ချက်စားဖြစ်တာတော့ကြာပါပြီ။တင်မယ်ကြံလိုက်တိုင်းအဆင်မပြေဖြစ်လိုက်တိုင်းမို့စုထားတာတဲ့ပုံ
လေးတွေရှယ်လိုက်ပါတယ်။ကုလားပဲဟင်းချိုထဲကိုကင်းပုံရွက်၊ဒန့်သလွန်ရွက်ထည့်ပြီးချက်ထား
တာပါ။သူနဲ့လိုက်ဖက်တာလေးကတော့မန်ကျည်းသီးစိမ်းထောင်းစပ်စပ်လေးပေါ့ဗျာ။ဒီနိုင်ငံမှာ
နေရတာမြန်မာပြည်ကအသီးအရွက်မျိုးတွေအတော်များများဝယ်လို့ရတာကြောင့်စိတ်ချမ်းသာ
တယ်။အသားဟင်းကိုသိပ်မခုံမင်တဲ့ကျုပ်အတွက်အဆင်ပြေတယ်။
မန်ကျည်းသီးထောင်း |
ပဲနဲ့ဟင်းရွက်စိမ်းဟင်းချို |
ဒီနေ့အဆင်ပြေနေလို့ထပ်ပြီးတင်လိုက်ပါတယ်။errorစာတမ်းတက်မလာသေးလို့ပျော်မိတယ်။
မဟုတ်ရင်ရေးနေရင်းစိတ်ဓာတ်ကျပြီးဖျက်ဖျက်ပစ်ရလွန်းလို့ဗျာ။ကျေးဇူးတင်ပါတယ်မောင်ရင်
ရေ။လာလည်ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ဗျာ...။စိတ်ချမ်းသာကိုယ်ကျန်းမာ
ပြီးအစစအဆင်ပြေကြပါစေလို့ရွှေညာသားလေးမှဆုတောင်းမေတ္တာပို့သပါတယ်။
အမြဲလေးစားလျက်
ရွှေညာသားလေး
2 comments:
ပဲဟင်းကိုဒီတိုင်းမကြိုက်ဘူး။ မစားဘူး။ အရွက်ခတ်လိုက်တာနဲ့ စားတော့တာဘဲ။
ကောင်းလိုက်တဲ့ဟင်းလေးတွေ။
စားချင်စရာ။
အစစအရာရာအဆင်ပြေပါစေ။
အိုင်အိုရာ
မအိုင်အိုရာရေ...အမြဲလာလည်တဲ့အတွက်ကျေးဇူးပါဗျာ။
ရွှေညာသားလေးတို့ဆီမှာမိုးတွင်းဆိုရင်ပဲဟင်းချိုကနေ့လည်စာ
တိုင်းပါတယ်လေ။ပဲနည်းနည်းအရွက်များများလေးပေါ့။တောထဲယာထွန်
ရင်းနွားနားတဲ့အချိန်ဆူးပုတ်ရွက်၊ကျီးအာရွက်၊ငလျှာ(နွားလျှာ)ရွက်စတဲ့
အရွက်လေးတွေခူးပြီးထွန်ရှဉ်းဖြူတ်လို့အိမ်ပြန်ရောက်တာနဲ့
ဟင်းချိုအိုတည်ပြီးစောင့်နေတဲ့အမေ့ကိုပေးလိုက်ရင်ထမင်းပွဲမှာ
ဟင်းတစ်ခွက်ပါပြီပေါ့။မိုးတွင်းဆိုရင်အခုလိုဟင်းလေးတွေမကြာခဏ
စားရတယ်ဗျာ။
Post a Comment