မန်းကျည်းသီးစိမ်းနဲ့ဖရုံပွင့်ချဉ်စပ်ဟင်းလေးတစ်ခွက်ပါ။အညာမှာလယ်စိုက်ချိန်ဆိုစားရတတ်တဲ့
ဟင်းတစ်ခွက်ပါ။စာတွေရေးတာအဆင်မပြေလို့ပုံလေးတွေပဲတင်လိုက်ပါတယ်ဗျာ။ချက်နည်းက
တော့မန်းကျည်းသီးစိမ်းကိုအရင်ကျက်အောင်ချက်ပြီးသန့်စင်ထားတဲ့ဖရုံပွင့်လေးတွေထည့်၊
နယ်စားလို့ရအောင်ရေစပ်စပ်လေးနဲ့ချက်ပါတယ်။ရုံးပတီသီးလည်းရှိလို့အချဉ်မိန်အောင်ထည့်
ထားပါတယ်။နော်ကဆုံးမှာပင်စိမ်းရွက်အုပ်ပြီးတော့မီးဖိုပေါ်ကချပါတယ်။ထမင်းပူပူလေးနဲ့
ငါးပိကောင်ဖုတ်လေးနဲ့စားရင်ကောင်းမှကောင်း။
လေးစားလျက်
ရွှေညာသားလေး
2 comments:
သေချာပေါက်ထမင်းမြီန်စေတာပေါ့ရှင်။
စားချင်စရား)
Post a Comment