အခုတစ်လော ဘာရယ်မသိဘူး အမေ့အိမ်ကို အရမ်းသတိရတယ်ဗျာ...။ ရောက်တာလည်း တစ်လကျော်ကျော်လောက်ပဲ ရှိသေးတယ်...။ ဖုန်းလည်းအမေ့ဆီကို မကြာမကြာဆက်ဖြစ်တယ်...။ ကိုယ့်အခက်အခဲကို အမေ့နဲ့ဖုန်းဆက်ရင်း ရင်ဖွင့်ရတယ်။ စာတွေကလည်း အသစ်တွေသင်နေရတာမို့ အမေ့ကိုအဆင်မပြေကြောင်း ပြောပြမိတယ်...။အမေ့ကတော့ ငါ့သား စိတ်ပင်ပန်းခံပြီး မနိုင်တာကို လိုက်လုပ်မနေနဲ့နော်တဲ့...။ ကျန်းမာရေးကိုဂရုစိုက် လူထက်ဘယ်ဟာမှတန်ဖိုးမရှိဘူးတဲ့။ အမေကလွဲပြီး ကျန်တဲ့သူတွေက ဘယ်သူမှနားလည်မပေးကြဘူး...။ အသစ်သင်ရတော့လည်း အသစ်တွေသိတာပေါ့တဲ့ဗျာ။ မှန်တော့မှန်ပါတယ် ဒါပေမဲ့ အသစ်ဆိုတာကလည်း ကိုယ်တစ်ခါမှ မထိတွေ့ခဲ့ဖူးတဲ့ အသစ်လေ။ ဘယ်အခြေခံကနေစပြီး ဘယ်ဟာကိုနားလည်ရမှာလည်။ ဒီကလူကြုံနေရတဲ့ အခက်အခဲကို မသိရှာကြတော့ သူတို့ကိုလည်း အပြစ်မဆိုချင်ပါဘူး။ ဒါပေမဲ့ အမေတစ်ယောက်သာ နားလည်ပေးတယ်။ လူကတော့ အတော်လေးကို ပင်ပမ်းတယ်ဗျာ..။ စိတ်ဖိစီးမှု့များလာရင် အားလုံးကိုမေ့ပြီး တရားနာတယ်။အမေ့ကိုလွမ်းတဲ့အခါ အမေနဲ့သက်ဆိုင်တဲ့ သီချင်းလေးတွေကို နားထောင်တယ်...။ အခုသီချင်းလေးကလည်း ရွှေညာသားလေးအကြိုက်တွေထဲ အမေသီချင်းတစ်ပုဒ်ပါ။ကျွန်တော်လို့ အမေအိမ်နဲ့ ခွဲပြီး ပင်လယ်ရပ်ခြားမှာ ဘ၀တိုးတက်မှု့တွေဖွေနေတဲ့သူများ အလွမ်းပြေနားဆင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်...။
ကျွန်တော်နေရာလေးကို လာလည်းရင်း အိမ်အလွမ်းတွေ ဖြေဖျောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ရွှေညာသားလေး ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
0 comments:
Post a Comment