Pages

Showing posts with label မိတ်ဆက်. Show all posts
Showing posts with label မိတ်ဆက်. Show all posts

Friday, February 4, 2011

ဘလော့မိတ်ဆက်...

မင်္ဂလာပါဗျာ...စာဖတ်စာရေးတာဝါသနာပါလို့...ဒီဘလော့လေးကိုဖန်တီးထားခြင်းပါ... အညာမှာမွေး အညာမှာကြီးပြင်းခဲ့သူ တစ်ယောက်ပါ။ ပုပ္ပားတောင်ကြီး နဲ့သိပ်ပြီးမဝေးလှတဲ့ ရွာလေး တစ်ရွာကပါ။ ဘ၀ခရီးကြမ်းကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်။ဆင်းရဲမှု့ကို တွန်းလှန်ချင်စိတ်နဲ့ ဘ၀ကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တယ်။ အခုတော့ စိုင်ကော်လို့ အမေ့အိမ်နဲ့ ဝေးရာအရပ်ကို ရောက်နေပါတယ်။စာရေးစာဖတ်၊ ချက်ပြုတ်ကြော်လှော်၊သစ်ပင်စိုက်တာ ၀ါသနာပါတယ်။ ဖြတ်သန်းခဲ့ ရတဲ့ဘ၀ အကြောင်းလေးတွေနဲ့ အညာဒေသ အကြောင်းလေးတွေ မျှဝေချင်လို့ ဘလော့လေး ဖန်တီးထားတာပါ။ ရိုရိုးအေးအေး နေတတ်တယ်။ မဟုတ်မခံ စိတ်ရှိတယ်။ လူတိုင်းကို ခင်တတ်ပါတယ်။ အညာသားတွေက အသားမည်းပေမဲ့ စိတ်ထားဖြူပါတယ်ဗျ...ရောက်လာသူအားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။ 
အလည်ရောက်လာ သူတိုင်းကို အညာဒေသရဲ့ ရိုးရာဓလေ့တွေ၊ အညာဒေသ အစားအစာတွေ၊ အညာဒေသရဲ့ဟာသလေးတွေ အပြင်ကျွန်တော့် ဘ၀မှာကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ဖွင့်ဟရေးသားထားတဲ့ ကဗျာမမှီ စာမပီ ရေးသားမှု့လေးတွေနဲ့ ဧည့်ခံပါ့မယ်ဗျာ...


မျိုးခန့်(စကားဝါမြေ)