ဒီရက်ပိုင်းအလုပ်လေးနည်းနည်းရှုပ်လို့အခုမှပြန်ဝင်ဖြစ်တယ်။ကြုံရတဲ့အခက်အခဲတွေကို
စိတ်အေးအေးနဲ့ပဲဖြေရှင်းတော့မယ်ဆိုပြီးတော့အတတ်နိုင်ဆုံးစိတ်ကိုဆုံးမနေတယ်။
ဒီတစ်တန်းကနှစ်ရက်ပဲနားတယ်။နောက်တစ်တန်းပြန်စပြီမို့ပိတ်ရက်ရှည်မရှိပါဘူး။
ရောက်တုန်းလေးမှာရှိတဲ့ပုံလေးတွေတင်ခဲ့ပါတယ်။ချက်နည်းကတော့စိတ်ထင်ရာလုပ်
ထားတာမို့အသေးစိတ်မရေးတော့ဘူးဗျာ။စာလို့တော့ကောင်းတယ်။ပထမဆုံးချက်ကြည့်
တာမို့ဆီနည်းနည်းများသွားတယ်။နောက်တစ်ခါထပ်ချက်စားဖြစ်ရင်ချက်နည်းအသေးစိတ်
ရေးပေးမယ်ဗျာ...။အခုတော့ပုံလေးနဲ့ပဲကျေနပ်ပါ...:):)
ငါးမှာတစ်ခုလိုနေတယ်...ဘယ်သူမျက်စိလျင်လဲဗျ....:):) |
အတော်ကိုစပ်ပါတယ်...စားလို့လည်းကောင်းပါတယ်... |
လာလည်ကြတဲ့ညီအစ်ကိုမောင်နှမအားလုံးကျန်းမာချမ်းသာကြပါစေဗျာ။
အမြဲလေးစားလျက်
ရွှေညာသားလေး
5 comments:
ငါးအမြီးရှာမတွေ့ပါလားး) စားချင်လိုက်တာ ။
ခင်မင်လျက်
ဆုမြတ်
ရွှေညာသားလေးချက်တာကတော့အမြဲစားကောင်းမဲ့ပုံပါဘဲ။
အဲလိုစပ်စပ်လေးကိုစားချင်နေတာ။
အိုင်အိုရာ
မဆုမြတ်မိုး..မျက်စိလျင်တယ်နော်...ငါးကပန်းကန်ထဲထည့်မှအမြီးကပြုတ်သွားတာဗျ....လာပြီးအားပေးတဲ့အတွက်ကျေးဇူးပါဗျာ....:):)
မအိုင်အိုရာရေ...စပ်တာကတော့အတော်ကိုစပ်တယ်...အဲ့ဒီဟင်းနဲ့ရေနွေးနဲ့တွဲစားတာဆိုတော့စဉ်းစားသာကြည့်ဟင်းကစပ်..ရေနွေးကပူ...ချွေးကိုချွဲနေတာပဲ...တခါတလေအအေးမိချင်သလိုနှာစေးချင်သလိုဖြစ်ရင်အစားအစာနဲ့ဓာတ်ကျမ်းကုတာ
အမြဲတမ်းလာလည်တဲ့အတွက်ကျေးဇူးအထူးပါဗျာ...:):)
အစပ်မစားပေမယ့် စားကောင်းမယ့်ငါးဟင်းပဲ ငရုပ်သီးဖယ်ပီး အသားပဲရွေးစားသွားတယ်
အညာဟင်းတွေများ၂ချက်ပီး အသုံးဝင်အပင်တွေအကြောင်း အားရင်အားသလိုရေးတင်ပါဦး
မမန့် ဖြစ်ပေမယ့် ဖတ်ဖြစ်ပါတယ်
ပိုးပိုးရေ...နောက်ဆိုငရုတ်သီးလျှော့ထည့်မယ်ဗျာ...:):):) အမြဲအားပေးတယ်ဆိုတာသိရလို့ဝမ်းသာမိတယ်ဗျာ...။
ရေးချင်တင်ချင်တာတွေကတော့အများကြီးပါပဲ။အတတ်နိုင်ဆုံး
ကြိုးစားပြီးတင်ပါ့မယ်။တခါတလေသုံးလေးခါတင်တာတောင်
အင်တာနက်လိုင်းကြောင့်လားဘာကြောင့်လည်းမသိဘူးတင်မရ
ဖြစ်လာရင်စိတ်နှလုံးဒုန်းဒုန်းချပြီးတော့ပိတ်ခဲ့ရတယ်။အားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဗျာ...နောက်လည်းလာခဲ့ပါအုံး။
Post a Comment