ရွှေညာသားလေး ရွာပြန်တုန်းက ရိုက်ခဲ့တဲ့ ရှု့ခင်းပုံလေးတွေပါ ကျုပ်တို့ရွာဘက်ကနေ မြင်ရတဲ့ ပုပ္ပားတောင်ကြီးရဲ့ပုံလေးတွေရယ် ရွာပတ်ဝန်းကျင်ကပုံလေးတွေရယ် အပျင်းပြေ ကြည့်ရအောင် တင်ပေးလိုက်ပါတယ်နော်။ အဝေးရောက် ကျွန်တော့်ညီအစ်ကိုမောင်နှမတွေ ဓာတ်ပုံလေးတွေကြည့်ပြီး အညာအလွမ်း ရွာအလွမ်းတွေဖြေဖျောက်နိုင်ပါစေ...။
ကျွန်တော်တို့ ရွာဘက်က မြင်ရတဲ့ ပုပ္ပားတောင်မကြီးရဲ့ပုံပါ |
ရွာမြောက်ဘက် ကျောက်တန်းပေါ်မှာ သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေတံခွန်လေးပါ |
ဒီမှာလည်း ရေသွားချိုးခဲ့သေးတယ် ရေတွေက ကျောက်ခဲကြားကနေ ဖြတ်ပြီး စီးဆင်းနေတာဆိုတော့ ကြည်လင်သန့်ရှင်းပြီး အေးမြနေတာပါပဲဗျာ...ပြန်ကိုမပြန်ချင်ဘူး.... |
ရေတံခွန်နားမှာ ဒီလိုကျောက်တုန်းတွေကလည်း အများကြီးပဲ |
ရွာစာသင်ကျောင်းနားကမြင်ရတဲ့ ပုပ္ပားတောင်ရဲ့ ညနေခင်းအလှ |
နေ၀င်ပြီးစ အချိန် ရွာမြောက်ဘက်က လယ်ကွင်းပြင် |
ချောင်းထဲကို ရေချိုးသွားရင်း မသိအောင် ရိုက်ထားတာ တောင်ဘက်ရွာက ညီလေးတစ်ယောက်ပါ |
ချောင်းရေကျထားတော့ ရေတွေကသန့်ပြီး အေးမြနေတာပဲ ရွာပြန်တုန်း ဒီနားကိုအမြဲသွားသွားပြီး ရေချိုးခဲ့တယ် ရေအိုင်ထဲဆင်းပြီး ရေမချိုးရတာ ကြာတော့ လက်ပစ်ကူးလိုက် ဘောင်ဘင်ခတ်လိုက်နဲ့ ချိုးလို့ကို မ၀ပါဘူးဗျာ.... |
ပို့စ် အသစ်တင်မယ်လို့ ကြံလိုက်တိုင်း အလုပ်လေးတွေက ပေါ်ပေါ်လာလိုက်၊ အင်တာနက်လိုင်းက နှေးလိုက်နဲ့ မတင်ဖြစ်တာ...ဒီနေ့တော့ စောစောထပြီး ကြိုးစားကြည့်တာ အောင်မြင်သွားတယ်....။
လာရောက်အားပေးကြတဲ့ ကျွန်တော့်မိတ်ဆွေ အွန်လိုင်း ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ...။
4 comments:
ကိုေ၇ွှညာရေ..ပုံလေးတွေနဲ့ တကယ်သာယာတာပဲနော် ပျဉ်မကြီး ရွာမှာလည်းကျနော့ဘော်ဒါတွေရှိတယ်ဗျ.....အားပေးသွားတယ်ဗျို့ 
ချောင်းထဲမှာ ရေဆော့ချင်လိုက်တာ။ မျှဝေပေးလို့ ကျေးဇူးပါ။
အိုင်အိုရာ
အဆင်ပြေသလိုပေါ့ အကိုရေ...
မရောက်ဘူးတဲ့ အညာတောင် လွမ်းသလိုလိုပါပဲ ..:)
ပြန်လာတာပဲ ၀မ်းသာပါတယ်ဗျိုး
Post a Comment