ပြန်ရောက်ပြီဆိုလို့ ဘယ်မှ ဝေးဝေးလံလံ သွားနေတာ မဟုတ်ပါဘူးနော်။ မြန်မာပြည်တွင်းမှာပဲ လုပ်စရာရှိတာလေးတွေ လုပ်နေရလို့ ဘလော့ခ်ကို ပြန်ရောက်ကြောင်းပြောတာပါ။ ဖေဖော်ဝါရီလထဲက စပြီးတော့ များလိုက်တဲ့အလုပ်တွေဗျာ... နားကိုမနားရဘူး...နောက်ဆုံးတော့ မနေ့က သင်္ကြန်အကြိုနေ့မှာပဲ ပြန်ရောက်တယ်။ ဒါနဲ့ ဒီနေ့တော့ ကွန်နက်ရှင်လေး ရတုန်း အွန်လိုင်းတက်ပြီး အိမ်ထဲကို ၀င်အုံးမှဆိုပြီး ရောက်လာတာ...ရွာပြန်ဖို့လည်း သင်္ကြန်တွင်းဆိုတော့ ကားတွေက အဆင်မပြေ... နှစ်လလောက် အသည်းအသန် ပင်ပမ်းထားတာမို့ သင်္ကြန်တွင်းတော့ အဆောင်မှာပဲ အေးအေးလူလူနေရင်း အနားယူမယ်လို့ ဆုံးဖြတ်ထားတယ်။ အဆောင်ကလည်း အေးအေးလူလူရှိတာကတော့ ပြောမနေပါနဲ့ တစ်ဆောင်လုံးမှ တစ်ယောက်ထဲ... ဘုတ်ဘုတ်တို့ အဖွဲ့တွေရှိလို့ တော်သေးတယ်...သင်္ကြန်နဲ့ မထိတွေ့ရတာလည်း သုံးနှစ်လောက်ကြာသွားတော့ မနေ့က သင်္ကြန်အကြိုနေ့ မန္တလေးကအပြန်လမ်းမှာ ရေပက်ခံရတာ ပျော်ဖို့ကောင်းချက်ဗျာ.... သင်္ကြန်ရေက အေးမြနေတာပဲ... ဒီနေ့ညနေပိုင်းတော့ မိတ္ထီလာသင်္ကြန်ကို လည်မယ်လို့ စိတ်ကူးထားတယ်... ညကျရင် အတွေ့အကြုံလေးတွေ ပြန်ပြော ပြမယ်ဗျာ...
ပြန်ရောက်ပြီ...
စာရေးသူ
ရွှေညာသား
at
Thursday, April 12, 2012
Email This
BlogThis!
Share to Twitter
Share to Facebook
Subscribe to:
Post Comments (Atom)
2 comments:
ပြန်ရောက်တော့ အသစ်အသစ်လေးတွေဖတ်ရတော့မှာပေါ့
ညကျရင် အတွေ့အကြုံလေးတွေ ပြန်ပြော ပြမယ်ဗျာ.ဆိုလို့ အတွေ့အကြုံလေးတွေကိုမျှော်နေပါ့မယ်။လင့်လေးလဲ ချိတ်ပါရစေနော်
လွင်ပြင်လှိုင်းငယ် လာလည်တဲ့အတွက် ။ကျေးဇူးတင်ပါတယ်ဗျာ ကျုပ်လည်း အတတ်နိုင်ဆုံးတော့ ရေးဖြစ်အောင် ကြိုးစားပါတယ်။ မြန်မာပြည်ရဲ့ အင်တာနက်လိုင်းက သိတဲ့အတိုင်းပဲလေ...လင့်ချိတ်မယ်ဆိုလို့ ၀မ်းသာပါတယ်ဗျာ အသိမိတ်ဆွေတစ်ယောက်တိုးတာပေါ့...နောက်လည်းလာလည်ပါ...
Post a Comment