မနေ့မနက်တုန်းက၀ယ်ထားတာကြာပြီဖြစ်တဲ့ကောက်ညှင်းဆန်ကီလိုဝက်ကိုပေါင်းစားဖြစ်ပါတယ်။
အိပ်ယာစောစောထပြီးကောက်ညှင်းပေါင်းတာဝီရိယရှိသလားမမေးနဲ့ဗျာ။စာကြည့်ရမယ်ဆိုရင်တော့
ထဖြစ်မှာမဟုတ်လောက်ဘူး:):)။ရွာမှာတုန်းကမြေပေါင်းအိုးနဲ့တစ်ခါပေါင်းဖူးတာပဲရှိတာမို့မှတ်မိတာ
လေးနဲ့ထင်ရာလုပ်ထည့်လိုက်တာအဆင်ပြေသွားတယ်ဗျို့။အိမ်မှာတုန်းကစပါးပေါ်ချိန်ကောက်ညှင်း
ပေါင်းခဏခဏစားရတယ်။ဆွေမျိုးတွေအိမ်ကပေါင်းရင်လည်းလာပို့ကိုယ့်အိမ်ပေါင်းရင်လည်းပြန်ပို့နဲ့
အဆင်ကိုပြေလို့။ကောက်ညှင်းပေါင်းကိုအရမ်းကြိုက်တဲ့အထဲမှာမပါပေမဲ့မစားရတာကြာလို့တမ်းတမိ
တယ်။စားရင်လည်းပူပူလေးကိုနှမ်းဆီလေးဆမ်းပြီးတစ်ပန်းကန်လောက်တော့ကုန်ပါတယ်။
အညာကောက်ညှင်းပေါင်းကပဲပြုတ်ကိုတစ်ခါတည်းထည့်ပြီးပေါင်းတာမို့အိုးချပြီဆိုတာနဲ့ချက်ချင်းစား
လို့ရတယ်ဗျ။
ကောက်ညှင်းပေါင်းနည်းကတော့လွယ်ပါတယ်။ကောက်ညှင်းဆန်ကိုညကတည်းကရေစိမ်ထားပါ။
ပဲကိုလည်းကိုယ့်ထည့်ချင်တဲ့ပဲတစ်မျိုးမျိုးကိုညကတည်းကကျက်အောင်ပြုတ်ထားပါ။
ရွှေညာသားလေးကတော့ပဲတီစိမ်းအရွယ်အစားနဲ့တူတဲ့နာမည်မခေါ်တတ်သောပဲနီလေးတွေကို
သုံးထားပါတယ်။ကောက်ညှင်းပေါင်းတော့မယ်ဆိုရင်မနက်အိပ်ယာစောစောထကိုယ်လက်သန့်စင်
ပြီးလုပ်ငန်းစပေါ့နော်။အရင်ဆုံးရေစိမ်ထားတဲ့ကောက်ညှင်းဆန်ကိုရေစစ်ပါ။ပဲပြုတ်ကိုလည်းရေစစ်
ပြီးတော့ကောက်ညှင်းဆန်နဲ့သမအောင်ရောမွှေထားလိုက်ပါ။ပြီးရင်မီးထမင်းပေါင်းအိုးမှာရေတ၀က်
ခန့်ထည့်ပြီးခလုတ်နှိပ်ထားလိုက်။အပေါ်ကဆန်ကာထဲမှာအစောကရောထားတဲ့ကောက်ညှင်းဆန်နဲ့
ပဲကိုခပ်ဖြည်းဖြည်းဖြန့်ထည့်ပြီးအဖုံးအုပ်လို့ရေပွက်လာသည်အထိစောင့်ပါ။ထမင်းပေါင်းအိုးနဲ့ပေါင်း
တာတခုကောင်းတာကပေါင်းအိုးကိုခါးပမ်းပေးစရာမလိုဘူးဗျ။သူ့အိုးနဲ့သူ့ပေါင်းခံခွက်ကအံကျပြီး
သားမို့အငွေ့ကဘေးကိုမထွက်တော့ဘူး။
ရွာဓလေ့ပေါင်းရင်တော့ပေါင်းအိုးမီးဖိုပေါ်တည်ပြီးတာနဲ့လူကအနားကမခွာရတော့ပါဘူး။ပေါင်းအိုးနဲ့
ပေါင်းခံနှစ်ခုကြားကိုအ၀တ်စသေးသေးကိုရေဆွတ်ပြီးတစ်ပတ်ပြည့်အောင်ပတ်။ပြီးတာနဲ့မီးဖိုဘေး
ကပြာနုနုလေးတွေကိုရေနဲ့ပျစ်ပျစ်ဖျော်ပြီးအစောကပတ်ထားတဲ့အ၀တ်စပေါ်ကနေတပတ်ပြည့်
အောင်မံပေးရပါတယ်။ပေါင်းခံအိုးကထွက်လာမည့်ရေနွေးငွေ့ကိုအပြင်မထွက်အောင်ပိတ်ပေးရ
တာပါ။မဟုတ်ရင်ရေနွေးငွေ့တွေကပေါင်းအိုးဆီကိုမရောက်ဘဲအပြင်ထွက်ကုန်ရင်ကောက်ညှင်း
ပေါင်းရတာအချိန်ကြာပါတယ်။ပေါင်းခံအိုးမှတဆင့်ပေါင်းအိုးဆီသို့အငွေ့တက်လာပြီဆိုရင်တာ့
ရေနွေးဖျန်းပြီးယောက်မ(သို့မဟုတ်)၀ါးချောင်းလေးနဲ့မွှေပေးရပါတယ်။ရေထိုးတဲ့အပေါ်မှာမူတည်
ပြီးကောက်ညှင်းပေါင်းအပျော့အမာကွာသွားပါလိမ်မယ်။ရေနွေးသုံးလေးခါလောက်ထိုးပြီးသွားရင်
တော့ကောက်ညှင်းပေါင်းလည်းနပ်သလောက်ဖြစ်ပါပြီ။ပူပူနွေးနွေးကောက်ညှင်းပေါင်းလေးကိုအရင်
ဆုံးဘုန်းကြီးကျောင်းအတွက်တစ်ဇလုံ၊ဘုရားဆွမ်းတော်တင်ဖို့ဖယ်ထားပြီးဆွေမျိုးသားချင်းအိမ်တွေ
ကိုတစ်ပန်းကန်စီဝေပေးလို့ရပါပြီ။မနက်စောစောမှာကောက်ညှင်းပေါင်းပူပူလေးကိုနှမ်းဆီလေးဆမ်း
ပြီးစားရတာကလည်းအရသာတစ်မျိုးကောင်းသဗျ။မြို့မှာလိုတော့ငါးခြောက်ဖုတ်၊နှမ်းထောင်း၊
အကြော်စုံစတာတွေမပါဘူးပေါ့။ကိုယ့်ယာထွက်နှမ်းကိုကြိတ်ထားတဲ့နှမ်းဆီမွှေးမွှေးလေးရွှဲအောင်
ဆမ်းပြီးစားရင်တခြားဘာမှမလိုပါဘူး။
ဒါလေးကတော့ဆီဆမ်းပြီးနယ်ထားတာပါ...:):) |
ရေးထားတာတော့ပေါင်းစားပြီးကတည်းကဆိုပါတော့ဗျာ။တင်လို့မရဘူးဖြစ်ဖြစ်နေလို့...။
ဘာပြဿနာတက်နေလဲမပြောတတ်ပါဘူး။စာရေးပြီးရင်အထက်မှာerrorဆိုတဲ့စာတမ်းက
ကျကျလာလို့စိတ်ပျက်ပြီးဆက်ရေးချင်စိတ်ကုန်ကုန်သွားတယ်။Templateလည်းပြောင်းထား
ပြီးပြီ။တခြားဟာတော့မစဉ်းစားတတ်တော့ပါဘူး။အချိန်ရမှဂူဂယ်မှာရှာဖတ်ကြည့်ပါအုံးမယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ...။လာရောက်လည်ကြတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
လေးစားမှုဖြင့်
ရွှေညာသားလေး
0 comments:
Post a Comment