Pages

Thursday, November 10, 2011

အညာရှု့ခင်း

ရွှေညာသားလေး ရွာပြန်တုန်းက ရိုက်ခဲ့တဲ့ ရှု့ခင်းပုံလေးတွေပါ ကျုပ်တို့ရွာဘက်ကနေ မြင်ရတဲ့ ပုပ္ပားတောင်ကြီးရဲ့ပုံလေးတွေရယ် ရွာပတ်ဝန်းကျင်ကပုံလေးတွေရယ် အပျင်းပြေ ကြည့်ရအောင် တင်ပေးလိုက်ပါတယ်နော်။ အဝေးရောက် ကျွန်တော့်ညီအစ်ကိုမောင်နှမတွေ ဓာတ်ပုံလေးတွေကြည့်ပြီး အညာအလွမ်း ရွာအလွမ်းတွေဖြေဖျောက်နိုင်ပါစေ...။

ကျွန်တော်တို့ ရွာဘက်က မြင်ရတဲ့ ပုပ္ပားတောင်မကြီးရဲ့ပုံပါ

ရွာမြောက်ဘက် ကျောက်တန်းပေါ်မှာ သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေတံခွန်လေးပါ

ဒီမှာလည်း ရေသွားချိုးခဲ့သေးတယ် ရေတွေက ကျောက်ခဲကြားကနေ ဖြတ်ပြီး စီးဆင်းနေတာဆိုတော့ ကြည်လင်သန့်ရှင်းပြီး အေးမြနေတာပါပဲဗျာ...ပြန်ကိုမပြန်ချင်ဘူး....

ရေတံခွန်နားမှာ ဒီလိုကျောက်တုန်းတွေကလည်း အများကြီးပဲ
ရွာစာသင်ကျောင်းနားကမြင်ရတဲ့ ပုပ္ပားတောင်ရဲ့ ညနေခင်းအလှ
နေ၀င်ပြီးစ အချိန် ရွာမြောက်ဘက်က လယ်ကွင်းပြင်
ချောင်းထဲကို ရေချိုးသွားရင်း မသိအောင် ရိုက်ထားတာ တောင်ဘက်ရွာက ညီလေးတစ်ယောက်ပါ
ချောင်းရေကျထားတော့ ရေတွေကသန့်ပြီး အေးမြနေတာပဲ ရွာပြန်တုန်း ဒီနားကိုအမြဲသွားသွားပြီး ရေချိုးခဲ့တယ် ရေအိုင်ထဲဆင်းပြီး ရေမချိုးရတာ ကြာတော့ လက်ပစ်ကူးလိုက် ဘောင်ဘင်ခတ်လိုက်နဲ့ ချိုးလို့ကို မ၀ပါဘူးဗျာ....




ပို့စ် အသစ်တင်မယ်လို့ ကြံလိုက်တိုင်း အလုပ်လေးတွေက ပေါ်ပေါ်လာလိုက်၊ အင်တာနက်လိုင်းက နှေးလိုက်နဲ့ မတင်ဖြစ်တာ...ဒီနေ့တော့ စောစောထပြီး ကြိုးစားကြည့်တာ အောင်မြင်သွားတယ်....။ 

လာရောက်အားပေးကြတဲ့ ကျွန်တော့်မိတ်ဆွေ အွန်လိုင်း ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ...။

4 comments:

  1. ကိုေ၇ွှညာရေ..ပုံလေးတွေနဲ့ တကယ်သာယာတာပဲနော် ပျဉ်မကြီး ရွာမှာလည်းကျနော့ဘော်ဒါတွေရှိတယ်ဗျ.....အားပေးသွားတယ်ဗျို့ 

    ReplyDelete
  2. ချောင်းထဲမှာ ရေဆော့ချင်လိုက်တာ။ မျှဝေပေးလို့ ကျေးဇူးပါ။
    အိုင်အိုရာ

    ReplyDelete
  3. အဆင်ပြေသလိုပေါ့ အကိုရေ...
    မရောက်ဘူးတဲ့ အညာတောင် လွမ်းသလိုလိုပါပဲ ..:)

    ReplyDelete
  4. ပြန်လာတာပဲ ၀မ်းသာပါတယ်ဗျိုး

    ReplyDelete