ထန်းတောနဲ့လယ်ကွင်းကိုဖြတ်ပြီးတော့အိမ်ကယာတောကိုရောက်သွားတယ်။ယာတောကမြင်ကွင်းလေးတွေကိုလည်း
မှတ်တမ်းတင်ခဲ့တယ်။သနပ်ခါးပင်တစ်ပင်ခုတ်ပြီးအနောက်ဘက်ကိုဆင်းသွားတော့ကုက္ကိုရွက်နုတွေ တွေ့လို့တက်ခူးခဲ့
သေးတယ်။ အားလုံးပြီးတော့မှချောင်းထဲမှာရေချိုးပြီးအိမ်ပြန်ခဲ့တယ်။မရောက်တာကြာတော့မြင်သမျှမြင်ကွင်းတွေဟာ
အသစ်အဆန်းတွေလိုဖြစ်နေတာရယ်အရင်တုန်းကမြင်ကွင်းတွေနဲ့ပြန်နှိုင်းယှဉ်တော့လွမ်းစရာကြီးဗျာ။
မှတ်တမ်းတင်ခဲ့တယ်။သနပ်ခါးပင်တစ်ပင်ခုတ်ပြီးအနောက်ဘက်ကိုဆင်းသွားတော့ကုက္ကိုရွက်နုတွေ တွေ့လို့တက်ခူးခဲ့
သေးတယ်။ အားလုံးပြီးတော့မှချောင်းထဲမှာရေချိုးပြီးအိမ်ပြန်ခဲ့တယ်။မရောက်တာကြာတော့မြင်သမျှမြင်ကွင်းတွေဟာ
အသစ်အဆန်းတွေလိုဖြစ်နေတာရယ်အရင်တုန်းကမြင်ကွင်းတွေနဲ့ပြန်နှိုင်းယှဉ်တော့လွမ်းစရာကြီးဗျာ။
တယ်ပင် |
ဒီတောင်တန်းက အရင်တုန်းကဆိုသစ်တောတွေ..အခုတော့ ငှက်ပျောတောဖြစ်သွားပြီ |
ယာစောင့်တဲ၊ဇီးပင်၊ရှားပင်၊ထန်းပင် |
ဒီဘက်အစွန်ဆုံးက တရော်ကင်ပွန်းခေါင်းလျှော်ရည်မှာသုံးတဲ့ တရော်ပင် |
ယာခင်းဘေးမို့ ဒီအရွယ်ထိနေရတာ ကျန်တဲ့နေရာဆို လုံးပတ်လက်မအရွယ်ဆို ခုတ်ပြီးပြီ :) |
သဘာဝအလေ့ကျပေါက်နေတဲ့သနပ်ခါးပင်လေးများ |
ဒီသနပ်ခါးပင်စုလေးရဲ့အနောက်ဘက်နားက သနပ်ခါးပင်တစ်ပင်လက်ဆောင်ပေးဖို့ခုတ်ယူခဲ့တယ် :) |
ဒီကုက္ကိုပင်ပေါ်တက်ခူးတာဗျာ |
သစ်ပင်မတက်တာကြာတော့တက်တာတက်ရတယ်ဒူးကတုန်တုန်နဲ့ :) |
သမုန်းပင် (တချို့ကသမားမုန်းလို့လည်းခေါ်) |
လက်နဲ့မမှီတာကို ဓားနဲ့ချိုင်ချပစ်တယ် :) |
အားလုံးခူးပြီးသောအခါ အခုလိုပုဆိုးဟောင်းနဲ့ထုပ်လိုက်တယ် |
ဒီဘက်ဘေးက ယာထဲကခုတ်လာတဲ့သနပ်ခါးပင် |
အဖေစိုက်ထားတဲ့ထန်းပင်လေးတွေတော်တော်ကြီးနေကြပြီ |
ဒါကတော့ ဥသျှစ်ပင်ပါ အရွက်တွေနုနေတာအများကြီးပဲ မတက်နိုင်လို့မခူးခဲ့ရဘူး |
နွေရောက်တော့ချောင်းရေစီးလည်းမသန်နိုင်တော့ပါဘူး |
ပန်းရံလုပ်တဲ့အခါတိုင်း ဒီချောင်းသဲခုံက သဲကိုလှည်းနဲ့တိုက်ပြီးသုံးကြတယ် |
မိုးတွင်းဆိုရင်တော့ချောင်းဘေးကစိမ်းစိမ်းစိုစိုနဲ့ရေကတော့နောက်ကျိကျိပေါ့ |
ဒဟတ်ပင်နဲ့ ဒဟတ်ပန်းပွင့် |
ဒီအိုင်ထဲရေဆင်းချိုး၊ကုက္ကိုရွက်ထုပ်ထမ်းပြီး အိမ်ပြန်ခဲ့တယ် :) |
နွေဆိုတော့ချောင်းလည်းရေခမ်းနေပြီ၊ဒါပေမဲ့ရေစီးကြောင်းကတော့အမြဲစီးဆင်းနေတယ်။သူများအရပ်တွေရေရှားပါး
နေချိန်ကျုပ်တို့ရွာမှာဒီချောင်းလေးရှိတော့သက်သာရာရသေးတယ်။အခုရွာဘုန်းကြီးကျောင်းအထိရေသွယ်ပြီးသွားပြီ
နောက်မှအဲ့ဒီရေထွက်အကြောင်းသပ်သပ်ရေးပြီးတင်ပေးပါအုံးမယ်ဗျာ...။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။အမြဲလာလည်ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။
အစဉ်လေးစားလျက်
ရွှေညာသား
4 comments:
အညာပေမဲ့ ဒီလို အမြဲစီးနေတဲ့ ချောင်းလေးနဲ့ ဆိုတော့ ပျော်စရာပဲနော့်။
ပြောမယ်ဆို ပုပ္ဗါးနား က ချောင်းလေးတစ်ခု ခေါ်မလား ရေထွက်လေး ခေါ်မလား ရေချိုးဖူးပါတယ်။ အလုပ်သွားလုပ်ရင်း။
ငှက်ပျောပင်က စီးပွါးရေးအတွက် အရေးပါပေမဲ့ သဘာဝတောနေရာတွေမှာ ၀င်ကုန်တာ တော့ရေရှည် ဒေသခံတွေအတွက် ထင်းဝါးကအစ အသီးအရွက် ရေအရင်းအမြစ်တွေ ဆုံးရှုံးလာမှာမို့ သဘာဝတောတွေငှက်ပျောတောအဖြစ်အသွင်ပြောင်းသွားတဲ့အရေးဟာ ခက်ခဲသိမ်မွေ့ တဲ့ သဘာ၀၀န်းကျင်ပြဿနာတစ်ခုပါ။ ရေထွက်တွေလည်း နည်းကုန်ရောပေါ့။
သနားခါး ပင်က စိုက်တာလား အလေ့ကျလား။
သနားခါးပင်က တော်တော်လှတာနော်။ သဘောကျလို့ အင်ဒိုးအလှစိုက်ခဲ့ဘူးတယ်။
ဥသျှစ်သီးပင်က အရွက် နဲ့ မန်ကျည်းရွက်နဲ့ ချက်စားတဲ့ ဥသျှစ်၇ွက်က အတူတူပဲလား။
အဲဒီကုက္ကိုရွက် က သုပ်စားတဲ့ အညာကုက္ကိုရွက်လား။
ဆူးပန်းပွင့် က ကော ချဉ်ရည်ချက်စားတဲ့ ဆူးပန်းရွက် ပင်က လား။
စပ်စုစိန်လုပ်သွားပြီ။း)
အိုင်အိုရာ
ဟုတ်တယ်အစ်မအိုင်အိုရာ..ရေထွက်ကနေသွယ်တဲ့ရေကကျောင်းဝန်းထဲအထိရောက်ပေမဲ့
ဒီချောင်းထဲကလက်ယက်တွင်းရေလောက်သောက်မကောင်းဘူး..ချိုးလို့လည်းမအေးဘူး....
ငှက်ပျောစိုက်တဲ့သူတွေကတော့တော်တော်လေးကိုလွန်လွန်းသွားပြီ...အရင်ကဆိုရွာအပြင်
ထွက်တာနဲ့ထင်းတစ်စည်းခဏလေးရယ်..အခုဆိုဘာလိုလိုသစ်ဝါးအတွက်ဆိုအနောက်ဘက်
တောင်ရိုးတွေဆီသွားကြရတာတဲ့...မြောက်ဘက်ပေါ်ကငှက်ပျောစိုက်တောင်သူတွေမြေယာချဲ့
တာပေါ့အစ်မရာ...သူကကျောက်ခဲကြားတွေလည်း တွင်းတူးစိုက်လို့ရတော့ချဲ့ရင်းခုတ်ရင်းနဲ့
ငှက်ပျောခင်းတွေဖြစ်ကုန်တာပဲ...အဲ့ဒီကုန်းပေါ်ကရွာတွေဆိုရေခက်နေပြီလေ..အိမ်တိုင်းမှာ
စက်တွင်းတွေတူးထားတာမြေအောက်ရေကငှက်ပျောပင်ကစုပ်၊လူတွေကထုတ်နဲ့နောက်ဆို
အဲ့ဒီရွာတွေမလွယ်ဘူးဗျာ...။
သနပ်ခါးပင်တွေက...ယာတောထဲမှာအလေ့ကျပေါက်တာပါအစ်မ..ကိုယ့်ယာထဲဆိုတော့ပြုပြင်
ထားရင်းနဲ့ဖြစ်ထွန်းနေတာ...စိုက်တဲ့အပင်တွေလောက်မကြီးပေမဲ့အရမ်းမွှေးတဲ့အပင်လေးတွေ
ဥသျှစ်သီးပင်ကအတူတူပါပဲ...ရွာမှာတော့အသီးအရွယ်အစားလိုက်ပြီးအရိုင်းပင်အရင်ပင်
ခေါ်ကြတယ်...တောထဲပေါက်တဲ့အပင်ကတော့သူတို့အခေါ်အရိုင်းပင်ပေါ့အသီးလည်းသေးတယ်
အိမ်မှာစိုက်တဲ့အလုံးကြီးမျိုးကတော့အရင်ပင်ဆိုပြီးခေါ်ကြတယ်သူကတော့အသီးကပြည်တောင်း
လောက်ရှိတယ်အရွက်ကတော့နှစ်မျိုးလုံးစားလို့ကောင်းပါတယ်။ရွာကဘုန်းကြီးကျောင်းဝိုင်းထဲမှာ
အရင်ပင်တစ်ပင်ရှိတယ်အသီးတွေအကြီးကြီးတွေနဲ့ပုံရိုက်ခဲ့သေးတယ်နောက်မှတင်ပေးမယ်နော်
ကုက္ကိုရွက်က သုပ်စားတဲ့အညာကုက္ကိုအဖြူပါ...ရေကန်ထိပ်ကအပင်ကြီးကတော့အရိပ်ရတဲ့ကုလား
ကုက္ကိုပေါ့...ကုက္ကိုရွက်သုပ်ကိုရေနွေးနဲ့နေ့လယ်ခင်းကြက်သွန်မြိတ်ဖြတ်တဲ့သူတွေဧည့်ခံလိုက်သေး
တယ်...စားလို့ကောင်းလိုက်တာဗျာ...:)
ဆူးပန်းပွင့်က ချဉ်ရည်ချက်စားတဲ့ဆူးပန်းရွက်ပင်ကပွင့်နေတာဟုတ်ပါတယ်ဗျာ...အပွင့်မထွက်ခင်
တော့အရွက်စားပေါ့အပွင့်ထွက်ပြီးရင့်တော့နောက်နှစ်အတွက်မျိုးရအောင်ချန်တထားတာလေ
အများကြီးမေးသွားတဲ့အတွက် အများကြီးဖြေလိုက်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ :)
ကျေးဇူးနော်
အိုင်အိုရာ
NI NI SOE လို့ခေါ်ပါတယ်
စာကောင်းပေကောင်းလေးတွေဖတ်ခွင့်ရလို့ကျေးဇူးပါ
Post a Comment