ရန်ကုန်လေဆိပ်မှာလေယာဉ်ဆင်ပြီးကတည်းကတနင်္ဂနွေတစ်ရက်နားပြီးအမေနေထိုင်ရာကယားပြည်နယ်လွိုင်ကော်မြို့
အနီးကမိုးဗြဲဆည်အနီးကိုလိုက်သွားခဲ့တယ်။သုံးနှစ်ကျော်ကျော်သူ့ရင်ခွင်နဲ့ကင်းကွာနေတဲ့သားကိုချက်ပြုတ်ကျွေးမွေးပြုစု
နေတာများကလေးဘ၀ပြန်ရောက်သွားသလိုပါပဲ။အမေဘာဟင်းတော့စားချင်တယ်ဆိုတာနဲ့ဖြစ်အောင်ချက်ကျွေးတယ်။
အခါတိုင်းဖုန်းထဲကကြားနေကျအသံထက်အမေ့အပြုံးတွေကိုမြင်ရတာပိုပြီးပျော်ရွှင်မိတယ်။
ဈေးနေ့ရောက်တော့အမေဈေးရောင်းတဲ့ဈေးထဲလိုက်သွားပြီးအမေ့ကိုဈေးကူရောင်းတယ်။အမေ့အပေါင်းအသင်းမိတ်ဆွေ
တွေကလည်းပြောကြဆိုကြချီးမွမ်းကြနဲ့အမေ့အတွက်တော့ပျော်စရာတွေပါပဲ။တချို့ကလည်အမေကဈေးရောင်းနေတာမို့
နိုင်ငံခြားမှာကျောင်းတက်နေတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့အပြောမျိုးလည်းပြောကြဟန်တူပါရဲ့တကယ်တမ်းလူကိုယ်တိုင်
မြင်တော့မှအံ့သြတဲ့သူတွေလည်းရှိကြတယ်။
ကျုပ်အတွက်ကတော့လေဘယ်သူတွေဘယ်လိုပဲချီးကျုးကြပါစေ၊ပြုံးပျော်နေတဲ့အမေ့မျက်နှာကိုမြင်ရတာနဲ့တင်ပြည်ပမှာ
ပင်ပန်းခဲ့သမျှအမောတွေပြေသွားတာပါပဲ။ပဒေါင်လူမျိုးတို့ရဲ့ဈေးမြင်ကွင်းဓာတ်ပုံတွေလည်းအမေ့အိမ်မှာရောက်တုန်းလေး
မှတ်တမ်းတင်ခဲ့တယ်။အခုတော့ဌာနပြန်ရောက်ပြီးရုံးနဲ့ဌာနကူးလိုက်သန်းလိုက်နဲ့နွေနေပူပူအောက်မှာလူလည်းမျော့မျော့ပဲ
ကျန်တော့တယ်။ဌာနမှာအင်တာနက်လိုင်းလေးရလို့ခဏဖွင့်ပြီးဘလော့ခ်ထဲကိုဝင်လိုက်တာ။
အားလုံးကျန်းမာချမ်းသာကြပါစေဗျာ..လာလည်ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။

လေးစားမှုဖြင့်
ရွှေညာသား
2 comments:
ပျော်စရာကြီးပါလား။
ရှေ့ လျှောက်ဘ၀ကြီးကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖို့ ပဲရှိတော့တာပေါ့။
အိုင်အိုရာ
အစ်မရေ.....လွန်ခဲ့တဲ့ငါးနှစ်အတွင်းအထိုက်အလျောက်တော့ ပြောင်းလဲနေလောက်ပြီထင်တာ...
ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲလေးတွေအနည်းငယ်ရှိတာကလွဲလို့ ကျန်တာတွေကတော့ အကိုကြီး ညီလေး ဆက်ဆံရေးနဲ့ မမနဲ့ ညီမလေးဆက်ဆံရေးတွေကတော့
ပုံမှန်အတိုင်းပဲရှိသေးတယ်ဗျာ...ပုဒ်မလေး (ပေးမှလုပ်) ဆိုတာကလည်းပုံမှန်အတိုင်းပဲ
ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းဖို့အတွက်ကတော့ဝေးသေးတယ်ထင်ပါရဲ့ဗျာ
ဘာပဲဖြစ်ဖြစ် အမေစုကိုယ်တိုင်မောင်းနှင်တဲ့ဝန်ကြီးဌာနအောက်မှာမို့ အားတက်မိတယ်
ပျော်ရွှင်ပါစေဗျာ...
Post a Comment