲ့ရောပြီးကြော်ထားပါတယ်။ကြော်
နည်းကလည်းလွယ်လွယ်လေးပါပဲဗျ။အရင်ဆုံးပဲပြားကိုအနည်းငယ်ခြောက်သည်အထိကြော်ပါတယ်
ပဲပြားတွေကျက်တော့ဒယ်အိုးထဲကဆယ်ယူထားပြီးကျန်တဲ့ဆီနဲ့ပဲကြက်သွန်နီလေးစိတ်ထိုး၊ကြက်
သွန်ဖြူဓားပြားရိုက်ထားတာနဲ့ဆီသတ်၊ပဲသီးထည့်ပြီးတရုတ်မုန့်ညှင်းထည့်အားလုံးနွမ်းသွားတော့မှ
မှိုကိုထည့်ပါတယ်။မှိုလေးတွေကျက်တော့မှပဲပြားကြော်လေးကိုကတ်ကြေးနဲ့ညှပ်ပြီးထည့်ပါတယ်။
အရသာအပေါ့အငန်မြည်းပြီးနောက်ဒယ်အိုးကိုမီးဖိုပေါ်မှချပါတယ်။ဒီဟင်းတစ်မည်တည်းငရုတ်သီး
ဆားထောင်းလေးနဲ့ထမင်းပူပူလေးတွဲဖက်ပြီးတစ်ရက်တာအတွက်ဖြေရှင်းလိုက်ပါတယ်။
အလည်လာတဲ့မောင်နှမတွေအတွက်ပုံလေးတွေတင်ပေးလိုက်ပါတယ်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ရွှေညာသားလေးမှဆုတောင်းမေတ္တာပို့သ
အပ်ပါတယ်ဗျာ။
အားပေးမှုကိုကျေးဇူးတင်လျက်
ရွှေညာသားလေး
0 comments:
Post a Comment