Pages

Showing posts with label သိမှတ်စရာ. Show all posts
Showing posts with label သိမှတ်စရာ. Show all posts

Thursday, May 22, 2014

အစွဲအလန်း


လူသားတွေမှာကောင်းတာကိုဖြစ်စေ၊ဆိုးတာကိုဖြစ်စေအယူအဆအစွဲအလမ်းတွေအမျိုးမျိုးရှိတတ်ကြပါ
တယ်။အကြောင်းတိုက်ဆိုင်လို့ရွှေညာသားလေးတို့ရွာဘက်မှာကြုံရလေ့ရှိတဲ့အကြောင်းလေးတွေဗဟုသုတ
အဖြစ်မျှဝေပေးအုံးမယ်ဗျ။အထူးသဖြင့်တော့လူသေတာမျိုးနဲ့ပတ်သက်ရင်ပိုပြီးအယူအစွဲသန်ကြတယ်။
တောထဲတောင်ထဲမှာသစ်ပင်ပေါ်ကကျတာမျိုး၊မြွေကိုက်တာမျိုး၊ဆွဲကြိုးချသေတာမျိုးစတဲ့အနာရောဂါ
တခုခုနဲ့သေဆုံးတာမဟုတ်ရင်အစိမ်းသေလို့ခေါ်ကြပါတယ်။အသုဘကိုရွာထဲပြန်မသွင်းကြဘူး။ရွာအပြင်
ကသစ်ပင်အရိပ်မှာထားပြီးသဂြိုလ်ကြတယ်။ရောဂါနဲ့ဆေးရုံးသွားရင်းဆေးရုံမရောက်ဘဲလမ်းမှာဆုံးပါးသွား
တာမျိုးဆိုရင်လည်းရွာအပြင်မှာပဲထားပြီးသဂြိုလ်ကြပါတယ်။ဒါကတော့ရွာရဲ့ထုံးစံမို့ဘယ်သူမှလည်းမလွန်
ဆန်နိုင်ကြပါဘူး။

နောက်တခုကလကူးလကွယ်ရက်မှာသေတယ်ဆိုရင်ဆွမ်းသွတ်မလုပ်ကောင်းဘူးဆိုပြီးတော့လည်းအစွဲ
အလန်းထားကြတယ်။သစ်ပင်ပေါ်ကလိမ့်ကျလို့သေတာမျိုးဆိုလည်းဆွမ်းသွတ်ရက်လည်မလုပ်ကောင်းဘူး
တဲ့။သူတို့ခေါ်တဲ့အတိုင်းအစိမ်းသေဆိုရင်ရက်လည်ဆွမ်းသွတ်တာမျိုးမလုပ်ကောင်းဘူးပေါ့။ဒါကတော့
ပူပူနွေးနွေဒီရက်ပိုင်းမှသိလိုက်ရတာပါ။ရွာကဦးလေးတစ်ယောက်ထန်းပင်ပေါ်ကပြုတ်ကျပြီးဆေးရုံအသွား
လမ်းမှာတင်ဆုံးသွားတယ်ဆိုတာကြားရလို့ဖုန်းဆက်ပြီးသတင်းမေးရင်းသိရတာ။အရင်တုန်းကတော့မကြုံဖူး
တော့မသိပါဘူး။လကူးလကွယ်မှာသေတာကိုတော့ပန္နက်ရိုက်ပြီးထားရင်ထားကောင်းတယ်ဆိုလို့လေးလေး
တစ်ယောက်သေတုန်းကကြုံဖူးတယ်။အဘကရွာရဲ့ရပ်မိရပ်ဖလိုဖြစ်နေတာရယ်၊လေးလေးကလည်းဆုံးတာ
တောထဲကတဲမှာဆိုတော့အားလုံးကဘယ်သူမှအတွန့်မတက်ကြပါဘူး။လပြည့်ကျော်ဆယ့်လေးရက်နေ့မှာ
ဆုံးတာကိုအဲ့ဒီနေ့မှာပဲသဂြိုလ်တဲ့အနေနဲ့သချိုင်္င်းမှာတွင်းတူးဖို့ပန္နက်ရိုက်ထားလိုက်တာပါ။အသုဘကိုတော့
နောက်သုံးရက်မြောက်နေ့မှသဂြိုလ်ပါတယ်။

ချောင်းကူးမြစ်ခြားပြီးလည်းမသဂြိုလ်ကောင်းပါဘူးတဲ့။ဆိုလိုတာကတခုခုကြောင့်ချောင်းတဖက်ကမ်းမှာသေ
တယ်ဆိုပါစို့၊သချိုင်္င်းကတဖက်ကမ်းမှာဖြစ်နေရင်ချောင်းကိုဖြတ်ကူးပြီးမသဂြိုလ်ကောင်းဘူးပြောကြတယ်။
ဒါပေမဲ့လေးလေးသေတုန်းကတော့အဘတို့နေတဲ့တဲကချောင်းတဖက်ကမ်းမှာ၊သချိုင်္င်းကရွာဘက်မှာဖြစ်ပေ
မဲ့အဘကသူ့ယာတောမှာပဲသူ့သမီးကိုသဂြိုလ်ချင်တယ်ဆိုတာကြောင့်အားလုံးအဘတို့နေတဲ့တောထဲတဲ
ကနေရွာကသချုင်္ီင်းအထိအသုဘကိုခေါင်းနဲ့သေချာပြင်ဆင်၊ထမ်းစင်တွေနဲ့ကျကျနနပြန်သယ်ပြီးသဂြိုလ်ပါ
တယ်။

နောက်ပြီးရွာထဲမှာအသုဘရှိတယ်ဆိုရင်၊ခေါင်းလျှော်တာမျိုးလည်းမလုပ်ကြပါဘူး။အသုဘချသွားရာလမ်း
တစ်လျှောက်မှာရှိတဲ့အိမ်ဝိုင်းပေါက်တွေမှာမီးဖိုကပြာတွေနဲ့စည်းတားထားကြတာလည်းရှိပါတယ်။
တချို့အရမ်းအစွဲကြီးတဲ့သူတွေကျတော့အသုဘအိမ်ကထမင်းကိုတောင်မစားကြပါဘူး။သူတို့ကိုယ်သူတို့
မသေတော့မည်လူတွေလို့ထင်မှတ်ထားပုံရပါတယ်။

ကလေးသူငယ်တွေသေပြန်ရင်လည်းကြမ်းနွေးသည်အထိမထားကောင်းပါဘူးတဲ့။သေပြီဆိုတာနဲ့ချက်ချင်း
သဂြိုလ်တာပါ။သတိထားမိသလောက်တော့လူကြီးလည်းကြမ်းနွေးအောင်ထားတာခပ်ရှားရှားပါပဲ။သေပြီ
ဆိုတာနဲ့အချိန်ရလို့ကတော့ချက်ချင်းဆွဲချတာများတယ်။အဲ့ဒါကြောင့်ရွာမှာတုန်းကလေးလေးတွေညီမတွေနဲ့
စကားဝိုင်းဖွဲ့လို့စပ်မိရင်ဒီရွာမှာများသေမှာကြောက်တယ်လို့။ဘာလို့လဲဆိုတော့မလှုပ်တော့တာနဲ့ချက်ချင်း
မြေကြီးထဲရောက်တာအသက်မထွက်ဘဲမေ့မြောနေတာဆိုရင်ဘယ်လိုလုပ်မလဲလို့မေးတော့သူတို့က၀ိုင်းပြီး
ရယ်ကြတယ်။ဟုတ်တယ်လေဗျာ..သေရွာပြန်တွေဘာတွေတောင်ရှိသေးတာအသက်မထွက်ဘဲမေ့မြော
နေတာဆိုမခက်ပေဘူးလား။

အထူးဆန်းဆုံးကတော့မီးတွင်းထဲမှာမွေးကင်းစကလေးဆုံးရင်ကလေးအသေကိုထရံပေါက်ကနေယူကြပါ
တယ်။နောက်ပြီးကလေးအထုပ်ထဲကိုပဲစေ့နှစ်စေ့သုံးစေ့ကိုလှော်ပြီးအ၀တ်စနဲ့ထုပ်ပြီးထည့်
ပေးလိုက်ပါသေးတယ်။ကလေးကိုမှာလိုက်တာကလည်းဒီပဲစေ့လေးတွေအညှောင့်ပေါက်မှလူပြည်ကိုပြန်
လာခဲ့တဲ့ဗျာ။သူတို့ထင်တာကတော့လူပြည်ကိုလာတာရက်အင်မတန်တိုတောင်းလို့နောက်မြန်မြန်လာရင်
လည်းဒီလိုပဲမွေးပြီးသေမှာစိုးလို့ထင်ပါရဲ့လေ။တကယ်တမ်းစဉ်းစားကြည့်တော့အဲ့လိုမလုပ်သင့်ဘူးထင်တာ
ပဲနော်။သူ့ဘာသာအရင်ဘ၀ကကုသိုလ်ကံနည်းလို့ခဏတာလူလာဖြစ်ပေမဲ့ကုသိုလ်ကံအဟုန်ကောင်းလာ
ရင်လူ့ပြည်ပြန်ရောက်ခွင့်ရှိသေးတာပဲမဟုတ်လား။သူနဲ့ထည့်လိုက်တဲ့ပဲလှော်စေ့ကဘယ်တော့မှအပင်
ပေါက်မှာတဲ့လဲ။တကယ်တော့ယုတ္တိမရှိတဲ့အစွဲအလန်းတွေပါဗျာ။

အဲ့ဒီကလေးအသုဘအဖြစ်ကိုတော့ရွှေညာသားလေးကိုယ်တိုင်လိုက်ကူညီပေးဖူးလို့သေသေချာချာသိရ
တာပါ။အဲ့ဒီတုန်းကရွာထဲမှာယောကျာ်းသားကလည်းသိပ်မရှိကြဘူး။နံနက်ပိုင်းဆိုတော့တောထဲထွက်သူက
များနေတာအိမ်ဘေးကအကိုကြီးတစ်ယောက်ကလာပြောတာနဲ့ရွာလူကြီးရယ်ပေါင်းမှလေးယောက်ထဲ
သွားပြီးသဂြိုလ်ပေးလိုက်တာ။ကလေးအဖေကလည်းခရီးလွန်နေတော့မရှိဘူးလေ။အဲ့ဒီအစ်မဆိုကလေး
အဖတ်မတင်တာလားမသိဘူး။လသားအရွယ်လေးတွေနဲ့ဆုံးဆုံးသွားတာ။ပြီးတော့မွေးတိုင်းလည်း
ယောကျာ်းလေးတွေချည်းပဲ။

ကျန်တဲ့အစ်မတစ်ယောက်ကတော့သူကိုယ်တိုင်ကကိုအစွဲအလန်းဖြစ်နေတာလားမသိဘူးကလေးငယ်
ဆုံးဖူးထားတော့နောက်ထပ်ကလေးရလို့အဲ့ဒီအရွယ်ရောက်လာရင်သူ့စိတ်ကကိုသူသိနေသလိုပဲတဲ့။
တိုက်ဆိုင်တာပဲလားမသိဘူးအဲ့ဒီအစ်မလည်းကလေးနှစ်ယောက်အဲ့လိုဆုံးဖူးတယ်လို့ပြောတယ်။ကလေးမီး
ထွက်ပြီးလို့လသားအရွယ်ရောက်လာရင်သူကလည်းအရင်ဖြစ်ဖူးတဲ့စိုးရိမ်စိတ်ကရှိလို့လား၊သူ့ဆီရောက်တဲ့
ကလေးကပဲကုသိုလ်ကံနည်းလို့လားမသိဘူးဆုံးပါးသွားတယ်လို့ပြောပြပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေအခုပြောခဲ့တဲ့အယူအဆအစွဲအလန်းတွေကတော့ယနေ့တိုင်ရှိနေဆဲဖြစ်ပါတယ်ဗျာ။
ကျွန်တော်စဉ်းစားမိတာကတော့ဘုရားဟောတရားဓမ္မတွေနဲ့ယှဉ်ပြီးတော့သူတို့အစွဲလေးတွေကိုဖြုတ်ပေး
နိုင်မယ်ဆိုရင်အနည်းနဲ့အများသောလျော့ပါးသွားမယ်ထင်မိတာပါပဲ။ဒါပေမဲ့လွယ်တော့မလွယ်လှပါဘူး
ဒီလိုအစွဲတွေကသူတို့တွေအတွက်အမြစ်တွယ်နေပါပြီ။တကယ်သြဇာညောင်းတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တော့
မပြောတတ်ဘူးပေါ့။ရွှေညာသားလေးလည်းရွာမှာတုန်းကတော့လူကြီးတွေပြောရင်အမှန်ထင်ပြီးတော့
ယုံခဲ့တာပါပဲ။အခုနောက်ပိုင်းတရားတွေနာပါများတော့မှအမှားအမှန်ခွဲခြားဆင်ခြင်စဉ်းစားတတ်လာတာ။

နောက်လည်းတခြားစိတ်ဝင်စားစရာကောင်းတာလေးတွေကိုသိထားသမျှအချိန်ရရင်မျှဝေပါအုံးမည်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အစဉ်လေးစားလျက်
ရွှေညာသားလေး

Monday, May 9, 2011

အမေသို့အမှတ်တရ စာစုလေးများ

နွေးထွေးတဲ့မိခင်မေတ္တာ....
ဒီစာစုလေးတွေကို ကျွန်တော် ကျောင်သားဘ၀တုန်းက ဖတ်ဖူးတဲ့ စာအုပ်လေးများထဲမှ ကူးယူထားခြင်းဖြစ်ပါသည်။ ဒီလိုလာမယ်ဆိုတော့ အိတ်ထဲကို အရင်ဆုံးထည့်ဖြစ်တဲ့ မှတ်စုစာအုပ်လေးပေါ့။ ကျောင်းသားဘ၀တစ်လျှောက် ကြုံခဲ့ရတဲ့ အဖြစ်လေးတွေကို ရေးမှတ်ထားတာလေးတွေပါသလို စာအုပ်ဖတ်ရာက တွေ့မိတဲ့ စကားစုလေးတွေကို ရေးမှတ်ထားတာလေးတွေလည်း ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ အရင်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲလေးတွေကို ပြန်ဖတ်ပြီးတော့ ခွန်အားယူတယ်။

ကျွန်တော်မှတ်စုလေးထဲက အမေနဲ့ ပတ်သက်တဲ့ စာစုလေးတွေကို ကျွန်တော်မိတ်ဆွေများကိုလည်း အမေများနေ့ အမှတ်တရအဖြစ် မျှဝေပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်ပိုင် ရေးသားချက်မဟုတ်တာကို ရိုးသားစွာ ၀န်ခံပါတယ်။

“အမေ့အကျီင်္က ချွေးနံ့တွေက အကျော်ကြားဆုံးဆိုတဲ့ ရေမွှေးတွေထက် သင်းပျံ့ပါတယ်”

“သူများတွေ ဘယ်လောက်ချောချော အကျည်းတန်တဲ့ ကိုယ့်သားသမီးလေးကို ပိုပြီးချစ်တတ်တာ အမေပါ”

“အမေ အော်သမျှ၊ ငေါက်သမျှ တွေဟာ ကောင်းစေ၊ တော်စေ၊ ကျော်စေချင်တဲ့ ဆန္ဒတွေနဲ့ပါ”

“သူများတွေ ချစ်တယ်ဆိုတာ  အမေ မုန်းသလောက်ပဲ ရှိပါတယ်”

“ငယ်စဉ်ကလေးဘ၀ အမေ့ရင်ကို ခြေနဲ့ကန်ခဲ့စဉ်က အမေကတော့ ပြုံးပြုံးလေးနဲ့ ချစ်မြဲချစ်ခဲ့တာပါ”

“ကြီးတဲ့အခါ အမေက စေတနာနဲ့ မာန်မဲတာကို ကိုယ်က မဲ့ရွဲ့ပြီး အပြုံးမစွက် အမုန်းဖက်လိုက်ရင် မိုက်မဲရာ ကျသွားမှာပေါ့”

“အမေ့ကို စိတ်ချမ်းသာအောင် ပြုစုခြင်းဟာ ရှိခိုးနေတာထက် ပိုပြီးမြတ်ပါတယ်”

“အမေဟာ ရုပ်ဆိုးတဲ့၊ ဆင်းရဲတဲ့၊ မလိမ္မာတဲ့ ပညာမဲ့တဲ့ သားသမီးတွေရဲ့ အပေါ်မှာ မေတ္တာတွေ၊ တသီကြီးတန်းစီနေတဲ့ မသိစိတ်လေးနဲ့ တိုးပြီး ချစ်တတ်တာပါ”

“ကိုယ့်သားသမီးလေးတွေ လိမ္မာယဉ်ကျေးတာ၊ ချမ်းသာကြွယ်ဝတာ၊ ပညာတတ်ပြီး အပေါင်းအသင်း ၀င်ဆံ့တာ မြင်ရပြန်တော့ မနာလို မရှု့စိမ့် မရှိဘဲ ပီတိတွေ ဖြစ်ပြီးနေတာ အမေရယ်ပါ”

“အမေက ချွေးနဲ့ရင်းပြီး ပေးထားတဲ့ ပညာတွေ တတ်ကာမှ ခေါင်းပေါင်းကြီးနဲ့ တောသူပုံပေါက်နေတဲ့ အမေ့ကို လူကုံထံတွေကြားထဲ အတူတူ တွဲသွားရမှာ ရှက်နေရင် အမေ့ရင်ကို တမြည့်မြည့်လောင်မြိုက်သွားအောင် စော်ကားလိုက်တာနဲ့ အတူတူပါပဲ”

“အမေဟာ တကယ်ကြည့်ရင် ရိုးရိုးအအ ကြီးပေမဲ့ သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ၊ စေတနာ၊ အချစ်တွေဟာ ခြယ်မှုန်းမပြတတ်အောင် ဆန်းကြယ်ပါတယ်”

“ဒါကြောင့် အမေဟာ ဘယ်သူနဲ့မှ မတူအောင် ချစ်ဖို့အလွန်ကောင်းတာပါ”

“အမေ့ကို မချစ်တတ်သူဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ပါဘူး”

“အမေ့လို ချစ်တဲ့သူကို ရှာလို့တွေချင်တွေ့မယ်၊ အတူတော့ မဖြစ်နိုင်ပါဘူး၊ အတုပဲ ဖြစ်ပါလိမ့်မယ်”

“အမေ့ကို ငွေနဲ့ပေးပြီး ၀ယ်ထားရတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငွေနဲ့ပေးပြီး ၀ယ်ရတဲ့ ပစည်းတွေဟာ တန်ဖိုးဖြတ်လို့ ရနိုင်ပါတယ်။ အမေ့ကိုတော့ ဘာနဲ့မှ တိုင်းတာပြီး တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး”

“ငွေရှိရင် ဘာမဆို လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားတဲ့ သူတွေဟာ ငွေနဲ့စပ်လို့ မရတဲ့ အရာတွေကို မကြာခဏ ကြုံတွေ့ရရင်တောင် သူတို့သိကြမှာ မဟုတ်ပါဘူး”

“သို့သော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအမေနဲ့ ဒီသားသမီးတွေဟာ ပြန်မလာနိုင်တော့တဲ့ လမ်းကနေ လက်ပြနှုတ်ဆက် အပြီးအပိုင် လမ်းခွဲသွားကြရမှာပါ”
 
ကျွန်တော်မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားတာလေးတွေကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဒီစာစုလေးတွေကို ဖတ်ပြီးတော့ အမေများနေ့မှာ အမေ့ကျေးဇူးကို ပြန်လည်သတိရနိုင်ကြပါစေ။

ကျွန်တော်ကို အခုလို ပညာတွေသင်ကြားနိုင်အောင် ဈေးတောင်းကို ခေါင်းမှာရွက်လို့ အပင်ပမ်း အဆင်းရဲခံပြီး ကျောင်းထားပေးခဲ့တဲ့ ကျေးဇူးရှင် အမေ့ကိုလည်း ဒီစာစုလေးတွေကို ဖတ်ပြီးတော့ အမေ့ကျေးဇူးတွေကို ပြန်လည်သတိရမိပါတယ်။ ပညာဆိုတာကို ကောင်းကောင်းနားမလည်ပေမဲ့ သားသမီးကို ပညာတတ်ဖြစ်စေချင်တဲ့ အမေ့ မေတ္တာ၊ စေတနာတွေကို သားဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူးအမေ။

ဖ၀ါးလက်နှလုံး ပခုံးလက်နှစ်သစ် အရွယ်မှစပြီး ဒီနေ့ဒီအချိန်အထိ ကျွေးမွေးပြုစု စောင့်ရှောက်ပေးခဲ့ပါသော  အမေ့ကျေးဇူးအနန္တဂုဏ်ကို လက်ဆယ်ဖြာထိပ်မှာမိုးပြီ်း အဝေးရောက်နေတဲ့ အမေ့သား ရှိခိုးကန်တော့ပါတယ်အမေ။

ကျေးဇူးရှင်အမေ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေ။

Friday, April 22, 2011

တုံ့လှည့် ၀ဋ်ကြွေး

 
(၁)
တခုသော ဆောင်းရာသီ၏ မနက်ခင်းတခုမှာ ကိုလင်းတစ်ယောက် အိမ်မှာမွေးထားသော ၀က်မလေးများကို အစာကျွေးရန် ၀က်ခြံသို့အသွား ၀က်ခြံထဲမှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် "အမေရေ…အမေ့… ဟော့ဒီမှာ လာကြည့်ပါအုံးဗျ မိဖြူနဲ့ညိုမ မှာ ဓားခုတ်ရာကြီးတွေနဲ့" ခြံထဲမှာ ဓားဒဏ်ရာများနဲ့ အိပ်နေသော ၀က်မလေးမိဖြူနဲ့ညိုမ တို့နှစ်ကောင်ကို ကြည့်ပြီး ကိုလင်း မိခင်ဖြစ်သူကို လှမ်းပြောလိုက်ပါသည်။ ကိုလင်း ခေါ်သံကြားတော့ မီးဖိုချောင်မှာ ထမင်းချက်ဖို ပြင်ဆင်နေတဲ့ ဒေါ်လေးစိန် အပြေးထွက်လာခဲ့၏။ ၀က်ခြံနားရောက်တော့ သူမမျက်စိတွေ ပြူးကျယ်သွားပါသည်။ ခြံထဲမှာ ဓားဒဏ်ရာများနဲ့ အိပ်နေသော မိဖြူနဲ့ညိုမ တို့နှစ်ကောင်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ စိတ်ထဲမှာလည်း ခြံထဲထည့်မွေးထားတဲ့ ၀က်မလေးနှစ်ကောင်ကို ဘယ်သူကများ လာပြီးဓားနဲ့ခုတ်သွား ပါလိမ့်ဟု တွေးလိုက်မိသည်။

ဝက်ခြံထဲမှာတော့ ဘယ်ဘက်နံဘေးမှား တစ်ထွာခန့်ရှိသော ဓားဒဏ်ရာကြီးနဲ့ အိပ်နေသော ညိုမနဲ့ ညာဘက်နားရွက် တစ်ခြမ်းပြတ်နေတဲ့ မိဖြူတို့ ရှိနေပါသည်။ ဒေါ်လေးစိန်လည်း ၀က်ခြံထဲကိုဝင် အိပ်နေတဲ့ ၀က်မလေးတွေအနားကိုကပ်ကြည့်တော့ ဓားဒဏ်ရာများက နံနက်လင်းခါနီးအချိန်လောက်မှ ခုတ်ခံထားရဟန်တူသည်။ သွေးများပင် မခြောက်သေး။ ကိုယ့်အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်လေးတွေမှာ ဒဏ်ရာတွေမြင်ရပြန်တော့ ဒေါ်လေးစိန်တစ်ယောက် စိတ်မကောင်းဖြစ်မိသည်။ ၀က်မလေးတွေ ဓားခုတ်ခံရတဲ့ အကြောင်းကိုလည်း နားမလည်နိုင်အောင် ဖြစ်နေသည်။

သိချင်စိတ်ကြောင့် ၀က်ခြံပေါက်ကို သွားစစ်ကြည့်တော့ ခြံပေါက်ဝမှာ ပိတ်ထားသော သစ်သားချောင်းများ နေရာပျက်နေတာကို သတိထားမိသည်။ မဟုတ်မလွဲရော သူတို့နှစ်ကောင် ညက ခြံထဲကတိုးထွက်ထားတာ ဖြစ်မည်ဟု တွေးလိုက်သည်။ တိရစ္ဆာန်ဆိုတဲ့ အမျိုးကလည်း အသိဥာဏ်ရှိတာမှ မဟုတ်တာ။ အစားအစာ ၀၀လင်လင် စားရသော်ငြား ခြံထဲမှာ ကြာရှည်နေရတော့ အပြင်ကို ထွက်ချင်ပေမပေါ့။ လောလောဆယ်မှာ ဖြစ်ပြီးတာတွေကို အသာထားလို့ သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကို သက်သာပျောက်ကင်းအောင် ကုပေးယုံ မှတပါး တခြားနည်းလမ်းမရှိပြီ။

"သား ကိုလင်းရေ အမေ့ကို ရေနွေးအိုးထဲက ရေကျက်အေးလေး နဲနဲယူပေးပါကွယ် မိဖြူနဲ့ညိုမတို့ ဒဏ်ရာတွေကို အမေ ဆေးပေးချင်လို့"ဆိုပြီး ကိုလင်းကို ရေနွေးယူခိုင်းလိုက်သည်။ ရေနွေးရတော့ ညိုမ ကိုယ်ပေါ်က ဒဏ်ရာကို ဆေးကြေားပေးလိုက်သည်။ ထို့နောက် တောင်ဘက်ရွာသို့သွားပြီး ဆေးဆရာခေါ်လာခဲ့သည်။ ဆေးဆရာက လိုအပ်သောဆေးတို့ ပြင်ဆင်ပြီးသောအခါ ညိုမကို ဖမ်းခိုင်းပြီးကိုယ်ပေါ်က ဓားဒဏ်ရာကြီးကို ချုပ်ပေးလိုက်သည်။ ထို့နည်းတူ ဖြူမကိုယ်ပေါ်က ပြတ်သွားသော နားရွက်မှာ ကွဲကျန်နေတဲ့ နားရွက်ပိုင်းကို ချုပ်ပေးလိုက်ပါသည်။

(၂)
ဒေါ်လေးစိန်တို့ အိမ်ရဲ့တောင်ဘက် နှစ်အိမ်ကျော်လောက်မှာ ကိုဖိုးအေးတို့ အိမ်ရှိပါသည်။ ကိုဖိုးအေးက ထန်းသမားတစ်ယောက် ဖြစ်သည်။ သူ့ဇနီးက မရွှေရီ။ သူတို့မိသားစုမှာ သားသမီး သုံးယောက်ရှိပါသည်။ ထန်းသမား ဆိုတော့ ထန်းရည်လေးသောက်တတ်သလို စရိုက်ကလည်း နည်းနည်းကြမ်းသည်။ အိမ်ထောင်ကျစကတည်းက လင်မယားနှစ်ယောက် ပြေလည်သည်မရှိကြ။ တကျက်ကျက် ရန်ဖြစ်နေတတ်သည်။ အဆိုးဆုံးက ကိုဖိုးအေး မူးလာလျှင် မိန်းမဖြစ်သူကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုတ်တတ်ခြင်းပင်။ အိုးခွက်ပန်းကန်ခွဲတာလောက်တော့ အထူးအဆန်းမဟုတ်တော့။ မိန်းမ မရွှေရီကလည်း ယောကျာ်းအကြောင်းသိပေမဲ့ ယောကျာ်းမူးလာလျှင် မိန်းမတို့ သဘာဝ ဗျစ်တောက်ဗျစ်တောက် လုပ်တတ်သည်။ အဲ့ဒီအတွက်ကြောင့် အရိုက်ခံခဲ့ရပေါင်းလည်း မနည်းတော့။ ဒါလည်းသူက အမှတ်မထားတော့ ကိုဖိုးအေးကလည်း မူးလာရင် မိန်းမကိုသာ အပြစ်ရှာသည်။ မိန်းမကို ကျွဲရိုက်နွားရိုက် ရိုက်ပါသည်။ မိန်းမကိုရိုက်လို့ နဘေးလူက ၀င်တားပြန်လျှင် အဲ့ဒီလူက သူ့ရန်သူ။ နောက်ပြီး မိန်းမနဲ့ပါ စွပ်စွဲတတ်သေးသည်။ သူ့စရိုက် သူ့ဥာဉ်ကို သိထားတဲ့ ရွာသားအများစုက သူတို့လင်မယား ရန်ပွဲကို မသိသလိုပဲ နေကြသည်။ တခါတလေ မရွှေရီတစ်ယောက် အိမ်ပေါ်မှအိမ်အောက်ကိုပင် မဆင်းနိုင်။ တခါတလေ ဆေးဆရာခေါ်ပြီး ဆေးထည့်ရသည်က ရှိသေးသည်။ သူ့တစ်ကိုယ်လုံးမှာလည်း ကိုဖိုးအေး ရိုက်ချက်လွတ်တဲ့ နေရာက မရှိသလောက်ပင်။ ဒီလောက်ရိုက်နှက် ထိုးကြိတ်နေတဲ့ ယောကျာ်းကို သည်းခံပြီး ပေါင်းသင်းနေတာကလည်း မရွှေရီရဲ့ အချစ်စိတ်ကြောင့်လား၊ ရှေးရှေးက ၀ဋ်ကြွေးလို့ပဲပြောရလေမလားမသိ။ တစ်ခါတစ်ခါ ယောကျာ်းဖြစ်သူနဲ့ ရန်မဖြစ်တာ ကြာသွားရင် သူကပြောတတ်သေးသည်။ အရိုက်မခံရတာ ကြာတော့လည်း စိတ်ထဲမှာ တခုခု လိုနေသလိုပဲတဲ့ဗျာ။

အဲ့ဒီလို စရိုက်ရှိတဲ့ ကိုဖိုးအေးက အိမ်နီးနားချင်း အချင်းချင်း သည်းခံစိတ်ဆိုတာလည်း မရှိ။ တခြားအိမ်မှ ကြက်ကလေး ၀က်ကလေးများ သူ့အိမ်ကိုလာရင် အသာအယာ မောင်းလွှတ်သည်က ရှားသည်။ လေးဂွ၊ တုတ်၊ ဓား စသည့် နီးစပ်ရာနှင့် ကောက်ထုတတ်သည်။ သီးနှံရိတ်သိမ်းချိန်ဆိုရင် တခြားသူတွေကို တောထဲထွက်ပြီး တလင်းမလုပ်။ အိမ်ဝိုင်းထဲမှာတင် ပြောင်းနှံ၊ ပဲစင်းငုံ၊ နေကြာ စတဲ့ သီးနှံများကို ပုံပြီး ထားတတ်သည်။ ရွာဆိုတော့လည်း တိရစ္ဆာန်လေးတွေက အိမ်တိုင်းလိုလို မွေးတတ်ကြသည်။ သူ့အိမ်ဘက်ကို ရောက်သွားတဲ့ တိရစ္တာန်ကတော့ အကောင်းအတိုင်း ပြန်လာရသည်က အတော်ကို ရှားသည်။ ကျိုးရင်ကျိုး မကျိုးရင် သေတာက များသည်။ ရွာလူကြီးက တလင်းကို ရွာအပြင်မှာ လုပ်ဖို့ပြောတော့လည်း သူကတောင်သူကြီး မဟုတ်တော့ သူ့အိမ်ဝိုင်းထဲမှာပဲ လုပ်ပါရစေတဲ့။ ဒါပေမဲ့ အိမ်ဝိုင်းထဲရောက်လာတဲ့ တိရစ္ဆာန် လေးများကိုတော့ လုံးဝသည်းမခံတတ်။ ယခုလည်း ဒေါ်လေးစိန်အိမ်က ၀က်မလေးနှစ်ကောင်ကို ညတုန်းက အိမ်ဝိုင်းထဲလာပြီး ပြောင်းနှံပုံကို စားလို့ ထန်းလှီးဓားနဲ့ ခုတ်လွှတ်လိုက်သည်။

ကိုဖိုးအေး ခုတ်လိုက်ကြောင်း သိရတာက တခြားကြောင့်မဟုတ်။ သူ့အိမ်နဲ့ ကပ်လျက်မှာ ဒေါ်လေးစိန်ရဲ့ အဒေါ် အရီးလေးဖွားဆွေ အိမ်ရှိပါသည်။ မနက်မိုးလင်းတော့ ဒေါ်လေးစိန်အိမ်မှာ ၀က်တွေ ဓားခုတ်ခံရတယ် သတင်းကြားလို့ အရီးလေးဖွားဆွေ လာမေးရာမှ ညတုန်းက ကိုဖိုးအေးအိမ်ဝိုင်းထဲမှာ ပြောင်းနှံပုံကို လာစားတဲ့ ၀က်တွေကိုလိုက်မောင်းတဲ့ အသံကြားရကြောင်း။ နောက်ပြီး ၀က်တွေအော်သံတွေကိုလည်း သူကြားမိကြောင်း အရီးလေးဖွားဆွေက ဒေါ်လေးစိန်ကို ပြောပြပါသည်။ နောက်တခု ပိုသေချာတာက ကိုလင်းတစ်ယောက် ကိုဖိုးအေး အိမ်ဝိုင်းထဲက ပြောင်းနှံပုံဘေးမှ ၀က်နားရွက်ပြတ်အပိုင်း တခုနဲ့ သွေးကွက်တွေကို တွေ့ခဲ့ရခြင်းဖြစ်သည်။ တရားခံကို သိပြီးဖြစ်သော်လည်း ကိုယ့်တိရစ္ဆာန်က သူ့အိမ်ဝိုင်းထဲ ရောက်သွားတော့ ကိုယ့်ဘက်ကလည်း မှားတာပဲဆိုသော အသိနဲ့ ဒေါ်လေးစိန်လည်း ဘာသိဘာသာ နေလိုက်သည်။ သို့ပေမဲ့ အသိဥာဏ်မရှိတဲ့ တိရစ္ဆာန်တွေကို အခုလိုမျိုး လုပ်လိုက်တာကိုတော့ စိတ်ထဲက မကျေနပ်နိုင်။ အသာအယာ မောင်းလွှတ်လိုက်ရင် ရပါလျက် ဓားနဲ့ခုတ်လိုက်တာကိုတော့ သူစိတ်တိုမိသည်။

ဝက်မလေးတွေ ဒဏ်ရာတွေနဲ့ ခံစားနေရတာကို နေ့စဉ်မြင်တွေ့နေရတော့ ဒေါ်လေးစိန် တစ်ယောက်လည်း စိတ်ကိုထိန်းသည့်ကြားမှ စကားလုံးတွေအံထွက်လာပါတော့သည်။
"ဟေး ငါ့ဝက်တွေကို ဓားနဲ့ ခုတ်တဲ့သူတွေ အခုငါ့ဝက်မလေးတွေ ခံစားနေရသလို နင်တို့တွေ ပြန်ပြီးမခံစားရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးတွေ သွေးထွက်သံယို ဖြစ်သလို နင်တို့တွေလည်း မတွေကြုံမခံစားရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးတွေ ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့ နေရသလို နင်တို့တွေ မကြုံတွေ့ရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးမိဖြူ နားရွက်တိုသွားသလို နင်တို့တွေလည်း နားရွက်တိုနဲ့ မနေရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်" ဆိုပြီး အော်ဟစ်ဆုတောင်းပေးရင်း မျက်ရည်များလည်း ကျနေလေသည်။ ဒေါ်လေးစိန် ဆုတောင်းကလည်း တခြားသူကို ပျက်စီးစေလိုခြင်းမဟုတ် သူ့ဝက်မလေးတွေ ခံစားနေရသလို ပြုလုပ်တဲ့သူတွေ ပြန်ပြီးမခံစားရပါစေနဲ့လို့ ဆုတောင်းပေးခြင်းဖြစ်ပါသည်။