Pages

Saturday, May 21, 2011

လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒလေးများ

လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒများဆိုတဲ့ ခေါင်းစဉ်နဲ့ အလင်းသစ်ဘလော့မှာ တဂ်ထားတယ်ဆိုတာကိုရာဇာပြောလို့ သိရတယ်။ တောင်းဆိုထားတော့လည်း နားလည်သလို ဖြေရသေးတာပေါ့ဗျာ။ လွဲချော်မှု့လေးတွေ ရှိရင် တော့ ခွင့်လွတ်ပေးပါလို့ ကြိုတင်ပြီး မေတ္တာရပ်ခံပါတယ်။ အညာသား စာသိပ်ပြီး မရေးတတ်လို့ပါ။


၁။ အစားချင်ဆုံးအစားအစာ - အမေ့အိမ်က ထမင်းနဲ့ဟင်း။ အညာဝက်သားချက်(ထန်းသီးနဲ့မန်ကျည်းရွက်နု ငရုတ်သီးစပ်ချက်ကိုပြောတာပါ)။


၂။ နေ့တိုင်းစားဖြစ်တဲ့အစားအစာ - ထမင်းနဲ့ဟင်း။ (ချက်ရတာ ၀ါသနာပါလို့ အလုပ်ဘယ်လောက်များများ ချက်စားပါတယ်။)


၃။ အလိုချင်ဆုံးရေမွှေး - အလိုချင်ဆုံးရယ်လိုတော့ မရှိပါဘူး။


၎။ သုံးဖြစ်နေတဲ့ရေမွှေး - BLACK SUEDE LEATHER အပြင်ထွက်ရင်တော့ သုံးဖြစ်ပါတယ်။


၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင်- အခုထိဘာမှ မရဘူးသေးလို့ ဘာပဲဖြစ်ဖြစ် လက်ခံပါတယ်။


၆။ အလိုချင်ဆုံးဖုန်း - အထူးသတ်မှတ်ချက်မရှိပါဘူး။ ဆက်သွယ်လို့ရရင်ပြီးတာပဲ။(ရွာမှာတုန်းက ကိုင်တောင်မကိုင်ဖူးတာလေ….:):):):))


၇။ သုံးဖြစ်နေတဲ့ဖုန်း - SAMSUNG GT-C3300K ဈေးချိုချိုလေးပါ(ဖုန်းကဒ်ထည့်လို့ရတယ်၊ ရထားစီးရင်း တရားနာလို့ရတယ်၊ ဆရာ့ဆီကို စာပို့လို့ရတယ်:):):))))


၈။ အရူးသွပ်ဆုံးအရာ - ရေမရောတဲ့မြန်မာသံ တေးသီချင်းစစ်စစ်တွေနားထောင်ခြင်း၊ မြန်မာအကစစ်စစ်တွေကြည့်ခြင်း၊ စာရေးခြင်း၊ စာဖတ်ခြင်း။


၉။ အနီးစပ်ဆုံးဂီတ - မြန်မာသံသီချင်း သီဆိုတာကို ၀ါသနာပါတယ်။


၁၀။ အလိုချင်ဆုံးစာအုပ် - ဘ၀အတွက် မှတ်သားစရာပေးတဲ့ စာအုပ်အမျိုးမျိုး။


၁၁။ အခုဖတ်ဖြစ်နေတဲ့စာအုပ် - ဘာသာရပ်ဆိုင်ရာစာအုပ်များနဲ့ အွန်လိုင်းစာပေ။


၁၂။ အကြားချင်ဆုံးစကား - အဖေနဲ့အမေ့ပါးစပ်က “လူလေး” လို့ခေါ်တဲ့စကားသံ။


၁၃။ အဖြစ်ချင်ဆုံးဆန- မိသားစုနဲ့ အမိမြေအတွက် အကျိုးပြုမဲ့ လူသားတစ်ယောက်။


၁၄။ အလိုချင်ဆုံးဆု - အမြဲတမ်း အလုပ်လုပ်နေသူအတွက် ဆုဆိုတာ တောင်းစရာမလိုဘူးလို့ ထင်ပါတယ်။ ဆုတောင်းလည်း အလုပ်မလုပ်ဘဲ ထိုင်နေလို့မရဘူးလေ…:):):):


၁၅။ အသွားချင်ဆုံးနေရာ - အညာက မွေးရပ်ဇာတိရွာနဲ့ အမေ့အိမ်ကို။


၁၆။ သွားဖြစ်နေတဲ့ နေရာတွေ - အဆောင်၊ ကျောင်း၊ ဈေး နဲ့ အခုနေတဲ့နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေကို သွားဖြစ်တယ်။


၁၇။ အကြည့်ချင်ဆုံးရုပ်ရှင် - အူတက်အောင် ရယ်ရမယ့် ဟာသကားမျိုး။


၁၈။ အပြောချင်ဆုံးစကား - မှတ်သားထားတဲ့ စကားလေးပါ။ “ရပ်နေရင် ကျော်သွားလိမ့်မယ် ဆက်လျှောက်”တဲ့။


၁၉။ အယုံကြည်ဆုံးလူသား - ဗုဒ္ဓမြတ်စွာဘုရားနဲ့မိဘနှစ်ပါး။


၂၀။ မယုံကြည်ဆုံးအရာ - ကောလဟာလ နဲ့ အတင်းအဖျင်း။


၂၁။ အမုန်းဆုံးအရာ - ကြောက်တတ်တဲ့စိတ်။


၂၂။ အသောက်ဖြစ်ဆုံး အအေး - ပုံမှန်မရှိပါဘူး။( ဒါပေမဲ့ ရေနွေးတော့ အမြဲသောက်ဖြစ်တယ်။ မသောက်ရရင် မနေတတ်အောင်ပါပဲ:):):):)


၂၃။ လတ်တလောအထိတွေ့ဆုံးအရာ - ကွန်ပျူတာ၊ အင်တာနက်။


၂၄။ မကောင်းတဲ့ ကျန်းမာရေး - မျက်စိမှုန်ခြင်း။(ဆရာဝန်သွားပြတော့ ဘာမှမဖြစ်ပါဘူးတဲ့ လက်တွေ့မှာတော့ နဲနဲလေးလှမ်းရင် ဘယ်သူဘယ်ဝါ မကွဲပါဘူး:D:D:D)


၂၅။ အကောင်းဆုံးအဖော် - တရား၊ သီချင်း၊ နဲ့ စာပေ။


၂၆။ လက်ရှိအကြိုက်ဆုံးသီချင်း - မြန်မာသံစဉ်အေးအေးလေးများ


၂၇။ အကြောက်ဆုံးအလုပ် - မကောင်းမှု့မှန်သမျှ လုပ်ရမှာကြောက်ပါတယ်။


၂၈။ တန်ဖိုးအထားဆုံးအရာ - ရတနာမြတ်သုံးပါး မိဘဆရာသမားတို့၏ဂုဏ်ကျေးဇူး၊ ရိုးသားမှု့၊အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရား။


၂၉။ အကြောက်ဆုံး တိရစ္ဆာန် - မွေးခါစ အသိုက်ထဲက ကြွက်ပေါက်စ နီနီရဲရဲလေးတွေ။(သူတို့ကို မြင်ရင် ခေါင်းကြီးလာသလို ခံစားရပြီး ထခုန်ချင်စိတ်ပေါက်တယ်:):):):):)


၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂါတွေ - ကိုရာဇာ(ကျေးတောသားလေး)၊ တောသားလေးမြန်အောင်၊ မင်းလှသားလေး နဲ့ အွန်လိုင်းမိတ်မှဆွေများ။


၃၁။ အပြင်သွားတိုင်းပါတဲ့ပစ္စည်း - အပြင်ထွက်ရင်ယူသွားနေကျ လိုအပ်တာလေးတွေထည့်ထားတဲ့ လွယ်အိတ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်။


၃၂။ သွားဖြစ်တဲ့နေရာတွေ - ဆရာမနဲ့အတူ လေ့လာရေးသွားဖြစ်တယ်။ တောမှာ မကြားဖူးမမြင်ဖူးတဲ့ ဆိုင်တွေသွားပြီး မမြင်ဖူးတာတွေ ကြည့်တယ်(၀ယ်တော့မ၀ယ်ဖြစ်ဘူး:):):):)၊ မစားဖူးတဲ့အစားအစာတွေ ၀ယ်စားဖြစ်တယ်။



၃၃။ စိတ်အညစ်ဆုံးအချိန် - ဖြစ်ချင်တာနဲ့ ဖြစ်လာတာ တစ်ထပ်တည်း မကျတဲ့အခါ၊ ပတ်ဝန်းကျင်သိပ်ပြီးဆူညံတဲ့အခါ။


၃၄။ အနေချင်ဆုံးနေရာ - အပင်မျိုးစုံစိုက်ပျိုးနိုင်မယ့် ခြံဝန်းကျယ်ကျယ်ကြီးထဲမှာ သာမာန်အိမ်လေးတစ်လုံးရယ်၊ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နဲ့ မျှတတဲ့ရာသီဥတုရှိတဲ့ နေရာမျိုးမှာ အေးအေးဆေးဆေးလေး နေချင်တယ်။


၃၅။ ကြားလိုက်မိတဲ့ဟာသလေး တခု - ထွေထွေထူးထူးတော့ မကြားမိသေးပါဘူး။


၃၆။ ပေးချင်တဲ့သတင်းတခု - မဝေးတော့တဲ့ကာလမှာ တောကို ပြန်ရတော့မယ် ဆိုတဲ့သတင်း။


၃၇။ အပျော်ဆုံးဖြစ်မယ့်အချိန် - မြန်မာပြည်ပြန်ရောက်လို့ ရွာကိုပြန်တဲ့အခါ ကားပေါ်ကဆင်းပြီး အထုပ်ကြီးထမ်းရင်း ရွာဘက်ကိုလှမ်းမျှော်ကြည့်လို့ ရွာဦးကျောင်းက ဘုရားငါးဆူနဲ့ ပုပ္ပားတောင်ကြီးကို မြင်ရတဲ့အချိန်။


ကျွန်တော်နားလည်သလို စိတ်ထဲမှာ ရှိတာလေးတွေ ချရေးထားတာကြောင့် ဖတ်ပြီးတော့ အကြောင်းမတိုက်ဆိုင်တာများ ရှိရင်ခွင့်လွတ်ပါလို့ တောင်းပန်ပါတယ်။ တဂ် ထားပါသော အလင်းသစ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဘယ်သူတွေကို ပြန်ပြီး တဂ် မလဲဆိုတော့....
(က) ကိုမောင်(စွယ်စုံကျမ်း)
(ခ) မင်းလှသားလေး
(ဂ) ဘုန်းဘုန်းတောက်ပကြယ်စင်
(ဃ) Burmese taste (အိုင်အိုရာ) 
(င) ကိုနေမင်းမောင် တို့ကို တဂ် လိုက်ပါသည်။ ဖြေပေးကြပါကုန်.....။


  အားလုံးကျန်းမာရွှင်လန်းကြပါစေ....။

 

3 comments:

  1. သူက ကြွက်ပေါက်စ ကြောက်တာတဲ့.. လူတွေများမတူဘူးနော်.. ငါက ကြွက်ပေါက်စကို မကြောက်ဘူး မြွေနဲ့ပတ်သင်ရင် အရေခွံ၊ မြွေရာ၊ မြွေပေါက်စ အဆိပ်ရှိရှိ ၊ မရှိရှိ အကုန်ကြောက်တာ.. ပြောရင်းကြက်သီးထမိတယ်..

    ReplyDelete
  2. ရိုးရှင်းမှုလေးတွေနဲ့ ရေးထားတော့ နှစ်သက်စရာလေးတွေပါပဲဗျာ။

    ReplyDelete
  3. ၃၇။ အပျော်ဆုံးဖြစ်မယ့်အချိန် - မြန်မာပြည်ပြန်ရောက်လို့ ရွာကိုပြန်တဲ့အခါ ကားပေါ်ကဆင်းပြီး အထုပ်ကြီးထမ်းရင်း ရွာဘက်ကိုလှမ်းမျှော်ကြည့်လို့ ရွာဦးကျောင်းက ဘုရားငါးဆူနဲ့ ပုပ္ပားတောင်ကြီးကို မြင်ရတဲ့အချိန်။
    သဘောအကျဆုံးပဲ အကို....:):)

    ReplyDelete