ဒီနေ့တော့ ကျွန်တော်ရွှေညာသားလေး အတိုင်းမသိ ၀မ်းသာပီတိဖြစ်ရတဲ့နေ့လေးပါ။ ဘာလို့လဲ ဆိုတော့ နှစ်လကျော်နီးပါး ကင်းကွာနေခဲ့တဲ့ ကျွန်တော်ရဲ့ ဘလော့အိမ်လေးဆီကို ပြန်ရောက်ခဲ့လို့ပါပဲ။ ဘာပဲပြောပြော အခုလိုလေး ပြန်ဝင်ခွင့်ရတာကိုပဲ ကျွန်တော်အရမ်းကျေနပ်မိတယ်။ အရင်ရက်တွေကတော့ ဒီအတိုင်းပဲ ၀င်ကြည့်ပြီး ဘာမှမရေးခဲ့နိုင်ဘူးလေ။ ပြောချင်တာလေးတွေကို စီဘောက်ကနေ ရေးပြောနေရတဲ့ ကျွန်တော့်အဖြစ်။ ဒီနေ့တော့ လမ်းဖြောင့်တယ်လို့ပဲ ပြောရမလား၊ စောင့်ရကျိုးနပ်တယ်ပဲ ခေါ်မလား ဒီစာလေး ရေးဖို့ အကြောင်းဖန်လာခဲ့တယ်။ ကံကောင်းလို့ အင်တာနက်လေး သုံးခွင့်ရတုန်း ဘလော့စာမျက်နှာလေးတွေ ၀င်ဖတ်ပြီး အလွမ်းဖြေရင်း ဘလော့ဂါဒေါ့ကွန်းကနေ အကောင့်လေးရိုက်ထည့်ပြီး ၀င်ကြည့်မိတယ်။ မျှော်လင့်ချက်တော့ အပြည့်မထားဘူး။ အရင်နေ့တွေက ၀င်လို့မရတော့ ရမှာမဟုတ်ပါဘူးဆိုပြီး နှေးကွေးစွာလည်နေတဲ့ Firefox က အ၀ိုင်းလေးကို ကြည့်နေရင်း စာမျက်နှာလေး ပြောင်းသွားတော့ ထခုန်မိမတတ်ပျော်သွားတယ်။ ဒါကြောင့် အနီးမှာ ရှိတဲ့ သူငယ်ချင်းကို အားပါးတရ ရိုက်လိုက်မိသေးတယ်။ ကျွန်တော့်အတွက်တော့ ရေငတ်နေတုန်း ရေတွင်းထဲကျသွားသလိုပါပဲ။ စာတွေရေးနိုင်တော့မှာမို့ အတိုင်းမသိပျော်မိတယ်ဗျာ။တကယ်ပါပဲ....တဆက်ထဲမှာပဲ ကျွန်တော့ဘလော့လေးဆီကို လာလည်ပြီး စိတ်ကူးမိရာရေးတဲ့ စာတိုပေစလေးတွေကို လာရောက်အားပေးကြပါအုံးလို့ ဖိတ်ခေါ်ပါတယ်နော်...။
အားလုံးကို အစဉ်အမြဲသတိရနေတဲ့
ရွှေညာသားလေး
2 comments:
ရေးပါ ရေးပါ ရွှေညာသားလေးရေ အားပေးနေမယ် အစဉ်အမြဲပါ...ဘုန်းဘုန်းကိုကော မှတ်မိသေးရဲ့လား...
မှတ်မိတာပေါ့ ဘုန်းဘုန်းရေ တပည့်တော် အင်တာနက်ဆိုင်ရောက်တိုင်း ဘုန်းဘုန်းဘလော့ခ်ထဲကိုရောက်ဖြစ်တယ် စီဘောက်ကမတွေ့တော့ ရေးလို့မရဘူး။ ကွန့်မင့်ကျတော့လည်း ရေးလို့ရအောင် ကွန်နက်ရှင်ကနှေးလို့လေ...အားလုံးကို တပည့်တော်အမြဲသတိရပါတယ်...။လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုန်းဘုန်းရေ...ကျန်းမာပျော်ရွှင်ပါစေ....
Post a Comment