Pages

Sunday, May 29, 2011

ဘယာကြော်


အလုပ်တွေမအားသော်လည်း မစားဘဲမနေနိုင်တော့ ရတဲ့အချိန်လေးမှာ ချက်ပြုတ်စားသောက် ရသေးတယ်ဗျ။ လွယ်လွယ်နဲ့ မြန်မြန်စားလို့ရတာလေးတွေပေါ့။ အသားဟင်းတွေ ဘာတွေဆိုရင် နူးအောင် ချက်ရတာ အချိန်ပေးရတယ်။ ဘယာကြော်ကတော့ ပဲရေစိမ်တာပဲ ကြာပါတယ်။ ပဲနူးသွားရင် ကြိတ်စက်ထဲ ထည့်ကြိတ်ပြီးတော့ ကြက်သွန်ဖြူ၊ ချင်း၊ ထောင်းထားတာလေးနဲ့ ရော ဆား၊ဟင်းချိုမှုန့်၊ ဆိုဒါလေး နည်းနည်းထည့်ပြီးတော့ ကြော်ယုံပါပဲ။ အိမ်မှာတုန်းကတော့ အမေ ဘယာကြော် ကြော်ရင် ကုလားပဲ ရေစိမ်ပြီးသားကို ကူပြီး ထောင်းပေးရတယ်။ ကြိတ်စက်မရှိတော့ ငရုတ်ဆုံနဲ့ လက်ညောင်းအောင် ထောင်းရတာပေါ့။ အခုတော့ လက်လှည့်တဲ့ ကြိတ်စက်လေးနဲ့မို့ အဆင်ပြေတယ်။

 ဘယာကြော်
 အချဉ်ရည်
အကြော်ကြော်နေစဉ်မှာ ထမင်းအိုးလေး တည်ထားလို့ အကြော်ကြော်ပြီးတော့ ထမင်းအိုးလည်း အကျက် ကွက်တိပဲဗျာ။ အချဉ်ကတော့ မန်ကျည်းသီးမှည့်ကို ရေစိမ်ပြီး ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမှုန့် ရောထောင်းထားတာလေးတွေနဲ့ အချဉ်ရည်လုပ်လိုက်ပါတယ်။ နံနံပင်ရှိတာလေးပါ ညှပ်ထည့်လိုက်တယ်။ အားလုံးပြီးသွားတော့ ထမင်းပူပူလေးကို အကြော်အိုးထဲကဆီလေးဆမ်း၊ ဆားဖြူးပြီး ဘယာကြော်၊ အချဉ်ရည်လေးနဲ့ တွဲဖက်စားသုံးလိုက်တော့ ထမင်းတနပ်ပြီးသွားပါတယ်။ ရေနွေးလေးလည်း ပါသေးတယ်ဗျာ။ ဘယာကြော်ကလည်း မစားရတာ ကြာလို့လားမသိဘူး စားလို့အတော်ကောင်းပါတယ်။ မစားရတာကလည်း သုံးနှစ်ပြည့်တော့မယ်လေ။ အမေ့အိမ်တုန်းကသာ အမေကြော်ကျွေးလို့ မကြာမကြာ စားရတာ။



အကြော်စားပြီး ရေနွေးလေးပါသောက်ရတာပေါ့...

လာရောက်လည်ပတ်ရင်း တည်ခင်းထားတာလေးတွေကို သုံးဆောင်သွားပါအုံးဗျာ။ သူငယ်ချင်းတွေကတော့ ကုလားဘယာကြော်လို့ခေါ်တယ်တဲ့။ ကျွန်တော်တို့ အညာမှာတော့ ဘယာကြော်လို့ပဲ ခေါ်ပါတယ်။ ဒါကတော့ ဗမာစစ်စစ် ကြော်ထားတာပါ။

ကျွန်တော့်မိတ်ဆွေများအုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ....။

5 comments:

  1. ကုလားဘယာကြော် ဆိုတာက ကုလားကြော်လို့ ကုလား ဘယာကြော်လို့ ခေါ်တာ ဟုတ်ဘူးဗျ.. ကုလားပဲနဲ့ လုပ်လို့ ကုလားဘယာကြော်လို့ ခေါ်တာပါ.. မအားတဲ့ ကြားက ရောက်လာသပ..

    ReplyDelete
  2. ကဲ..ဘယော်ကြော်ရယ်၊ ရေနွေးကြမ်းရယ် စားသောက်သွားတယ်ဗျာ။

    ReplyDelete
  3. ဘယာကြော်တကိုက် ဘီယာ တစ်မြိုက် အဲ.... ရေနွေးကြမ်းတစ်မြိုက် နဲ့  ဇိမ်ယူသွားတယ်....ဗျားးးး။

    ReplyDelete
  4. မအားတဲ့ ကြားက ရောက်လာတဲ့ ကိုရာဇာ...
    အကြော်စားပြီး ရေနွေးသောက်သွားတဲ့ ကိုခနွဲ...
    ဘယာကြော်နဲ့ရေနွေးကြမ်းကို ဘီယာအမှတ်နဲ့ မြိုက်ပြီးဇိမ်ယူသွားတဲ့ အလင်းစက်များ... အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။

    ကျန်းမာပျော်ရွှင်ကြပါစေ။
    ရွှေညာသားလေး

    ReplyDelete
  5. စားချင်ပါတယ် ဆိုနေမှ ဒီအကိုတွေနဲ့တော့ ခက်ပါတယ်။:):)

    ReplyDelete