တယ်။ကျောက်ပန်းတောင်းမြို့ပေါ်ကိုပဲစင်းငုံပေါ်ချိန်၊ကုလားပဲပေါ်ချိန်၊ငရုတ်သီးပေါ်ချိန်တွေဆိုရောက်ဖြစ်
တယ်။တည်သီးမှည့်ချိန်၊တမာရွက်နုချိန်ဆိုပျံကျဈေးထဲမှာအမေနဲ့ဈေးရောင်းခဲ့တာတွေကိုသတိရတယ်။
တစ်နေ့ဈေးနားကဘုန်းကြီးကျောင်းထဲမှာအလှူလုပ်နေတာနဲ့ကြုံလို့အလှူကနေဖွင့်တဲ့ဆိုင်းသံကအပြင်မှာ
တီးနေတယ်ထင်ပြီးသားအမိနှစ်ယောက်ဆိုင်းဝိုင်းသွားကြည့်မယ်စိတ်ကူးနဲ့ဘုန်းကြီးကျောင်းဝန်းထဲအသွား
အလှူကပြန်လာတဲ့အဒေါ်တစ်ယောက်ကိုဆိုင်းဝိုင်းကကျောင်းပေါ်မှာထားတာလားမေးတော့ဆိုင်းဝိုင်းမပါ
ပါဘူးတဲ့။အခုကအခွေကိုဆောင်းဘောက်တွေနဲ့ဖွင့်ထားတာတဲ့လေ။တော်သေးတာပေါ့မေးမိပေလို့မဟုတ်ရင်
ထမင်းစားချင်လို့လာတယ်အထင်ခံရအုံးမှာ။
တခါကတော့အမေနဲ့တည်သီးတွေရောင်းရင်းလက်လီပြန်ရောင်းချင်တဲ့သူတွေကအလုံးရေများများယူတာနဲ့
အမေကရေတွက်ပြီးထည့်ပေးတယ်။တချို့ကျတော့လည်းအမေရေတွက်တာအပြင်လက်ကမသိမသာ
ကောက်ကောက်ထည့်သေးတယ်။ကိုယ်တွေခမြာတော့တောထဲမှာနေပူခံပြီးတည်သီးလိုက်ခူး၊အိမ်ရောက်
တော့ပြာနဲ့မြေကြီးကျင်းထဲမှာအုပ်၊မြို့ပေါ်ကိုရောက်အောင်တယုတယသယ်ပြီးရောင်းရတာကိုအလကားနီးပါး
လိုချင်တဲ့သူကရှိသေးတယ်။
အမေကတော့ပြောပါတယ်။လူလေးရယ်ကိုယ်ကမှန်ရာကိုလုပ်နေတာပဲသူတို့မဟုတ်တာလုပ်သူတို့ခံရမှာ
ပေါ့တဲ့။ပျံကျဈေးကလူတွေတော်တော်လည်ကြတယ်။သူတစ်ပါးအပေါ်ဖျံကျရမယ်ဆိုရင်လည်းနှစ်ယောက်
မရှိဘူး။တောကလာတဲ့မလည်မ၀ယ်လူတွေဆီကဆိုရင်ပိုဆိုးသေး။ကျောက်ပန်းတောင်းနဲ့ကြုံခဲ့ဖူးတာလေး
တွေပါ။ဒီသီချင်းလေးနားဆင်ရင်းသတိရမိလို့ရင်ဖွင့်တာ။
ပဲမှုန့်ဟင်းချိုပျစ်ပျစ်နဲ့ကျောက်ပန်းတောင်းမုန့်ဟင်းခါးကိုလည်းသတိရတယ်။ထန်းလျက်ရည်ညိုညိုနဲ့မုန့်လက်
ဆောင်ချိုမွှေးမွှေးကိုလည်းလွမ်းတယ်။ဆီဝယ်နေကျလှလှဌေးပွဲယုံ၊တခါတလေဈေးလဲလို့ရတဲ့ကုလားပဲ
လေးတွေသွားသွားရောင်းတဲ့နီလာပဲခွဲစက်ကိုလည်းမြင်ယောင်မိတယ်။
အခုတော့လည်း...ဘ၀ရာသီးစက်ဝန်းကလည်ပတ်နေတာဆိုတော့...ကျောက်ပန်းတောင်းနဲ့ဝေးရာဆီကို
ရောက်နေပါတယ်...ဒါပေမဲ့ဘ၀အမှတ်တရတွေရှိခဲ့တဲ့နေရာမို့ဘယ်တော့မှမမေ့ပါဘူး....။
လေးစားမှုဖြင့်
ရွှေညာသားလေး
0 comments:
Post a Comment