Pages

Showing posts with label ဓာတ္ပံု. Show all posts
Showing posts with label ဓာတ္ပံု. Show all posts

Tuesday, October 29, 2019

My mini Garden


နေရတဲ့အဆောင်က နှစ်ယောက်ခန်း ကော်ရစ်ဒါက အဝတ်လှန်းဖို့လောက်ပဲ ထုတ်ပေးထားတာကို အပင်လေးတွေ စိုက်ထားတာ အခုတော်တော်လေးစိမ်းစိုနေပြီ။အပေါ်တန်းပေါ်ကတစ်ပင်ကစပျစ်ပင်ပါ။
သူငယ်ချင်းတစ်ယောက်ပြန်တော့အခန်းဖော်ကလိုချင်ဆိုတာနဲ့ယူထားပေးတာ။သူကရေကိုပုံမှန်မလောင်း
ပေးလို့ကိုယ်တိုင်ပဲပြုစုပေးနေတာ။အောင်မဲညိုပင်လည်းအစေ့လေးတွေယူပြီးထည့်ထားတာအခုအညွှန့်တွေ
ထွက်ပြီးတန်းပေါ်ကိုတက်နေပြီ။မနှစ်ကစိုက်ပျိုးရေးဈေးပွဲနောက်ဆုံးနေ့မှာသစ်ခွပင်သုံးပင်ဝယ်ပြီးစိုက်ထား
တာကတော့အဟာရကျွေးတာမမှန်လို့လား နေပူလို့ပဲလားမပြောတတ် အပင်သစ်လေးတွေထွက်ပေမဲ့
ပန်းကတော့ခုချိန်ထိတုတ်တုတ်မျှမလှုပ်သေးဘူး။ဇော်စိမ်းပင်ကလည်းဘုရားပန်းလဲတော့အမြစ်တွေထွက်နေ
တာနဲ့ရေသန့်ဗူးကိုထိပ်ပိုင်းဖြတ်ပြီးရေနဲ့ထည့်ထားတော့အမြစ်တွေထွက်ပြီးစိမ်းနေတာ။ရွှေလာငွေလာဂမုန်း
ပင်ရယ်ပိန်းပန်းပင်ရယ်ရှမ်းနံနံပင်ရယ်ငရုတ်ပင်ရယ်နဲ့ကျောင်းပြန်ရင်သူတို့နားရေလောင်းပေါင်းသင်၊
မနက်အိပ်ယာထဘုရားသောက်တော်ရေစွန့်တာလည်းသူတို့ပဲလောင်း။စိတ်ညစ်ရင်သူတို့ကြားဝင်ဟိုပြင် ဒီရွှေ့လုပ်တာနဲ့စိတ်ညစ်တာတွေပျောက်။ကျနော့်အတွက်တော့အဆောင်(၁၅)ထပ်မှာရှိတဲ့ကိုယ်ပိုင်ပန်းခြံလေးပါပဲ။ဌာနမှာလည်းအင်ဒိုးစိုက်တဲ့ပန်းအိုးလေးနှစ်ပင်စိုက်ထားသေးတယ်။ကျောင်းသားအားလုံးထဲမှာကိုယ့်နေရာ လေးကစိမ်းစိမ်းစိုစိုနဲ့မို့ဝင်သမျှကစိတ်ဝင်စားကြတယ်။ကိုယ့်အတွက်ကတော့စိမ်းစိမ်းစိုစိုမြင်ရရင်စိတ်ကြည်အောင်လို့ရယ်စိုက်ရပျိုးရတာလည်းဝါသနာပါလို့ရယ်ပါ။

လာရောက်လည်ပတ်ကြတဲ့အွန်လိုင်းမိတ်တွေညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးအထူတင်ရှိပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Saturday, August 24, 2019

PSU's Agro Fair 2019


Dear all visitors, these photos were taken during the PSU's agro fair 2019. As I am a plants and flower lover, I took so many photos. I hope that you will get fresh feeling after seeing these beautiful flowers. 


























ပန်းတွေကြည့်ပြီး အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အစဉ်လေးစားလျက်
ရွှေညာသား
၂၄-၈-၂၀၁၉

Tuesday, December 25, 2018

နှင်းမဖွေး မိုးအေးတဲ့ ဒီဇင်ဘာ

 ကျောင်းအပြန် မှောင်စပျိုးချိန် အဆောင်ဝရံတာကနေ တောင်တန်းတွေဆီမျှော်ကြည့်မိခိုက်
အတိတ်က ဖြတ်သန်းခဲ့ရာ အညာမြေကအရိပ်တွေဆီခဏတာပြန်ရောက်သွားခဲ့တယ်။

 မနက်အိပ်ယာထချိန်နဲ့ ညနေကျောင်းပြန်ချိန်တိုင်း နှုတ်ဆက်ဖြစ်တဲ့ အဖော်မွန်လေးများ

 တသက်တာ ပျော်ရွှင်မှုအတွက် သစ်ပင်စိုက်ပါတဲ့

 ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ အဆောင်ပေါ်မှမြင်ရတဲ့ ကန်ရေပြင်

 တခုသောညနေ အလုပ်တွေခဏထားပြီး ဌာနအောက်ဆင်း လေကောင်းလေသန့်ရှုရင်း
ကောင်းကင်ပြာအောက်မှာ လှပနေသော ကျောင်းထဲက ရွှေဖရုံသီးအဆောက်အအုံ လက်ချာဟောခန်း လေးခုရှိတယ် ကျောင်းသူကျောင်းသားအများကြီးဆန့်တဲ့ သီရေတာ တွေပေါ့

 ဘာပန်းခေါ်သလဲ မသိပေမဲ့ ကျောင်းသွားလမ်းဘေးမှာ အမြဲတမ်းပွင့်တတ်တဲ့ လောကကိုရှိသမျှအလှနဲ့ အလှဆင်ပြီး တာဝန်ကျေပွန်နေတဲ့ ပန်းတစ်ခက်

 စိန်ပန်းဝါ လို့ခေါ်သလားမသိ အပွင့်ချင်းဆင်တဲ့ ခရမ်းရောင် လည်းတွေ့တယ်
 တောင်ခိုးတွေဝေတဲ့ တစ်ခုတော့ ဒီဇင်ဘာ နေ့တနေ့

 
 အဲ့ဒီနေ့က ဒီမြင်ကွင်းတွေကိုငေးရင်း ပုပ္ပားမြေက အမေ့အိမ်ကိုလွမ်းမိတယ်

 ရှိသမျှအလှနဲ့ လောကကို အလှဆင်နေတဲ့ သစ်ခွပန်းတွေ


ကျောင်းဝန်းထဲမှာပဲ အမည်မသိတဲ့ နောက်ထပ် ပန်းတစ်မျိုး သူ့အလှနဲ့သူ လောကကို အလှဆင်နေရဲ့

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။အလည်လာတဲ့
အတွက်ကျေးဇူးတင်ပါတယ်။
အားပေးမှုကိုလေးစားလျက်
ရွှေညာသား

Saturday, August 25, 2018

စိုက်ပျိုးရေးဈေးရောင်းပွဲတော်

သြဂုတ်လထဲမှာ Department of Natural Resources ဌာနာက နှစ်စဉ်ကျင်းပတဲ့စိုက်ပျိုးရေး ဈေးရောင်းပွဲတော်ရှိပါတယ်။ မနှစ်တုန်းကရောက်တာနောက်ကျလို့ နောက်ပိုင်းသုံးလေးရက်လောက်ပဲ
မှီလိုက်တယ်။ဒီနှစ်တော့ပွဲစကတည်းကလည်ခွင့်ရတယ်။စိုက်ပျိုးရေးဈေးရောင်းပွဲဆိုပေမဲ့မော်တော်ဆိုင်ကယ်
ကားအရောင်းပြခန်း၊ဒေသထွက်အစားအစာ၊အဝတ်အထည်နဲ့လူသုံးကုန်ပစ္စည်းတွေလည်းလာရောက်ပြသ
ရောင်းချကြတယ်။သစ်သီးသစ်ပင်မျိုးတွေ၊သစ်ခွပင်တွေ၊အိမ်တွင်းအလှစိုက်ပန်းပင်တွေ၊အိမ်ထောင်ပရိဘောဂ တွေလည်းရောင်းချကြတယ်။ထိုင်းတောင်ပိုင်းမှာရှိတဲ့စိုက်ပျိုးရေးလုပ်ငန်းစုအားလုံးနီးပါးကလာရောက်ပြသ
ရောင်းချကြတာမို့တော်တော်လေးစည်ကားတဲ့ပွဲတခုပါ။ညပိုင်းမှာအဆိုတော်တွေနဲ့ဖျော်ဖြေရေးလည်းပါသေး
တယ်။

ပွဲရက်တိုင်းမရောက်ဖြစ်ပေမဲ့လည်ဖြစ်တဲ့နေ့တွေမှာတော့ပွဲဈေးကပျားသံပုရာကိုသောက်ဖြစ်တယ်။
အရင်ကမစားဖြစ်တဲ့ဝက်ခေါက်ကြော်ကိုလည်းပွဲတွင်းမှာဝယ်စားဖြစ်တယ်။ဝက်ခေါက်ကြော်ကသူတို့ရဲ့ဒေသ
အစားအစာတခုလိုကိုထင်ရှားပါတယ်။နောက်တခုကတော့ကိတ်မုန့်ဆိုင်ပါ။ကျနော်တို့ဆီကမန္တလေးထိုးမုန့်လို
မျိုးရိုးရာမုန့်ဆိုင်လူအမြဲပြည့်နေတာပဲ။ထိုင်းမုန့်ဟင်းခါးလို့ခေါ်နိုင်မည့်ဟင်းရည်သုံးလေးမျိုးလောက်ရတဲ့
မုန့်ဟင်းခါးဆိုင်ကလည်းလူကြိုက်များတဲ့နေရာတစ်ခုပါ။

ရွှေညာသားအမြဲရောက်တဲ့နေရာကတော့သစ်ပင်ပန်းပင်တွေရောင်းတဲ့ဆိုင်တန်းတွေဖက်။မမြင်ဖူးတဲ့အပင်တွေ
ပန်းတွေအသီးအပင်တွေကိုတွေ့ရလို့ပျော်ရွှင်ရတယ်။အဲ့ဒီဘက်ကိုရောက်ရင်ပြန်ကိုမပြန်ချင်တာ။စိုက်ပျိုးရေးကို
ဝါသနာပါလို့အပင်တွေကိုလိုက်ပြီးစူးစမ်းကြည့်ရှု့ရတာတကယ်ပျော်စရာကောင်းတယ်။အထူးသဖြင့်တော့
အရောင်အသွေးစုံတဲ့သစ်ခွပန်းတွေပေါ့။နောက်ဆုံးနေ့မှာသစ်ခွပန်းပင်တွေကိုဈေးချရောင်းတော့ထားစရာနေရာ
မရှိပေမဲ့သုံးပင်ဝယ်ပြီးအဆောင်ကအဝတ်လှန်းဖို့ပေးထားတဲ့ကော်ရစ်ဒါမှာသစ်ခွပန်းအိုးတစ်အိုးပါချိတ်ပြီးစိုက်
ထားသေးတယ်။ဘာရယ်မဟုတ်ဘူးကိုယ်စိုက်ပျိုးထားတဲ့အပင်ကိုရေလောင်းပေါင်းသင်ပေးရင်းကြီးထွားလာ
လို့အပွင့်အသီးတွေမြင်ရရင်ခံစားရတဲ့ပီတိကိုသဘောကျလို့စိုက်ဖြစ်တာ။နောက်တခုစိတ်အပန်းဖြေစရာတခု
အနေနဲ့လည်းပါတယ်။နောက်နှစ်စိုက်ပျိုးရေးဈေးရောင်းပွဲတော်အမှီတော့သစ်ခွသုံးပင်ကပွင့်မယ်လို့မျှော်လင့်
တာပဲ။ပွင့်အောင်တော့ဒီကြားထဲမှာပြုစုဂရုစိုက်ရမှာပေါ့။ကျောင်းစာတွေဖိအားများတဲ့အချိန်မှာထွက်ပေါက်ရှာဖို့
အတွက်အထောက်အကူပြုမည့်အရာတစ်ခုတိုးလာတာပေါ့။
နောက်ပိုင်းမှာ ဈေးတွေလျှော့ရောင်းတာ မြန်မာပြည်မှာဆိုရင်တော့ သစ်ခွခြံတစ်ခြံစာလောက်ဝယ်မိမှာပဲ
 
အခုတော့လာလည်တဲ့မိတ်ဆွေညီအစ်ကိုမောင်နှမများအတွက်ပွဲတွင်းတုန်းကဖုန်းနဲ့ရိုက်ခဲ့တဲ့သစ်ခွပန်း
ပုံလေးတွေကိုပြန်ပြီးရှယ်ပေးလိုက်ပါတယ်ဗျာ။ပန်းတွေကိုကြည့်ပြီးခဏတာစိတ်အပန်းဖြေနိုင်ကြပါစေ။



တစ်ချိန်က မြန်မာပြည်မှာအရူးအမူးစိုက်ခဲ့တဲ့ Kiss me quick ပန်းတွေပေါ့ 

 လှလိုက်တာ လွန်ပါရေား)



































 ဒီဆိုင်က သစ်ခွတွေကတော့ တော်တော်လေးလှပါတယ် ဈေးလည်းကြီးတယ်း)






ဒီလောက်ဆို သစ်ခွပန်းလေးတွေကိုကြည့်ပြီးစိတ်အပန်းပြေကြမယ်လို့ထင်ပါတယ်ဗျာ။ တသက်လုံးပျော်ချင်သစ်ပင်စိုက် ဆိုတဲ့စကားလိုပဲ မြန်မာပြည်ပြန်ရောက်ရင်တော့သစ်ခွတစ်ခြံလောက်စိုက်ဖြစ်အောင်စိုက်အုံးမယ်။ ပြုစုစောင့်ရှောက်မည့်သူကလည်း Botany နဲ့ပြီးထားတာဆိုတော့ အဆင်ပြေမယ်ထင်ပါတယ်း)
 
လာရောက်လည်ပတ်ကြတဲ့ချစ်မိတ်ဆွေညီအစ်ကိုမောင်နှမများနဲ့(၇)ရက်သားသမီးအားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ရွှေညာသားကဆုတောင်းမေတ္တာပို့သပါတယ်။
 
ရွှေညာသား