အညာသားနေတဲ့ အဆောင် ၁၅ ထပ် အခန်းဝရံတာမှမြင်ရတဲ့ ကျောင်းထဲကရေကန်
မြန်မာပြည်မှာအေးတယ်လို့ပြောနေကြချိန်ကျနော်ရောက်ရှိနေတဲ့ထိုင်းနိုင်ငံတောင်ပိုင်းရာသီဥတုကတော့ တကယ့်ထူးဆန်းလှပါဘိ။ရောက်ခါစတုန်းကဆောင်းရာသီရယ်လို့မရှိဘူးနွေနဲ့မိုးပဲရှိတယ်နွေကအရမ်းပူတယ်
ဆိုတာလောက်တော့သိထားတယ်။မိုးကာလဒီလောက်ရှည်လိမ့်မယ်လို့တွေးမထားတော့ဒီဇင်ဘာလရောက် လာတော့မိုးကုန်တော့မယ်ပဲမှတ်တာပေါ့။ဒါပေမဲ့ထင်တာနဲ့လွဲတကယ့်မိုးရာသီအလားရွာလိုက်တိတ်လိုက်နဲ့
နိုဝင်ဘာအကုန်ဒီဇင်ဘာအစမှာမိုးတွေစွေနေလိုက်တာတကယ့်မနားတမ်းပါပဲ။တရက်ကများဆိုမိုးတွေသည်းပြီး
ဖားအော်သံတွေပါကြားနေရလို့ကိုယ့်နားကိုတောင်မယုံနိုင်အောင်ဖြစ်ရတယ်။
ဒါပေမဲ့ဒီဇင်ဘာလဆန်းလောက်ကတည်းကဥသြတွန်သံတွေနေရာတိုင်းကကြားရတာယနေ့အထိတိုင်ပဲဗျ။
မြန်မာပြည်မှာနွေရာသီမှဥသြတွန်သံတခါတရံကြားရတတ်တာမို့ဥသြသံကလည်းထူးဆန်းနေပါတယ်။မနက်
အိပ်ယာထရင်လည်းဥသြတွန်သံကြားရတတ်တယ်။နေ့လယ်နေ့ခင်းဆိုလည်းဟိုဟိုဒီဒီမှဥသြတွန်သံကြားရ
တယ်။ဒါပေမဲ့ရာသီဥတုကတော့မိုးရာသီပါပဲနေပူနေရင်းကမိုးထရွာ၊နေ့ခင်းတနေ့လုံးနေသာပြီးညပိုင်းကျ
မိုးသည်းတတ်တယ်။ဒါကြောင့်မိုးရာသီနဲ့ဥသြတွန်သံက သဘာဝကျလို့နေတယ်။
ကျောင်းဝန်းတခိုသစ်ပင်တွေပေါများလှသလိုကျောင်းနောက်ခံကလည်းတောင်တန်းကြီးနဲ့ရေကန်သာမို့
သစ်တောများကျေးဇူးကြောင့်ပဲမိုးကောင်းနေသလားမပြောတတ်ပါဘူးလေ။မထင်မှတ်ဘဲထထရွာတဲ့မိုးကို
တော့အသားမကျသေးတာအမှန်ပါ။အဆောင်ကလည်းအပေါ်ဆုံးအထပ်မှာနေရတော့အခန်းနောက်ဘက်
ဝရံတာကနေဆိုမြင်ရတဲ့ရှု့ခင်းကပုံထဲအတိုင်းရေကန်ကိုအပေါ်စီးကမြင်နေရတယ်။ညနေဆိုကန်ကိုပတ်ပြီး
လမ်းလျှောက်လို့ကောင်းတယ်၊ပြေးတဲ့သူလည်းပြေးကြတယ်။မနက်ပိုင်းဆိုလည်းလမ်းလျှောက်သူပြေးသူနဲ့
စည်ကားနေတယ်။
ကျနော်အတွက်တော့တခါတရံညနေပိုင်းလမ်းဆင်းလျှောက်ပေမဲ့အဆောင်ဝရံတာကနေလှမ်းမျှော်ကြည့်ရင်း ဥသြသံနဲ့အတူလွမ်းဆွတ်ရတာကများများပါ။မိုးရွာပြီဆိုဝရံတာကိုထွက်ပြီးကန်ရေပြင်ပေါ်မိုးစက်တွေကျတာ
ကိုငေးပြီးဘယ်ဆီမှန်းမသိလွမ်းမိတယ်။လွမ်းပါတယ်ဆို ကိုရွှေဥသြက ပိုလွမ်းအောင်ဖန်လေသလားမသိ
မိုးရွာထဲမှာကို တွန်နေတော့တယ်။
အားလုံးနှစ်သစ်မှာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လုပ်ငန်းဆောင်တာကိစ္စအဝဝအဆင်ပြေ
ချောမွေ့ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
အားပေးမှုကိုလေးစားလျက်
ရွှေညာသား
3 comments:
မိုးနဲ့ တင်လွမ်းလို့ ကောင်းနေပြီ
ဥသြပါဝင်တွန်လိုက်တော့ ဘယ်ပြောကောင်းမလဲနော့်
အိုင်အိုရာ
ဟုတ်တယ်အစ်မရေ မနက်ဆို ဥဩသံနဲ့ အိပ်ယာထတတ်နေပြီ
နေကောင်းတယ်မဟုတ်လားဗျ ဘလော့ခ်မှာလည်းမတွေ့မိလို့
သတိတရလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မရေ
ပျော်ရွှင်ပါစေဗျာ
Post a Comment