နှစ်စဉ် မေလ (၉) ရက်နေ့မှာ ကျင်းပတဲ့ စစ်အောင်ပွဲနေ့ကို ဆရာမနဲ့အတူ အလည်ရောက်လို့ ရိုက်လာတဲ့ ဓာတ်ပုံလေးတွေပါ။ ကျွန်တော်တို့ ရောက်တဲ့အချိန်က စောသေးလို့ လူသိပ်မများသေးပါဘူး။ နောက်ရောက်တဲ့ သူငယ်ချင်းတွေကတော့ လူတွေ အတော်လေး တိုးရတယ်ပြောတယ်။ ပြီးခဲ့တဲ့နှစ် ရောက်တုန်းကတော့ (၆၅) ပြည့်လည်းဖြစ်၊ နောက်ပြီး နေ့လည်ပိုင်းမှ သွားတာဆိုတော့ လူတွေတိုးရတာ ရှေ့ကိုမရောက်ပါဘူး။ ဒီနှစ်တော့ ဆရာမလည်းပါလို့ စောစောထွက်တာ အေးအေးဆေးဆေးပါပဲ။
ပန်းခြံအ၀င်ဝက အထိမ်းအမှတ်စာတမ်း
ဘေးက ဖြူဖြူအ၀ိုင်းလေးက နာရီပါ အချိန်မှန်ပြတယ်
အထိမ်းအမှတ် ကျောက်တိုင်နဲ့ ရေပန်းတွေ
ကျောက်တိုင်ရှေ့က စတိတ်ခုံ
ကျောက်တိုင်ထိပ်ကို လှမ်းရိုက်ထားတာ
ကျူးလစ်ပန်းတွေလည်း ဝေေ၀ဆာဆာ ပွင့်လို့
စစ်ပြန်အဖွားကို ပန်းပေးနေတဲ့ ကလေးငယ်များ
ပန်းတွေနဲ့ စစ်ပြန်အဖွားကြီး
သူတို့လည်း အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်
မငြိမ်းသော မီးတောက်လေး ဒီမီးတောက်လေးက အမြဲတမ်း တောက်လောင်နေတာ
နောက်ထပ် တစ်နေရာရှိသေးတယ် သမတနန်းတော်နားမှာ အဲ့ဒီမှာလည်း ဒီလိုပဲ အစောင့်က အမြဲတမ်း သတိဆွဲပြီး မတ်တပ်ရပ်နေတာ။ ဆောင်းတွင်းအရမ်းအေးတဲ့အချိန်လည်း အစောင့်က ရှိတာပဲ။ တစ်နာရီ ခြားတစ်ခါ လူပြောင်းတယ်။ ညတော့ ဘယ်အချိန်ထိ စောင့်လဲ မပြောတတ်ဘူး။ ဆရာမကို ပြန်မေးကြည့်အုံးမယ်။
မီးခွက်စောင့် စစ်မေချောချောလေး
မလှုပ်မယှက် ရပ်နေရတဲ့အဖြစ်
လူ ပြောင်း တော့မယ်
သူတို့ကလည်း သီချင်းတွေဆိုလို့
စစ်ပြန်ကြီးကလည်း ပါဝင်သီဆိုနေလေရဲ့
သံတွေနဲ့ လုပ်ထားတဲ့ အထိမ်းအမှတ်နေရာ တခု
ဒါကတော့ စစ်အတွင်းက လူတွေ သေကြေပြီး ကျန်ခဲ့တဲ့ ဖိနပ်တွေရဲ့မြင်ကွင်းကို သရုပ်ဖော်ထားတာ ထင်တာပဲ ဆရာက ဟိုဘက်ရောက်နေလို့ မမေးလိုက်ရဘူး
အပွင့်တွေ ပွင့်နေတဲ့ ပန်းသီးပင်
နောက်တနေရာမှာတွေ့တဲ့ စစ်ပြန်အဖွားတစ်ယောက်
ဆုတံဆိပ်တွေနဲ့ စစ်ပြန်အဖိုးအဖွားတွေ
စစ်တွင်းအမှတ်တရတွေ ပြန်ပြောနေတဲ့ စစ်ပြန်အဖွား
အမှတ်တရ လက်ဆောင်ရုပ်လေး
ဖြန့်လိုက်တော့ အခုလိုတွေ့ရတယ်
သူတို့ဆီကျတော့လည်း အထိမ်းအမှတ်ပွဲဆိုရင် တကယ်ကို အလေးထားပြီးတော့ စည်စည်ကားကားနဲ့ လုပ်ပေးတာဗျာ။ အဲ့ဒီနေ့ဆိုရင် စစ်ပြန်အဖိုးအဖွားတွေကို လူကြီးလူငယ်တွေက ပန်းတွေပေးပြီးတော့ ဂုဏ်ပြုကြတယ်။ သူတို့အတွက် ပွဲတော်နေ့မှာ ယာဉ်စီးခကို အခမဲ့သတ်မှတ်ပေးထားတယ်တဲ့။ ကား၊ ရထား ဘယ်ဟာစီးစီး အခမဲ့စီးနိုင်တယ်။ လူတွေ ဒီလောက်များတဲ့ ကွင်းကြီးထဲမှာ အမှိုက်တစကျရင် တစလိုက်သိမ်းတဲ့ သန့်ရှင်းရေး ၀န်ထမ်းတွေကလည်း တာဝန်သိသိ လိုက်သိမ်းနေတာ တွေ့ရတယ်။ အတုယူစရာကောင်းတဲ့ ဆောင်ရွက်မှု့လေးပါပဲ။ ဖျော်ဖြေရေးကတော့ စောသေးလို့ မစသေးပါဘူး။ မနှစ်တုန်းကတော့ စစ်အတွင်းတုန်းက အဖြစ်အပျက်တွေကို ရိုက်ထားတဲ့ ဗွီဒီယိုတွေပြတယ်။ သီချင်းဆိုတာတွေနဲ့ တကယ်ကို ပျော်ဖို့ကောင်းပါတယ်။
အဲ့ဒီနေရာကနေမှ မြို့ထဲနောက်ထပ် တစ်နေရာကို ရောက်ခဲ့သေးတယ်။ မြို့ထဲမှာလည်း သူ့နေရာနဲ့သူ အထိမ်းအမှတ်ပွဲတွေ ကျင်းပနေတာကို တွေ့ခဲ့ရသေးတယ်။ လမ်းလျှောက်ရတာ ကြာတော့ လူတွေလည်း ခြေထောက်တွေကို နာလာပါတယ်။ အဆောင်ပြန်ရောက်တော့ ချက်ပြုတ်စားသောက်ပြီး အိပ်လိုက်တာ တရေးထဲပဲ။ မနက်ကျောင်းသွားဖို့ကို အတော် ထယူရတယ်။ ဗဟုသုတတွေ အများကြီးရလိုက်လို့ ခြေထောက်ညောင်းရကျိုးနပ်ခဲ့ပါတယ်။
5 comments:
ကျနော်လည်းရောက်ခဲ့ပါတယ်.. အမှတ်တရ ဓာတ်ပုံတွေလည်းရိုက်ခဲ့ပါတယ်..ပိုပြီးအမှတ်တရဖြစ်အောင်နှင့် ဓာတ်ပုံလေးတွေပိုပြီးစုံစုံလင်လင်ဖြစ်အောင် တင်ထားတဲ့ အပုံတွေ လိုချင်ပါတယ်..ဒီနှစ်က ၆၆နှစ်မြောက်မဟုတ်ဘူးလား.. ဆရာက အတွေ့အကြုံလေးရေးထားတာ ဖတ်တဲ့သူကို ကိုယ်တိုင်ရောက်သွားသလိုမျိုး ဖြစ်စေတယ်..ကောင်းပါတယ်..မပြန်ခင် များများဆက်ရေးပါဦး..အားပေးနေမြဲ..အားပေးဆဲပါ...
ကိုမျိုးခန့်ရေ..ကိုယ်တိုင်ရောက်သွားသလိုပါပဲ။။။
ဗဟုသုတမျှဝေပေးတာကျေးဇူးပါ။။။။
ဓာတ်ပုံတွေကိုကြည့်ပြီး အကြောင်းအရာကို သိခွင့်ရလို့ ကျေးဇူးပါဗျာ...ကျန်းမာပျော်ရွှင်ပါစေ...
ဗဟုသုတလေးတွေ မျှဝေပေးလို့...ကျေးဇူးပါအကို..ရေ
ကောင်းသောနေ့လေးဖြစ်ပါစေနော်...:)
koshwan>>> ဒီနှစ်က (၆၆) နှစ်မြောက်ဟုတ်ပါတယ် ကိုရွှမ်းရေ။ ပြီးခဲ့တဲ့နှစ်က သွားတာလေး ပါထည့်လိုက်လို့ထင်တယ်။
အလင်းသစ်...အမြဲလာလည်တဲ့အတွက် ကျေးဇူးပါ။
ဘုန်းဘုန်းတောက်ပကြယ်စင်... ဓာတ်ပုံတွေ လာကြည့်တာ ကျေးဇူးတင်ပါတယ်။
အိန်ဂျယ်ရေ... ဆုမွန်အတွက် ကျေးဇူးပါနော်။
Post a Comment