တနေ့ကမိုးတွေစွေတုန်းမှာကြော်စားဖြစ်တဲ့အကြော်စုံလေးတွေပါ။ဆိုဒါမပါတော့သိပ်ပြီးမရွပါဘူး။
မိုးစွေတဲ့အချိန်ပြောင်းဖူးစေ့ကုလားပဲပြုတ်စားချင်သော်လည်းမရှိတာမို့အကြော်ပဲကြော်စားဖြစ်
ပါတယ်။အကြော်စုံဆိုပေမဲ့ဗူးသီး၊အာလူးနဲ့ကြက်သွန်ကြော်သုံးမျိုးတဲ့ပါ။
ဒယ်အိုးထဲကဆယ်ပြီးခါစ... |
မန်ကျည်းသီးမှည့်နဲ့လုပ်ထားတဲ့ချဉ်ရည် |
စားရန်အသင့်ပြင်ဆင်ပြီး... |
ရေနွေးလေးလည်းပါသေးတယ်နော်... |
စာရေးရင်းerrorတက်လာတာကိုဘယ်လိုမှနည်းရှာမရလို့ဘလော့ဂါတစ်ယောက်ကိုမေးတော့
အင်တာနက်လိုင်းနဲ့လည်းဆိုင်ပါတယ်တဲ့။လိုင်းကလည်းမြန်မာပြည်နဲ့ဗိန်မသာလိမ်မသာမို့
သူပြောမှစဉ်းစားကြည့်မိတယ်။ဒီနေရာရောက်တဲ့အထိတော့ကိုယ်တော်ချောကပေါ်မလာသေးဘူး။
လေးစားမှုဖြင့်
ရွှေညာသားလေး
0 comments:
Post a Comment