Pages

Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts

Sunday, June 7, 2015

ခံစားချက်တူသူများသို့

ဒီသီချင်းလေးကလည်းအညာသားရင်ကိုထိတဲ့သီချင်းလေးပါပဲဗျာ။ရည်မှန်းချက်တွေပြည့်တဲ့တစ်နေ့တော့
ကိုယ့်မြေကိုယ်ရွာကိုအရောက်ပြန်ခဲ့မှာပါ။ရည်မှန်းချက်ပန်းတိုင်မပြီးဆုံးသေးခင်အထိတော့ပျော်ရာမှာမနေ

တော်ရာမှာနေဆိုတဲ့စကားလေးကိုလက်ကိုင်ထားပြီးအလွမ်းစိတ်တွေကိုဖြေသိမ့်နေရပါတယ်။ခံစားချက်ချင်း
တူတဲ့ညီအစ်ကိုမောင်နှမတွေနားခံစားနားဆင်ရင်းအလွမ်းဖြေနိုင်ကြပါစေဗျာ။
အားပေးမှု့ကိုလေးစားလျက်
ရွှေညာသားလေး
Credit to>>>> You tube 


Saturday, June 6, 2015

သံချောင်းနဲ့ခင်နှောင်း

တောသားဆိုတော့ဒီလိုမျိုးသီချင်းလေးတွေနားဆင်ရတာအရမ်းသဘောကျတယ်ဗျ။မကြာမကြာဖွင့်ပြီး
နားထောင်ဖြစ်တယ်။နားထောင်တိုင်းလည်းလူကရွာကိုပြန်ရောက်နေသလိုခံစားရတယ်။ဒါပေမဲ့ခင်နှောင်း
ဆီကိုတော့မဟုတ်ပါဘူး :) အဖေနဲ့အမေရှိတဲ့အိမ်ဆီကိုပါ။လာလည်ရင်းနဲ့တောအငွေ့အသက်လေးတွေ
ပါတဲ့ဒီသီချင်းလေးနားဆင်သွားကြအုံးဗျာ။ဂျပန်ကနေဖိလစ်ပိုင်ကိုပြန်ရောက်တော့အရင်ဆုံးခံစားရတာက
ပူပြင်းတဲ့ရာသီဥတုနဲ့မွန်းကြပ်တဲ့ပတ်ဝန်ကျင်ပါပဲ။ဂျပန်ပြည်မှာလူဖြစ်ရတဲ့သူတွေကိုအားကျမိတယ်။ကျနော် တို့ရွှေပြည်ကြီးကိုလည်းအဲ့လိုမျိုးအစစအရာရာစနစ်ကျပြီးစည်းကမ်းရှိတဲ့နိုင်ငံကြီးဖြစ်စေချင်မိတယ်။


လာလည်ကြတဲ့ချစ်မိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးကျန်းမာချမ်းသာကြပါစေဗျာ။
လေးစားမှု့ဖြင့်
ရွှေညာသားလေး
Credit to>>>> You tube 

Friday, May 16, 2014

ကျောက်ပန်းတောင်းမြေအလွမ်းပြေ


ဒီသီးချင်းလေးနားဆင်ရင်ရွာကိုအရမ်းသတိရတယ်။တစ်ချိန်ကဖြတ်သန်းခဲ့ရတဲ့ဘ၀တွေကိုလည်းသတိရမိ
တယ်။ကျောက်ပန်းတောင်းမြို့ပေါ်ကိုပဲစင်းငုံပေါ်ချိန်၊ကုလားပဲပေါ်ချိန်၊ငရုတ်သီးပေါ်ချိန်တွေဆိုရောက်ဖြစ်
တယ်။တည်သီးမှည့်ချိန်၊တမာရွက်နုချိန်ဆိုပျံကျဈေးထဲမှာအမေနဲ့ဈေးရောင်းခဲ့တာတွေကိုသတိရတယ်။
တစ်နေ့ဈေးနားကဘုန်းကြီးကျောင်းထဲမှာအလှူလုပ်နေတာနဲ့ကြုံလို့အလှူကနေဖွင့်တဲ့ဆိုင်းသံကအပြင်မှာ
တီးနေတယ်ထင်ပြီးသားအမိနှစ်ယောက်ဆိုင်းဝိုင်းသွားကြည့်မယ်စိတ်ကူးနဲ့ဘုန်းကြီးကျောင်းဝန်းထဲအသွား
အလှူကပြန်လာတဲ့အဒေါ်တစ်ယောက်ကိုဆိုင်းဝိုင်းကကျောင်းပေါ်မှာထားတာလားမေးတော့ဆိုင်းဝိုင်းမပါ
ပါဘူးတဲ့။အခုကအခွေကိုဆောင်းဘောက်တွေနဲ့ဖွင့်ထားတာတဲ့လေ။တော်သေးတာပေါ့မေးမိပေလို့မဟုတ်ရင်
ထမင်းစားချင်လို့လာတယ်အထင်ခံရအုံးမှာ။

တခါကတော့အမေနဲ့တည်သီးတွေရောင်းရင်းလက်လီပြန်ရောင်းချင်တဲ့သူတွေကအလုံးရေများများယူတာနဲ့
အမေကရေတွက်ပြီးထည့်ပေးတယ်။တချို့ကျတော့လည်းအမေရေတွက်တာအပြင်လက်ကမသိမသာ
ကောက်ကောက်ထည့်သေးတယ်။ကိုယ်တွေခမြာတော့တောထဲမှာနေပူခံပြီးတည်သီးလိုက်ခူး၊အိမ်ရောက်
တော့ပြာနဲ့မြေကြီးကျင်းထဲမှာအုပ်၊မြို့ပေါ်ကိုရောက်အောင်တယုတယသယ်ပြီးရောင်းရတာကိုအလကားနီးပါး
လိုချင်တဲ့သူကရှိသေးတယ်။

အမေကတော့ပြောပါတယ်။လူလေးရယ်ကိုယ်ကမှန်ရာကိုလုပ်နေတာပဲသူတို့မဟုတ်တာလုပ်သူတို့ခံရမှာ
ပေါ့တဲ့။ပျံကျဈေးကလူတွေတော်တော်လည်ကြတယ်။သူတစ်ပါးအပေါ်ဖျံကျရမယ်ဆိုရင်လည်းနှစ်ယောက်
မရှိဘူး။တောကလာတဲ့မလည်မ၀ယ်လူတွေဆီကဆိုရင်ပိုဆိုးသေး။ကျောက်ပန်းတောင်းနဲ့ကြုံခဲ့ဖူးတာလေး
တွေပါ။ဒီသီချင်းလေးနားဆင်ရင်းသတိရမိလို့ရင်ဖွင့်တာ။

ပဲမှုန့်ဟင်းချိုပျစ်ပျစ်နဲ့ကျောက်ပန်းတောင်းမုန့်ဟင်းခါးကိုလည်းသတိရတယ်။ထန်းလျက်ရည်ညိုညိုနဲ့မုန့်လက်
ဆောင်ချိုမွှေးမွှေးကိုလည်းလွမ်းတယ်။ဆီဝယ်နေကျလှလှဌေးပွဲယုံ၊တခါတလေဈေးလဲလို့ရတဲ့ကုလားပဲ
လေးတွေသွားသွားရောင်းတဲ့နီလာပဲခွဲစက်ကိုလည်းမြင်ယောင်မိတယ်။

အခုတော့လည်း...ဘ၀ရာသီးစက်ဝန်းကလည်ပတ်နေတာဆိုတော့...ကျောက်ပန်းတောင်းနဲ့ဝေးရာဆီကို
ရောက်နေပါတယ်...ဒါပေမဲ့ဘ၀အမှတ်တရတွေရှိခဲ့တဲ့နေရာမို့ဘယ်တော့မှမမေ့ပါဘူး....။

လေးစားမှုဖြင့်
ရွှေညာသားလေး

Sunday, April 13, 2014

ဒီနှစ်တော့မြူမှောင်ဝေကင်းနဲ့ပဲသင်္ကြန်အလွမ်းဖြေကြတာပေါ့

သင်္ကြန်တဲ့လား..ကိုယ်နဲ့မဆိုင်သလိုပါပဲဗျာ...ဒီနှစ်တော့ကျောင်းပိတ်ရက်တွေဆက်တိုက်လို့သင်္ကြန်ရက်လေး
နဲ့တိုက်မယ်ထင်မိတာ...ကျောင်းပိတ်ရက်က April 17 ရက်နေ့မှ April 20 ရက်နေ့အထိတဲ့။တစ်ဘာတည်း
သောစာမေးပွဲက ဧပြီ (၁၄) ရက်နေ့ဆိုတော့ကျန်တဲ့နှစ်ရက်တော့အေးဆေးနေရကောင်းပါရဲ့လေ။
အတာရေစိုဖို့ကံမပါတဲ့ဘ၀ကွန်ပျူတာရှေ့မှာထိုင်ရင်းနဲ့ပဲနတ်များလိုအငွေ့နဲ့သင်္ကြန်ကိုပျော်ရတာပေါ့လေ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးဘေးဘယာကင်းကွာကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်။
 အားပေးမှုကိုလေးစားလျက်
ရွှေညာသားလေး

Thursday, January 16, 2014

အမေ့အိမ်

အမေများနေ့မှာအမေနဲ့ဝေးကွာနေတဲ့သူတိုင်းအလွမ်းပြေနားဆင်ရအောင်အမေနဲ့ပတ်သက်တဲ့သီချင်းလေးတွေမျှဝေလိုက်ပါတယ်ဗျာ။
သီချင်းတွေနားဆင်ရင်းအမေ့ကိုပိုပြီးသတိရမိတယ်။အထူးသဖြင့်အမေ့အိမ်မှာနေခဲ့ရစဉ်တုန်းကအဖြစ်အပျက်လေးတွေကိုပေါ့။အားလုံး
ထပ်တူခံစားကြရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျုပ်အတွက်ကတော့သူများနိုင်ငံမှာဘယ်လောက်ပဲပြီးပြည့်စုံတဲ့ဘ၀ကိုပိုင်ဆိုင်နေရပေ
မဲ့အမေ့အိမ်သည်သာလုံခြုံမှု၊နွေးထွေးမှုအပေးနိုင်ဆုံးနေရာတစ်ခုပါ။



ဒီသီချင်းလေးတွေကတစ်ယောက်ထဲနေရတဲ့အခါအိမ်ကိုအရမ်းသတိရရင်နားဆင်ဖြစ်တဲ့ဘယ်တော့မှမရိုးတဲ့သီချင်းလေးတွေပါဗျာ။
တခါတလေလည်းသီးချင်းနားဆင်ရင်းမျက်ရည်တွေကျမိတယ်။တစ်ယောက်ထဲအထီးကျန်စွာနေရတော့မှာမိသားစုတွေသိုက်သိုက်
ဝန်းဝန်းနေလာခဲ့ကြတာတွေကိုအရမ်းသတိရမိတယ်။အမေ့အိမ်မှာမရှိအတူရှိအတူအေးအတူပူအမျှနေခဲ့ရတဲ့ဘ၀ကတကယ်ပျော်ရွင်
စရာနေ့ရက်တွေပါပဲ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ
ရွှေညာသားလေး

Friday, December 20, 2013

ဆောင်းအမှီ..ရောက်အောင်ပြန်ခဲ့စေချင်သည်

ဆောင်းရာသီရောက်ပြီဆိုတော့ဆောင်းနဲ့ပတ်သက်တဲ့သီချင်းလေးကိုနားဆင်ကြမယ်ဗျာ။
သီချင်းထဲမှာတော့မောင်ရယ်ဆောင်အမှီပြန်ခဲ့စေချင်သည်တဲ့။ပညာသင်တပိုင်းတစနဲ့ပဲပြန်
ရတော့မှာလားလေ။ဒါပေမဲ့ပြန်လာဖို့ခေါ်မည့်သူကမရှိတော့ဆောင်းရာသီမရှိတဲ့ဒီနိုင်ငံမှာပဲ
ဆောင်းအလွမ်းသီချင်းလေးတွေနားဆင်ရင်းအညာဆောင်းကိုအလွမ်းဖြေတော့မယ်ဗျာ။


အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ရွှေညာသားလေးမှဆုတောင်းမေတ္တာ
ပို့သအပ်ပါတယ်ဗျာ။
အမြဲလေးစားလျက်
ရွှေညာသားလေး

Monday, July 29, 2013

ရွာအလွမ်းပြေနားထောင်ဖြစ်တဲ့သီချင်းလေးတစ်ပုဒ်

ဘလော့ထဲကိုရောက်သော်လည်းစာရေးရင်errorတက်တက်နေလို့စိတ်ညစ်ညစ်နဲ့ပြန်ထွက်သွား
ရတာလည်းမနည်းတော့ဘူး။အခုလည်းပျင်းလို့ခဏ၀င်ကြည့်ရင်းနားထောင်ဖြစ်တဲ့တောသီချင်း
လေးတစ်ပုဒ်တင်ကြည့်ပါတယ်။အဆင်ပြေမယ်တော့ထင်တာပဲဗျာ...။ဒီရက်ပိုင်းရွာကိုအရမ်းသတိ
ရတယ်။အစားအသောက်တွေရော၊ရွာကရာသီဥတု၊အလုပ်အကိုင်၊အားလုံးအားလုံးကိုသတိရနေ
မိတယ်။အရင်တုန်းကရုန်းကန်ခဲ့ရတာလေးတွေကိုလည်းမကြာမကြာပြန်တွေးမိနေတယ်။အဲ့ဒါတွေ
ကိုပြန်တွေးမိရင်ကျုပ်ဘ၀ကအိပ်မက်မက်နေသလားထင်ရတယ်ဗျာ။ရွာအလွမ်းပြေနားထောင်ဖြစ်
တဲ့သီချင်းလေးကိုမျှဝေပေးလိုက်ပါတယ်နော်...။လာလည်ရင်းအပျင်းပြေနားဆင်သွားပါအုံးဗျာ...။


မိုးအေးအေးမှာတောသီချင်းလေးတွေနားထောင်ပြီးရွာကိုလွမ်းရတာသိပ်ကောင်းတာပဲ။တခါတခါ
အလွမ်းတွေစုမိပြီးမျက်ရည်တောင်လည်မိပါရဲ့ဗျာ။

အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့မေတ္တာပို့ပါတယ်နော်...။လာရောက်လည်ပတ်
ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။

လေးစားမှုဖြင့်
ရွှေညာသားလေး


Friday, April 5, 2013

မြူမှောင်ဝေကင်း...

သာယာငြိမ့်ညောင်းတဲ့သံစဉ်လေးနဲ့အတူမြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့အဆိုအကလေးတွေ
ကြားရသူရင်ထဲမှာမြူးကြွလန်းဆန်းစေတဲ့သီချင်းလေးတစ်ပုဒ်ပါပဲ။အင်မတန်ကျက်သရေရှိ
တဲ့သင်္ကြန်သီချင်းကောင်းတစ်ပုဒ်ပါ။အဆိုတော်သုံးဦးရဲ့သီဆိုဟန်လေးတွေကိုစုစည်းပြီး
နှစ်သစ်ကူးအမှတ်တရအဖြစ်တင်ပေးလိုက်ပါတယ်။နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ကိုရွှေညာတို့ကတော့သင်္ကြန်ရက်နဲ့စာမေးပွဲနဲ့ကွက်တိဖြစ်နေလို့သင်္ကြန်လည်းကျနိုင်မည်
မထင်ပါဘူး။







အားလုံးသောညီအစ်ကိုမောင်နှမများနှစ်သစ်မှာဘေးရန်ကင်းကွာကျန်းမာချမ်းသာပြီးလိုရာဆန္ဒပြည့်ဝကြပါစေ။
မျိုးခန့်(စကားဝါမြေ)

Thursday, November 1, 2012

အမေ့အိမ်ကိုလွမ်းတယ်....

အခုတစ်လော ဘာရယ်မသိဘူး အမေ့အိမ်ကို အရမ်းသတိရတယ်ဗျာ...။ ရောက်တာလည်း တစ်လကျော်ကျော်လောက်ပဲ ရှိသေးတယ်...။ ဖုန်းလည်းအမေ့ဆီကို မကြာမကြာဆက်ဖြစ်တယ်...။ ကိုယ့်အခက်အခဲကို အမေ့နဲ့ဖုန်းဆက်ရင်း ရင်ဖွင့်ရတယ်။ စာတွေကလည်း အသစ်တွေသင်နေရတာမို့ အမေ့ကိုအဆင်မပြေကြောင်း ပြောပြမိတယ်...။အမေ့ကတော့ ငါ့သား စိတ်ပင်ပန်းခံပြီး မနိုင်တာကို လိုက်လုပ်မနေနဲ့နော်တဲ့...။ ကျန်းမာရေးကိုဂရုစိုက် လူထက်ဘယ်ဟာမှတန်ဖိုးမရှိဘူးတဲ့။  အမေကလွဲပြီး ကျန်တဲ့သူတွေက ဘယ်သူမှနားလည်မပေးကြဘူး...။ အသစ်သင်ရတော့လည်း အသစ်တွေသိတာပေါ့တဲ့ဗျာ။ မှန်တော့မှန်ပါတယ် ဒါပေမဲ့ အသစ်ဆိုတာကလည်း ကိုယ်တစ်ခါမှ မထိတွေ့ခဲ့ဖူးတဲ့ အသစ်လေ။ ဘယ်အခြေခံကနေစပြီး ဘယ်ဟာကိုနားလည်ရမှာလည်။ ဒီကလူကြုံနေရတဲ့ အခက်အခဲကို မသိရှာကြတော့ သူတို့ကိုလည်း အပြစ်မဆိုချင်ပါဘူး။ ဒါပေမဲ့ အမေတစ်ယောက်သာ နားလည်ပေးတယ်။ လူကတော့ အတော်လေးကို ပင်ပမ်းတယ်ဗျာ..။ စိတ်ဖိစီးမှု့များလာရင် အားလုံးကိုမေ့ပြီး တရားနာတယ်။အမေ့ကိုလွမ်းတဲ့အခါ အမေနဲ့သက်ဆိုင်တဲ့ သီချင်းလေးတွေကို နားထောင်တယ်...။ အခုသီချင်းလေးကလည်း ရွှေညာသားလေးအကြိုက်တွေထဲ အမေသီချင်းတစ်ပုဒ်ပါ။ကျွန်တော်လို့ အမေအိမ်နဲ့ ခွဲပြီး ပင်လယ်ရပ်ခြားမှာ ဘ၀တိုးတက်မှု့တွေဖွေနေတဲ့သူများ အလွမ်းပြေနားဆင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်...။


ကျွန်တော်နေရာလေးကို လာလည်းရင်း အိမ်အလွမ်းတွေ ဖြေဖျောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ရွှေညာသားလေး ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။

Sunday, July 3, 2011

တေးလက်ဆောင်

ဒီသီချင်းလေးထဲကလိုပဲ အကြင်နာ၊မေတ္တာစေတနာတွေနဲ့ နွေးထွေးနေတဲ့ အမေ့အိမ်ကို မကြာခင်ပြန်ရတော့မှာမို့ ကျွန်တော်နဲ့အတူ အလွမ်းပြေ နားဆင်နိုင်အောင် ဒီသီချင်းလေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်အပါအ၀င် အမေ့အိမ်နဲ့ ဝေးကွာနေကြရတဲ့ သားသမီးတိုင်း နွေးထွေးလှတဲ့ အမေ့အိမ်လေးဆီကို ပြန်ချင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သူတစ်ပါးတိုင်းပြည်တွေ ဘယ်လောက်ပဲ တိုးတက်ဖွံဖြိုး တယ်ဆိုပေမဲ့ မေတ္တာစေတနာတွေနဲ့ ပြည့်နေတဲ့ အမေ့အိမ်လေးကတော့ ကျွန်တော်တို့ သားသမီးတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အိုအေစစ်လေးပါ။ ကျွန်တော်ကတော့ ဒီသီချင်းလေးကို နားထောင်ရတဲ့အချိန်တိုင်း အမေ့အိမ်လေးကို လွမ်းလို့ မျက်ရည်ကျမိတယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် မေတ္တာစေတနာတွေနဲ့ ပြည့်နေတဲ့ အေးမြတဲ့ အမေ့အိမ်လေးဆီကို အောင်မြင်မှု့တွေ ရင်မှာပိုက်ပြီး ပြန်လာနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်...။