ဒီနေ့ရာသီဥတုကလည်း အုံ့မှိုင်းမှိုင်းနဲ့ ဘယ်လိုကြီးမှန်းမသိဘူး။ လွမ်းတတ်သူကိုမှ ပိုလွမ်းအောင် ဖန်နေတယ်။ အိပ်ယာထ မျက်နှာသစ် ဘုရားသောက်တော်ရေကပ်ပြီး အဆောင်ပြင်လှမ်းကြည့်လိုက်တော့ ညှို့မှိုင်းမှိုင်းနဲ့ မိုးတွေပဲ ရွာချတော့မလိုလို၊ တကယ်ဆိုးတယ်ဗျာ... ရာသီဥတုက အုံ့မှိုင်းမှိုင်းဆိုတော့ သူနဲ့ကိုက်ညီတဲ့ သီချင်းလေးတွေ ဖွင့်ပြီး နားထောင်ရင်း သီချင်းထဲကစာသားလေးတွေအတိုင်း အတွေးတွေ နယ်ချဲ့ပြီး ရွာဆီကို ပြန်ရောက်သွားတယ်။ အခုလို အချိန်မျိုးမှာ ဒီလိုသီချင်းလေးတွေ နားထောင်ရတာ အတော်ကို ကောင်းတယ်။ လွမ်းတတ်သူများ အလည်လာရင်းနဲ့ ကျွန်တော်နဲ့အတူ နားထောင်သွားအုံးဗျာ....
ရော့ခ်တို့၊ ပေါ့ပ်တို့ ကြိုက်တဲ့ သူတွေအတွက်တော့ ဒီသီချင်းတွေက နားကလော စရာတွေဖြစ်မှာပေါ့ဗျာ။ ကျွန်တော်တို့လို ကိုရွှေတောသားများ အတွက်တော့ နားဝင်ကို ချိုနေတာပဲ(ဟဲ...ဟဲ)။ ကြိုက်တတ်မှ နားဆင်ပါနော်...။
အားလုံးသော ကျွန်တော့်ညီအစ်ကို မောင်နှမတစ်တွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ....
1 comments:
အစ အဆုံး နားထောင်သွားတယ်... ပိုးအိစံ ဆိုတာလေးကို ပိုရင်းနှီးနေတယ် ...
မကြားရတာကြာတော့ စိတ်ကြည်နူးပြီး ငြိမ် ၂ သက် ၂ လေး နားထောင်နေမိတယ်။
Thanks
Post a Comment